Thursday, February 19, 2009

အမေ သို့ လွမ်းချင်း


ဒုက္ခအလုံပိတ် အခန်းထဲက အမေ
သုခဘုံကို လမ်းညွန်ပြတဲ့ အမေ
အမေနဲ့သား ၊ သားနဲ့အမေ
အချင်းမများ ၊ အငြင်းမပွား
တစ်မြေဆီခြား ပြီအမေ ။

တစ်ခါတစ်ရံ ပြတင်းဝက
သားလာမယ့် အပြန်လမ်း
လှမ်းလှမ်းမျှော်မှန်း
အရိပ်ရ အပင်လည်းစိုက်လို့
ခလုတ်ကန်သင်းလည်း ရှင်းလင်းထားတဲ့အမေ ။

မတွေ့ဖြစ်တဲ့ နှစ်အပိုင်းခြား
အမေ့ဆံပင်တွေ ပိုဖြူသွားလား..
အမေ့ရဲ့ သွားတွေ ကောင်းသေးလား..
သားလေ..တွေး..တွေးမိတယ် အမေ ..။

တောဆန်တဲ့ မြို့ကလေးကိုစွန့်ခွာ
နှစ်တွေကြာခဲ့ပေမယ့်
အမေရဲ့ အိမ်လေး
မပြောင်းလဲသေးတာ
သားလေ..ကြားတော့
အမေ့ကို…….
ပိုလို့ လွမ်းလာမိတယ် အမေ…။

No comments:

Post a Comment