လူဟာ
လိုတာကိုသိတော့ လိုတာကို
မလိုတာကို မသိတော့ မလိုတာကို
အမှုန်အမွားကနေ ဦးနှောက်နဲ့ မဆန့်တဲ့အထိ
ကျောက်တုံးကနေ ဒုံးခွင်းဒုံးအထိ
ခြေလောကကနေ လကမ္ဘာအထိ
အ၀တ်မဖုံးရာမှ အ၀တ်မုန်းဖက်ရှင်အထိ
သမ္မာကျမ်းကနေ ကမ္ဘာကြီးပြားတဲ့အထိ
အရိုင်းဘုံကနေ ပင်လယ်ကွေ့စစ်အထိ
ကိုယ့်လက်နဲ့ ကိုယ့်လည်ပင်း
အကြိမ်ကြိမ် ပက်ပင်းတိုးတဲ့အထိဖန်တီး
ကမ္ဘာကြီးမှာ
မြန်ချင်တာတွေမြန်ပြီး
နှေးချင်တာတွေလွတ်နှေး
အသေလို မရွှေ့တာမရွှေ့
မျောက်ခေတ် ကျောက်ခေတ်လို
အားကြီးသူကအားကြီးတုန်း
အနိုင်ကျင့်သူက အနိုင်ကျင့်တုန်း
မစင်မကြယ်ကို နတ်သုဒ္ဒါလို
ထင်နေသူက ထင်နေတတုန်း
သိပ္ပံတောင် တုံးတော့မယ်
လူက လူဖြစ်တယ်ဆိုရုံလေး
ကမ္ဘာကြီးကို မဖတ်တက်သေး
ကမ္ဘာကြီးကို အဌားကားတစီးလို
ကမ္ဘာကြီးကို အပန်းဖြေစခန်းတခုလို
ကမ္ဘာကြီးကို နောကိဖေးမြောင်းတခုလို
တကယ်တော့ လူသားဟာ
ဆေတန်ရဲ့ နောက်လိုက်မဟုတ်ဘူး ။ ။
ဇော်ယုအောင်
Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts
Wednesday, February 25, 2009
Thursday, February 19, 2009
အမေ သို့ လွမ်းချင်း

ဒုက္ခအလုံပိတ် အခန်းထဲက အမေ
သုခဘုံကို လမ်းညွန်ပြတဲ့ အမေ
အမေနဲ့သား ၊ သားနဲ့အမေ
အချင်းမများ ၊ အငြင်းမပွား
တစ်မြေဆီခြား ပြီအမေ ။
တစ်ခါတစ်ရံ ပြတင်းဝက
သားလာမယ့် အပြန်လမ်း
လှမ်းလှမ်းမျှော်မှန်း
အရိပ်ရ အပင်လည်းစိုက်လို့
ခလုတ်ကန်သင်းလည်း ရှင်းလင်းထားတဲ့အမေ ။
မတွေ့ဖြစ်တဲ့ နှစ်အပိုင်းခြား
အမေ့ဆံပင်တွေ ပိုဖြူသွားလား..
အမေ့ရဲ့ သွားတွေ ကောင်းသေးလား..
သားလေ..တွေး..တွေးမိတယ် အမေ ..။
တောဆန်တဲ့ မြို့ကလေးကိုစွန့်ခွာ
နှစ်တွေကြာခဲ့ပေမယ့်
အမေရဲ့ အိမ်လေး
မပြောင်းလဲသေးတာ
သားလေ..ကြားတော့
အမေ့ကို…….
ပိုလို့ လွမ်းလာမိတယ် အမေ…။
သုခဘုံကို လမ်းညွန်ပြတဲ့ အမေ
အမေနဲ့သား ၊ သားနဲ့အမေ
အချင်းမများ ၊ အငြင်းမပွား
တစ်မြေဆီခြား ပြီအမေ ။
တစ်ခါတစ်ရံ ပြတင်းဝက
သားလာမယ့် အပြန်လမ်း
လှမ်းလှမ်းမျှော်မှန်း
အရိပ်ရ အပင်လည်းစိုက်လို့
ခလုတ်ကန်သင်းလည်း ရှင်းလင်းထားတဲ့အမေ ။
မတွေ့ဖြစ်တဲ့ နှစ်အပိုင်းခြား
အမေ့ဆံပင်တွေ ပိုဖြူသွားလား..
အမေ့ရဲ့ သွားတွေ ကောင်းသေးလား..
သားလေ..တွေး..တွေးမိတယ် အမေ ..။
တောဆန်တဲ့ မြို့ကလေးကိုစွန့်ခွာ
နှစ်တွေကြာခဲ့ပေမယ့်
အမေရဲ့ အိမ်လေး
မပြောင်းလဲသေးတာ
သားလေ..ကြားတော့
အမေ့ကို…….
ပိုလို့ လွမ်းလာမိတယ် အမေ…။
Subscribe to:
Posts (Atom)