Wednesday, February 18, 2009

နိုင်ငံတော် နဲ့ အစိုးရ၏ အဓိပ္ပာယ်

လူ့အဖွဲ့စည်းတခုရဲ့ နေ့စဉ်ဘ၀လက္ခဏာရပ်တိုင်းဟာ နိုင်ငံတော်ရဲ့ လွှမ်းခြုံမှုအောက်မှာ
ရှိနေတာအထင်အရှားပါပဲ ၊ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတော်ဆိုတာ လူရေးလူရာ
သဗ္ဓရနံပေါင်းတွေကို လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်တွေ အလိုဆန္ဒတွေ
တစတစကြီးထွားလာတဲ့ အကျင့်စရိုက်တွေဆီကနေ ထွက်ပေါ်လာတဲ့ ခိုင်မာတဲ့ဆက်ဆံ
ရေး ပေါင်းစည်းမှုတခုဖြစ်လို့ပါ ၊ ဒါကြောင့်နိုင်ငံတော်ဟာ လူမှုဆက်ဆံရေးတွေရဲ့ အဓိက
စည်းရုံးရေးမူးနေရာကနေ ပါဝင်ဆောင်ရွက်နေတယ်လို့ဆိုရမှာပါ ။ ပထမဆုံး နိုင်ငံတော်ဟာ
အစိုးရကို ဖွဲ့စည်းတည်ထောင်တယ် ပြီးတော့ အစိုးရကနေတဆင့် နိုင်င့တော်ရဲ့ လုပ်ငန်း
ဆောင်တာတွေကို လုပ်ဆောင်ပါတယ် ။ နိုင်ငံတော်ဟာ တခြားလူမှုဆက်ဆံမှုတွေ အားလုံးရဲ့
ဖွဲ့စည်းမှုကို ကန့်သတ်တယ် ၊ တစ်ခါတစ်ရံ တက်တက်ကြွကြွ ပုံဖော်ပေးတယ် ၊ နိုင်ငံရေး
သိပ္ပံပညာရှင်တွေက နိုင်ငံတော်နဲ့ပတ်သက်ပြီး ရှင်းပြရာမှာ ရှင်းလင်းအောင် အစိုးရနဲ့ နှိုင်းယှဉ်
ပြလေ့ရှိကြပါတယ် ။

ပြီးတော့ လူဝီ( ၁၆ ) လို I am the state လို့ သမိုင်းမှာဟစ်ကြွေးခဲ့ဖူးသူလည်း ရှိလို့ အုပ်စိုးသူ
နဲ့ နိုင်ငံတော်ဟာ တစ်ခုတည်းလို့ ထင်မှတ်မှားမှုတွေလည်း ရှိကြပါတယ် ၊ နောက်သမိုင်းမှာ
ကာလရှည်ကြာ အုပ်စိုးခဲ့သူတွေက မိမိကိုယ်ကိုမိမိ State နဲ့ တစ်သားတည်းလို့ထင်မှတ်မှားမှု
တွေလည်းရှိခဲ့ကြပါတယ် ။ ဒါကြောင့် ပညာရှင်တွေက State နဲ့ Government ကိုရှင်းလင်း
ကွဲပြားအောင် နှိုင်းယှဉ်ပြောနေကြတာပါ ။ တကယ်တော့ စနစ်တကျစုစည်းပုံဖော်ထားတဲ့
လူ့အဖွဲ့အစည်းဆိုတာ နိုင်ငံတော်က တည်ရှိဖို့ ခွင့်လဲခွင့်ပြုပုံဖော်ပေးတဲ့ လူ့အဖွဲ့အစည်းမျိုးပဲ
ဖြစ်ပါတယ် ။ အဲဒီမှာ အစိုးရနဲ့ မိသားစု ၊ ဘာသာရေးအဖွဲ့အစည်း ဒါမှာမဟုတ် တခြားဆက်ဆံ
ရေးအုပ်စုဖွဲ့မူတွေကြား ပဋိပက္ခတွေရှိနိုင်ပါတယ် ၊ ပြီးတော့အဲဒီပဋိပက္ခတွေဟာ အစိုးရက
အရေးသာ သို့မဟုတ် ပြုတ်ကျသွားတာမျိုးနဲ့ အဆုံးသတ်သွားလေ့ ရှိကြပါတယ် ။ ဒါပေမယ့်
အစိုးရဆိုတာ နိုင်ငံတော်မဟုတ်ပါဘူး အစိုးရဆိုတာ နိုင်ငံတော်ရဲ့ ယာယီမျှသာဖြစ်တဲ့ အခိုင်း
အစေတွေပါ အစိုးရတစ်ရပ်ပြုတ်ကျသွားတာနဲ့ နိုင်ငံတော်တစ်ရပ်ပြိုကွဲသွားတာဟာ လုံးဝ
ကွဲပြားခြားနားပါတယ် ၊ အစိုးရတစ်ဖွဲ့ပြုတ်ကျသွားပေမယ့် တစုံတရာသော နိုင်ငံရေး အဖွဲ့
အစည်းကတော့ ဆက်လက်တည်ရှိနေပြီး နောက်အစိုးရအသစ်က အစားထိုးဝင်ရောက်လာ
မှာဖြစ်ပါတယ် ။ ဒါပေမယ့် နိုင်ငံတော်ကြီး ပြိုလဲသွားရင်တော့ နိုင်ငံတော်ကို ကိုယ်စားပြုထားတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေဟာလည်း ပြိုလဲ ပျက်စီးသွားနိုင်ပါတယ်ပေါ့ ။

No comments:

Post a Comment