Wednesday, February 25, 2009

အကျဉ်းသားတယောက်ရဲ့ ရင်ဖွင့်ချက်


စပ်စပ်စုစုနိုင်တဲ့ ကျွန်တော်မောင်နိုင်တယောက် အပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား ၆၀၀၀ကျော်လွတ်ပေးတဲ့
အာဏာရှင်ရဲ့ သဘောထားအပေါ် ဘယ်လိုမြင်ပါသလဲလို့ ရဲဘက်စခန်းတခုက အကျဉ်းသားတယောက်ကို
မေးမြန်းစုံစမ်းခဲ့မိပါတယ်..။

မောင်နိုင် ။ ။ ခင်ဗျားကဘာအပြစ်တွေ ကျုးလွန်ခဲ့ပြီး ၊ ထောင်ဒဏ်ဘယ်လောက်အကျခံနေရတာလဲဗျာ့..
အကျဉ်းသား ။ ။ မှုးယစ်ဆေးဝါးပုဒ်မနဲ့ ထောင်ဒဏ် ၁၅နှစ်ကျခံနေရတာပါ ။

မောင်နိုင် ။ ။ ခုနေသားဘယ်လောက်ရပြီလည်းဗျာ့ ။
အကျဉ်းသား ။ ။ ဖမ်းခံရတဲ့ အချိန်ကစပြီး အမိန့်ချပြီး ဒီရောက်တဲ့ အထိဆို ၂နှစ်နီးပါးရှိပါပြီ ။

မောင်နိုင် ။ ။ ဒါဆို ခင်ဗျား နိုင်ငံတော် ( လွတ်ငြိမ်းချမ်းသာခွင့်အား ထောင်တွင်း အခေါ်တမျိုး )
နှစ်ခါမှီတယ်ပေါ့ ။
အကျဉ်းသား ။ ။ ဟုတ်ပါတယ် ၊ ပထမအကြိမ် ၉၀၀၀ကျော်ရယ် ၊ ခု ၆၀၀၀ကျော်ဆို ၂ကြိမ်ပါ ။ ဒါပေမယ့်
ခံစားခွင့်တော့ မရခဲ့ပါဘူး ။


မောင်နိုင် ။ ။ ဘာကြေင့်လည်းဗျာ့ ။
အကျဉ်းသား ။ ။ လွတ်ဖို့ အဝေးကြီးလိုသေးလို့ပါ ။

မောင်နိုင် ။ ။ ခင်ဗျားဆိုလိုတာက အရင်ကလွတ်ပေးတာရယ် ၊ ခုလွတ်ပေးတာတွေက လွတ်ခါနီး လူတွေကို
လွတ်ပေးတာလို့ဆိုလိုတာလားဗျာ့ ။

အကျဉ်းသား ။ ။ ဟုတ်ပါတယ် ။

မောင်နိုင် ။ ။ ပထမအကြိမ်တုန်းက လွတ်ပေးတဲ့အထဲမှာ စစ်တပ်က အပြစ်ကျနေတဲ့လူတွေကို ဦးစားပေး
လွတ်ပေးတာလို့ အပြင်မှာ သတင်းတွေပြန့်နေတာ ဟုတ်လားဗျာ့ ။

အကျဉ်းသား ။ ။ ဟုတ်တာပေါ့ ၊ ဗိုလိခင်ညွန့်လက်ထက်က စစ်ထောက်လှမ်းရေးတွေနဲ့ စစ်ပြေးတွေကို
အကုန်လုံုးနီးပါး လွတ်ပေးခဲ့တာပါ ၊ ထူးခြားတာက မှုးယစ်တွေကိုတော့ လုံးဝမပါဘူးဗျာ့ ။

မောင်နိုင် ။ ။ ခုလို နိုင်ငံတော် လုပ်ပေးနေတာကို ဘယ်လို သဘောထားလဲဗျာ့..။
အကျဉ်းသား ။ ။ ကောင်းတာပေါ့ဗျာ့ ( ရီလျှက် ) ဒါပေမယ့် ဒီကောင်တွေ ( န ၊ အ ၊ ဖ ) ကလူလည်တွေပါဗျာ
လွတ်နီးတွေ လွတ်ပေးပြီး နိုင်ငံတကာကို မျက်နှာလုပ်နေတာပါ ၊ အမှန်တော့ နိုင်ငံတကာက
နိုင်ငံရေး အကျဉ်းသားတွေကို ဦးစားပေးလွတ်ခိုင်းတာဗျာ့ ၊ ခုတော့ တယောက်စ ၊
နှစ်ယောက်စ
လွတ်ပေးပြီး နံမယ်ကောင်းယူတာပေါ့ ။ ဒီကောင်တွေက ကျွန်တော်တို့လိုမျိုး ရာဇ၀တ်သားတွေနဲ့
မကင်းရာမကင်းကြောင်းတွေပါဗျာ…။


မောင်နိုင် ။ ။ သူခိုး ၊ ဂျပိုး အစိုးရမို့ သခိုးဂျပိုး တွေကိုပဲ ဦးစားပေးလွတ်ပေးတာလို့ဆိုချင်တာလားဗျာ့ ။
အကျဉ်းသား ။ ။ အမှန်ပေါ့ဗျာ ၊ အမှန်ပေါ့ ။

မောင်နိုင် ။ ။ ခုလို ခင်ဗျားပြောတာက မလွတ်လို့ပြောနေတာလား..။
အကျဉ်းသား ။ ။ မဟုတ်ပါဘူး လုံးဝ မဟုတ်ပါဘူးဗျာ ..ကျွန်တော်တို့က လွတ်လဲ ပြဿနာမရှိသလို မလွတ်လဲ
ကိစ္စမရှိပါဘူး ။ ခုလိုအပြစ်မျိုးတွေ ကျုးလွန်ခဲ့တာပဲ ဒီလောက်တော့ ခံရမှာပေါ့နော့ ။

မောင်နိုင် ။ ။ခင်ဗျား အနေနဲ့ အကျဉ်းထောင်ထဲနေခဲ့ရစဉ်ကာလက လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရသေးလား။
အကျဉ်းသား ။ ။ အမှန်တိုင်းပြောရရင် လူ့အခွင့်အရေးဆိုတာ ဘာမှန်းတောင်မသိပါဘူးဗျာ..ခင်ဗျား စဉ်းစား
ကြည့်လေ လူတွေကို ဘာတွေရပိုင်ခွင့် ရှိတယ်ဆိုတာ အုပ်ချုပ်တဲ့ အစိုးရဆိုတာမျိုးက
ပွင့်ပွင့် လင်းလင်းပြောပြရမယ်လေ ခုတော့ ဘာကိုမှာမပြောတော့ ဘယ်လိုလူတွေက သိမှာလဲ


အစိုးရလို့ အမည်တပ်လိုက်တာနဲ့ အစိုးရရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ ဒီအချက်က
အရေးကြီးဆုံးမဟုတ်လားဗျာ့..။


ဒါကတော့ ကျွန်တော်စပ်စုထားတဲ့ အင်တာဗျု့း ပုံစံလေးပေါ့ဗျာ..သူရဲ့ လုံခြုံရေးအတွက် ပုံတွေတော့ မတင်ဖြစ်တာကို နားလည်ပေးကြပေါ့..။

No comments:

Post a Comment