Wednesday, February 25, 2009

အကျဉ်းသားတယောက်ရဲ့ ရင်ဖွင့်ချက်


စပ်စပ်စုစုနိုင်တဲ့ ကျွန်တော်မောင်နိုင်တယောက် အပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား ၆၀၀၀ကျော်လွတ်ပေးတဲ့
အာဏာရှင်ရဲ့ သဘောထားအပေါ် ဘယ်လိုမြင်ပါသလဲလို့ ရဲဘက်စခန်းတခုက အကျဉ်းသားတယောက်ကို
မေးမြန်းစုံစမ်းခဲ့မိပါတယ်..။

မောင်နိုင် ။ ။ ခင်ဗျားကဘာအပြစ်တွေ ကျုးလွန်ခဲ့ပြီး ၊ ထောင်ဒဏ်ဘယ်လောက်အကျခံနေရတာလဲဗျာ့..
အကျဉ်းသား ။ ။ မှုးယစ်ဆေးဝါးပုဒ်မနဲ့ ထောင်ဒဏ် ၁၅နှစ်ကျခံနေရတာပါ ။

မောင်နိုင် ။ ။ ခုနေသားဘယ်လောက်ရပြီလည်းဗျာ့ ။
အကျဉ်းသား ။ ။ ဖမ်းခံရတဲ့ အချိန်ကစပြီး အမိန့်ချပြီး ဒီရောက်တဲ့ အထိဆို ၂နှစ်နီးပါးရှိပါပြီ ။

မောင်နိုင် ။ ။ ဒါဆို ခင်ဗျား နိုင်ငံတော် ( လွတ်ငြိမ်းချမ်းသာခွင့်အား ထောင်တွင်း အခေါ်တမျိုး )
နှစ်ခါမှီတယ်ပေါ့ ။
အကျဉ်းသား ။ ။ ဟုတ်ပါတယ် ၊ ပထမအကြိမ် ၉၀၀၀ကျော်ရယ် ၊ ခု ၆၀၀၀ကျော်ဆို ၂ကြိမ်ပါ ။ ဒါပေမယ့်
ခံစားခွင့်တော့ မရခဲ့ပါဘူး ။


မောင်နိုင် ။ ။ ဘာကြေင့်လည်းဗျာ့ ။
အကျဉ်းသား ။ ။ လွတ်ဖို့ အဝေးကြီးလိုသေးလို့ပါ ။

မောင်နိုင် ။ ။ ခင်ဗျားဆိုလိုတာက အရင်ကလွတ်ပေးတာရယ် ၊ ခုလွတ်ပေးတာတွေက လွတ်ခါနီး လူတွေကို
လွတ်ပေးတာလို့ဆိုလိုတာလားဗျာ့ ။

အကျဉ်းသား ။ ။ ဟုတ်ပါတယ် ။

မောင်နိုင် ။ ။ ပထမအကြိမ်တုန်းက လွတ်ပေးတဲ့အထဲမှာ စစ်တပ်က အပြစ်ကျနေတဲ့လူတွေကို ဦးစားပေး
လွတ်ပေးတာလို့ အပြင်မှာ သတင်းတွေပြန့်နေတာ ဟုတ်လားဗျာ့ ။

အကျဉ်းသား ။ ။ ဟုတ်တာပေါ့ ၊ ဗိုလိခင်ညွန့်လက်ထက်က စစ်ထောက်လှမ်းရေးတွေနဲ့ စစ်ပြေးတွေကို
အကုန်လုံုးနီးပါး လွတ်ပေးခဲ့တာပါ ၊ ထူးခြားတာက မှုးယစ်တွေကိုတော့ လုံးဝမပါဘူးဗျာ့ ။

မောင်နိုင် ။ ။ ခုလို နိုင်ငံတော် လုပ်ပေးနေတာကို ဘယ်လို သဘောထားလဲဗျာ့..။
အကျဉ်းသား ။ ။ ကောင်းတာပေါ့ဗျာ့ ( ရီလျှက် ) ဒါပေမယ့် ဒီကောင်တွေ ( န ၊ အ ၊ ဖ ) ကလူလည်တွေပါဗျာ
လွတ်နီးတွေ လွတ်ပေးပြီး နိုင်ငံတကာကို မျက်နှာလုပ်နေတာပါ ၊ အမှန်တော့ နိုင်ငံတကာက
နိုင်ငံရေး အကျဉ်းသားတွေကို ဦးစားပေးလွတ်ခိုင်းတာဗျာ့ ၊ ခုတော့ တယောက်စ ၊
နှစ်ယောက်စ
လွတ်ပေးပြီး နံမယ်ကောင်းယူတာပေါ့ ။ ဒီကောင်တွေက ကျွန်တော်တို့လိုမျိုး ရာဇ၀တ်သားတွေနဲ့
မကင်းရာမကင်းကြောင်းတွေပါဗျာ…။


မောင်နိုင် ။ ။ သူခိုး ၊ ဂျပိုး အစိုးရမို့ သခိုးဂျပိုး တွေကိုပဲ ဦးစားပေးလွတ်ပေးတာလို့ဆိုချင်တာလားဗျာ့ ။
အကျဉ်းသား ။ ။ အမှန်ပေါ့ဗျာ ၊ အမှန်ပေါ့ ။

မောင်နိုင် ။ ။ ခုလို ခင်ဗျားပြောတာက မလွတ်လို့ပြောနေတာလား..။
အကျဉ်းသား ။ ။ မဟုတ်ပါဘူး လုံးဝ မဟုတ်ပါဘူးဗျာ ..ကျွန်တော်တို့က လွတ်လဲ ပြဿနာမရှိသလို မလွတ်လဲ
ကိစ္စမရှိပါဘူး ။ ခုလိုအပြစ်မျိုးတွေ ကျုးလွန်ခဲ့တာပဲ ဒီလောက်တော့ ခံရမှာပေါ့နော့ ။

မောင်နိုင် ။ ။ခင်ဗျား အနေနဲ့ အကျဉ်းထောင်ထဲနေခဲ့ရစဉ်ကာလက လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရသေးလား။
အကျဉ်းသား ။ ။ အမှန်တိုင်းပြောရရင် လူ့အခွင့်အရေးဆိုတာ ဘာမှန်းတောင်မသိပါဘူးဗျာ..ခင်ဗျား စဉ်းစား
ကြည့်လေ လူတွေကို ဘာတွေရပိုင်ခွင့် ရှိတယ်ဆိုတာ အုပ်ချုပ်တဲ့ အစိုးရဆိုတာမျိုးက
ပွင့်ပွင့် လင်းလင်းပြောပြရမယ်လေ ခုတော့ ဘာကိုမှာမပြောတော့ ဘယ်လိုလူတွေက သိမှာလဲ


အစိုးရလို့ အမည်တပ်လိုက်တာနဲ့ အစိုးရရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ ဒီအချက်က
အရေးကြီးဆုံးမဟုတ်လားဗျာ့..။


ဒါကတော့ ကျွန်တော်စပ်စုထားတဲ့ အင်တာဗျု့း ပုံစံလေးပေါ့ဗျာ..သူရဲ့ လုံခြုံရေးအတွက် ပုံတွေတော့ မတင်ဖြစ်တာကို နားလည်ပေးကြပေါ့..။

ဖန်တီးရှင်

လူဟာ
လိုတာကိုသိတော့ လိုတာကို
မလိုတာကို မသိတော့ မလိုတာကို
အမှုန်အမွားကနေ ဦးနှောက်နဲ့ မဆန့်တဲ့အထိ
ကျောက်တုံးကနေ ဒုံးခွင်းဒုံးအထိ
ခြေလောကကနေ လကမ္ဘာအထိ
အ၀တ်မဖုံးရာမှ အ၀တ်မုန်းဖက်ရှင်အထိ
သမ္မာကျမ်းကနေ ကမ္ဘာကြီးပြားတဲ့အထိ
အရိုင်းဘုံကနေ ပင်လယ်ကွေ့စစ်အထိ
ကိုယ့်လက်နဲ့ ကိုယ့်လည်ပင်း
အကြိမ်ကြိမ် ပက်ပင်းတိုးတဲ့အထိဖန်တီး
ကမ္ဘာကြီးမှာ
မြန်ချင်တာတွေမြန်ပြီး
နှေးချင်တာတွေလွတ်နှေး
အသေလို မရွှေ့တာမရွှေ့
မျောက်ခေတ် ကျောက်ခေတ်လို
အားကြီးသူကအားကြီးတုန်း
အနိုင်ကျင့်သူက အနိုင်ကျင့်တုန်း
မစင်မကြယ်ကို နတ်သုဒ္ဒါလို
ထင်နေသူက ထင်နေတတုန်း
သိပ္ပံတောင် တုံးတော့မယ်
လူက လူဖြစ်တယ်ဆိုရုံလေး
ကမ္ဘာကြီးကို မဖတ်တက်သေး
ကမ္ဘာကြီးကို အဌားကားတစီးလို
ကမ္ဘာကြီးကို အပန်းဖြေစခန်းတခုလို
ကမ္ဘာကြီးကို နောကိဖေးမြောင်းတခုလို
တကယ်တော့ လူသားဟာ
ဆေတန်ရဲ့ နောက်လိုက်မဟုတ်ဘူး ။ ။

ဇော်ယုအောင်

ဧရာဝတီ သတင်းဌာနအား တရားစွဲမည်


ကနေဒါ အခြေစိုက် မြန်မာ့ နိုင်ငံရေး ပါတီတခု၏ ခေါင်းဆောင် ဖြစ်သူက ဧရာဝတီမဂ္ဂဇင်းနှင့် အယ်ဒီတာ ဦးအောင်ဇော်ကို တရားစွဲတော့မည်ဟု VOA အသံလွှင့်ဌာနသို့ ယနေ့ ပြောကြား လိုက်သည်။
ဦးကျော်မြင့်
ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP)၏ ခေါင်းဆောင် ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ဟွာဟူက ယနေ့နံနက်ပိုင်းက ထုတ်လွှင့်သည့် VOA အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။“ကျနော် ဘိန်းသမားပေါ့ သူက ရေးတယ်၊ နံပတ်တစ်။ နံပတ်နှစ်က ကျနော် မန်းနီးလောင်ဒရင်း (ငွေကြေးခ၀ါချမှု)တဲ့။ … သူ စွပ်စွဲတယ်။ … အဲဒီ နှစ်ခုကို ယူပြီးတော့ ကျနော်က ယိုးဒယား တရားရုံးမှာ ကျနော် တရားစွဲမယ်” ဟု ဦးကျော်မြင့်က ဆိုသည်။“အခု ယိုးဒယား ရှေ့နေတွေ အခု စာရွက်တွေ ပြင်နေပါတယ်။ ကျနော် ထင်တယ် ဒီလ ကုန်ခါနီး ဆိုရင် တရားရုံး အထိ ရောက်ပြီလို့ ကျနော် ထင်ပါတယ်။ အခုတော့ စာရွက် စာတမ်းတွေ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောလိုက်သည်။ဦးကျော်မြင့်သည် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခု ဖြစ်သည့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေး ဌာနတွင် တာဝန်ယူခဲ့ဖူးသည်ဟု သိရသည်။ ဦးကျော်မြင့်ကမူ “တာဝန်ဆိုတာ တကယ် သူတို့ထဲမှာ ဝင်တာ မဟုတ်ဘူး။ သူတို့ကို ကူညီပေးတာပါ” ဟု ဆိုသည်။ UWSA သည် မူးယစ်ဆေး ထုတ်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သည်ဟု နာမည်ကြီးသော လက်နက်ကိုင် အဖွဲ့ကြီး ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ဒေသတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်သွားပြီ ဖြစ်ကြောင်း မကြာသေးမီ နှစ်များအတွင်းက နိုင်ငံတကာသို့ ကြေညာခဲ့သည်။ဦးကျော်မြင့်နှင့် ပတ်သက်ပြီး ဧရာဝတီတွင် ရေးသားထားချက်များမှာ Asiaweek မဂ္ဂဇင်း၊ Jane's Intelligence Review တို့တွင် ဖော်ပြထားချက်များကို ကိုးကားထားခြင်း ဖြစ်သည်။မြန်မာစစ်အစိုးရက ဦးကျော်မြင့်၏ မြန်မာ ကျုံယွမ် ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA ၏ ဘဏ္ဍာရေးဌာန ဒုတိယ ဌာနမှူးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေး ဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ဆက်လက်ပြီး ထိုစာစောင်က “UWSA ခေါင်းဆောင်များနှင့် စစ်အစိုးရ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ တွေ့ဆုံပြီးနောက်တွင် ၀န်ကြီးတဦးဖြစ်သူ ဗိုလ်မှူးချုပ် ဒေးဗစ်အေဘယ်သည် အခြား ရာထူးတာဝန်တခုသို့ ရွှေ့ပြောင်းခံခဲ့ရသည်” ဟု ဆိုသည်။ထိုအချိန်တွင် ဦးကျော်မြင့်သည် အမေရိကန် ပြည်ထောင်စု အစိုးရ၏ စောင့်ကြည့်ခြင်းကို ခံနေရသည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ၁၉၉၈ ခုနှစ်ထုတ် နိုင်ငံတကာ မဟာဗျူဟာ မူးယစ် ဆေးဝါး ထိန်းချုပ်မှု အစီရင်ခံစာတွင် စစ်အစိုးရက ဦးကျော်မြင့်၏ မြန်မာ ကျုံယွမ် ကုမ္ပဏီကို ဖျက်သိမ်းခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း စစ်အစိုးရက အဆိုပါ အရေးယူမှုကို မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး အစီအစဉ်အရ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခြင်း မရှိခဲ့ပါ။ “ယခင် UWSA တပ်ဖွဲ့၏ အကြီးတန်းအရာရှိဖြစ်ခဲ့သူ ကုမ္ပဏီ၏ ဥက္ကဋ္ဌသည် နောက်ပိုင်းတွင် ထောင်ဒဏ် ၉ နှစ် ချမှတ်ခြင်း ခံရကြောင်း သိရှိရသည်”ဟု အစီရင်ခံစာက ဆိုသည်။VOA အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင်လည်း ဦးကျော်မြင့်က ၎င်းသည် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရသည်ဟု ပြောကြားခဲ့သည်။မြန်မာပြည် နိုင်ငံရေးနှင့် ပတ်သက်သည့် အကြံပြုစာ တစောင်ကို စစ်အစိုးရသို့ ပေးပို့ခဲ့သဖြင့် ထောင်ကျခဲ့ခြင်း ဖြစ်သည်ဟု ဦးကျော်မြင့်က ဆိုသည်။ဦးကျော်မြင့်က ၎င်းသည် အကျဉ်းကျခံရစဉ် မန္တလေး ဆေးရုံမှ ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် ထိုင်းနိုင်ငံမှတဆင့် မြောက်အမေရိကသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။Asiaweek မဂ္ဂဇင်းက မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့ကြောင်း ဧရာဝတီက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကောက်နုတ်ဖော်ပြခဲ့သည်။ဦးကျော်မြင့်ကမူ မြန်မာကျုံယွမ်ကို ကျောက်စိမ်းလုပ်ငန်း၊ သစ်လုပ်ငန်း၊ သတ္ထု တူးဖော်ရေး လုပ်ငန်းတို့မှ ရသည့် ငွေများဖြင့် တည်ထောင်ခဲ့သည်ဟု VOA ဆက်သွယ်မေးမြန်းခန်းတွင် ယနေ့ ပြောကြားလိုက်သည်။၎င်းအနေဖြင့် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်မှု လုံးဝ မရှိကြောင်းကိုလည်း အကြိမ်ကြိမ် ငြင်းဆိုသွားသည်။မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။ ၎င်းသည် ပါတီ၏ “နိုင်ငံခြားတာဝန်ခံ”ဖြစ်ကြောင်း၊ မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့သည် ပါတီခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။၎င်း၏ အဆိုအရ UDP အား လာမည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရန် စစ်အစိုးရက ဝါရှင်တန်မြို့ မြန်မာသံရုံးမှ တဆင့် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။“၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ဖို့ သဘောတူတဲ့ တရားဝင်စာ ကျနော်တို့ဆီ ရောက်လာပါတယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

ကိုးကား ။ဧရာဝတီမှာ ကူးယူဖော်ပြပါသည် ။

ဖတ်မိသမျှ သတင်းများ

နိုင်ငံရေးပါတီ ခေါင်းဆောင် တဦးသည် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ် နေကြောင်း ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာနသို့ ပြောလိုက်သည်။

ဦးကျော်မြင့်
အဆိုပါ ခေါင်းဆောင်မှာ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) ဒုဥက္ကဋ္ဌ ဦးကျော်မြင့် ဖြစ်ကြောင်း၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် ဦးကျော်မြင့် တာဝန်ယူခဲ့စဉ်က ထိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်က ဆိုသည်။

ထိုအချိန်က မြန်မာကျုံယွမ် ကုမ္ပဏီကို တည်ထောင်ပြီး၊ UWSA အဖွဲ့က စီးပွားရေးဘဏ် ၄ ခုကို ကျောထောက် နောက်ခံ ပြုပေးခဲ့သည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

Asiaweek မဂ္ဂဇင်းကလည်း မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့သည်။

မြန်မာစစ်အစိုးရက အဆိုပါ ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA၏ ဘဏ္ဍာရေးဌာန ဒုဝန်ကြီးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေးဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ ဦးကျော်မြင့်သည် ယခုအခါ ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရှိစဉ်က ဦးကျော်မြင့်သည် ဥပဒေ စည်းမျဉ်းများ ချိုးဖောက်မှု နှင့် ငွေကြေး မသမာမှုများကြောင့် ထောင်ဒဏ် ၁ဝ နှစ်ခန့် ချမှတ်ခံခဲ့ရသည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

“တကယ်တော့ ဦးကျော်မြင့်က ထောင်ပြေးပါ၊ - - - ရဲဘက်စခန်းကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ဦးအောင်လင်းထွဋ်က ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် ကနေဒါနိုင်ငံတွင် မကြာသေးမီကမှ အာရုံစိုက်ခြင်း ခံခဲ့ရသူဖြစ်သည်။ ပြီးခဲ့သည့်လကုန်ပိုင်းတွင် Future Canada China Environment Inc. ကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုး ဒေါ်လာ ၁ ဘီလျံမက တက်သွားသည့်အတွက် အမေရိကန် ပြည်ထောင်စုက အဆိုပါ ကုမ္ပဏီကို တားမြစ် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဦးကျော်မြင့်ကုမ္ပဏီနှင့် ပူးပေါင်းလိုက်ပြီး ရှယ်ယာတန်ဖိုးများ ခုန်တက်သွားခဲ့ခြင်း ဖြစ်ကြောင်း ကနေဒါနိုင်ငံထုတ် Vancouver Sun သတင်းစာက ဆိုသည်။

“Future Canada China Environment Inc. ၏ လုပ်ငန်းများကို ယာယီ ပိတ်သိမ်းလိုက်ကြောင်း၊ အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးများမှာ ဝ.၉၂ ဒေါ်လာ မှ ၂၈.၅ဝ ဒေါ်လာအထိ ခုန်တက်သွားသောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း” စသဖြင့် အမေရိကန် ပြည်ထောင်စု၏ ငွေကြေး လဲလှယ်မှု ကြီးကြပ်ရေး ကော်မရှင်၏ ဇန်နဝါရီလ ၂၈ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်မရှင်က အဆိုပါ ကုမ္ပဏီ၏ နောက်ခံ အချက်အလက်များ၊ ထုတ်ပြန်မည့် သတင်းများနှင့် ပတ်သက်ပြီး ဂရုပြုကြရန် စတော့ရှယ်ယာ ပွဲစားများ၊ ရှယ်ယာပိုင်ရှင်များ၊ ရှယ်ယာဝယ်ယူမည့်သူများကို သတိပေးထားသည်။

“အဆိုပါ ကုမ္ပဏီတွင် ပိုင်ဆိုင်မှု အနည်းငယ်သာ ရှိပြီး လုပ်ငန်း လည်ပတ်မှုလည်း မရှိပါ” ဟု ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် Vancouver Sun သတင်းစာက ဆိုသည်။

ဦးကျော်မြင့်သည် ကနေဒါ အခြေစိုက် ကုမ္ပဏီ NAH Development Group Inc., ကို ပိုင်ဆိုင်သူဖြစ်သည်။

ဧရာဝတီမဂ္ဂဇင်းက ရေးသားထားချက်များနှင့် ပတ်သက်ပြီး ဦးကျော်မြင့်က ၎င်းအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်း၊ ငွေမည်းခဝါချမှု လုပ်ငန်းများနှင့် ဆက်နွယ်မှု မရှိပါဟု ငြင်းဆိုထားသည်။

“ကျွန်ုပ် ဦးကျော်မြင့်သည် ဘဝတလျှောက်လုံး တရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်း၊ ငွေကြေး ခဝါချမှု လုပ်ငန်းများနှင့် မည်သည့်အခါကမျှ ပတ်သက် ဆက်နွယ်မှုမရှိခဲ့ပါ” ဟု ၎င်း၏ အင်တာနက် စာမျက်နှာရှိ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။

“မြောက်အမေရိကတိုက် နှင့် အာရှတိုက်ရှိ ကျွန်ုပ်၏ လုပ်ငန်းများ အားလုံးမှာ တရားဝင်လုပ်ငန်းများဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။

မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။

မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့ ကို ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များအဖြစ် တာဝန်ပေးလိုက်ကြောင်း ပြီးခဲ့သည့် လကုန်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ဦးကျော်မြင့်သည် ပြည်ပမှနေ၍ ငွေကြေး ထောက်ပံ့ပေးခဲ့ခြင်းဖြင့် ထင်ရှားသည့် နိုင်ငံရေးသမားများကို ပါတီတွင် တာဝန်ယူရန် စည်းရုံးနေကြောင်း ပြည်ပရောက် အတိုက်အခံများက ပြောဆိုနေကြသည်။

ပါတီ အဖွဲ့ဝင်စာရင်းတွင် ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း၏ အမည်ကို တွေ့ရသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒေါ်ချိုချိုကျော်ငြိမ်းကမူ UDP ပါတီနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ကျောင်းသားခေါင်းဆောင်ဟောင်း ဦးထွန်းအောင်ကျော်ကလည်း ပါတီတွင် ၎င်း ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

“သူ့ရဲ့ အကျိုးစီးပွားတွေ မြန်မာပြည်ထဲမှာ ရှိနေပါဦးမယ်၊ ဒါ့အပြင် သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်ခဲ့တဲ့သူတွေ၊ တချို့လည်း လူကြီးတွေ ဖြစ်နေကြပါပြီ။ သူ့ကို မြန်မာအစိုးရကများ လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးလေမလား ဆိုပြီး ပြန်ပြီးတော့ ချည်းကပ်တယ်လို့ ထင်ပါတယ်” ဟု ဦးအောင်လင်းထွဋ်က ဗီအိုအေ နှင့်ဆက်သွယ်မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် တရုတ်လူမျိုးဖြစ်သည်ဟု ဦးအောင်လင်းထွဋ်က ပြောသည်။ သို့သော်လည်း ဦးကျော်မြင့်က ၎င်းသည် မြန်မာပြည်မှ ကချင်တိုင်းရင်းသားဖြစ်သည်ဟု ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ကိုးကား ။ ။ ဧရာဝတီhttp://www.irrawaddy.org/bur/ မှာကူးယူဖော်ပြပါသည် ။

Sunday, February 22, 2009

အင်းစိန်အကျဉ်းထောင်ရှေ့မြင်ကွင်းများ

ဓာတ်ပုံများအား ခွပ်ဒေါင်းသွေးဘလောဂ့် http://freeforcountry.co.cc/ မှာ ကူးယူဖော်ပြထားပါသည် ။

Friday, February 20, 2009

ကမ္ဘာ့ခေတ်ပြိုင် စာရေးဆရာအညွန်း


အာရာဗင်းအဒီဂါကို ၁၉၇၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ မဒရက်မြို့တွင်
မွေးဖွားခဲ့သည် ။ မိဘများမှာ မာဒါဘာအဒီဂါ နှင့် အူရှားအဒီဂါတို့ဖြစ်သည် ။ သူတို့သည် ကာနာတာကာ ရှိ မန်ဂလိုမြို့မှာဖြစ်ကြသည် ။ အာရာမင်းဒီဂါသည် မန်ဂလိုမြု့မှပင် ကြီးပြင်းခဲ့ကြပြီး
ကာနာ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ကြသည် ၊ ထို့နောက် စိန့်အလွိုက်စီးယက်အထက်
တန်းကျောင်းသို့ ပြောင်းရွှေ့သင်ကြားခဲ့ကြသည် ။ ၁၉၉၀ ခုနှစ်တွင် အက်အက်စ်အယ်လ်စီ ခေါ် တန်း
မြင့် စာမေးပွဲကို အောင်မြင်ခဲ့သည် ။ ထိုစာမေးပွဲတွင် ပထမရခဲ့၏ ၊ သူတို့မိသားစုသည် သြစတြေးလျ
ဆစ်ဒနီသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည် ၊ သူသည် ဂျီန်းရုစ်စိုက်ပျိုးရေး အထက်တန်းကျောင်းတွင်
ပညာသင်ကြားခဲ့ပြန်သည် ၊ ထိုကျောင်းမှာ အောင်မြင်ပြန်သောအခါ နယူးယောက်ရှိ ကိုလံဘီယာ
တက္ကသိုလ် ၊ ကောလိပ်တို့တွင် အင်္ဂလိပ်စာကို အထူးပြုဘာသာအဖြင့် သင်ကြားခဲ့ပြန်သည် ။ သူသည်
ဆိုင်မွန်ရှားမားနှင့် အတူ ပညာသင်ကြားခြင်းဖြစ်၏ ။ ထိုနောက် အောက်စဖို့ဒ်တက္ကသိုလ် ၊ မက်ဒါလင်
ကောလိပ်တို့တွင် ပညာသင်ကြားခဲ့ပြန်သည် ၊ သူ၏နည်းပြဆရာများတွင် ဟာမီယွန်လေလည်း ပါဝင်
လေသည်။

အဒီဂါသည် သတင်းစာသင်တန်းသို့လည်း တက်ရောက်ခဲ့၏ ၊ ပထမဆုံးသူသည် စီးပွားရေးသတင်း
စာဆရာတစ်ယောက်ဖြစ်ရန် ကြိုးပမ်းခဲ့သည် ။ ဖိုင်နယ်ရှယ်တိုင်း ( Financial Times ) သတင်းစာကြီး
တွင် လုပ်ကိုင်ခဲ့၏ ။ သတင်းအတိုအထွာများကို ထိုသတင်းစာကြီးတွင်ရေး၏ ။ ထို့နောက် ဝေါစထရိ
ဂျာနယ်နှင့် မန်းနီးဂှာနယ်တို့တွင်လည်း ၀င်ရောက်လုပ်ကိုင်ခဲ့လေသည် ။ သူကစတော့ဈေးကွတ်နှင့်
ရင်းနှီးမြုတ်နှံမူ သတင်းများကို ရေးသားခဲ့သလို ဒေါ်နယ်ထရန့်လို ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံမေးမြန်း
ခန်းများပြုလုပ်ခဲ့လေသည် ။ ယခင်က ဘွတ်ကာစာပေဆုရရှိခဲ့ကြသော ပီတာကာရေး၏ အော်စကာနှင့်
လူဇင်တာ စာအုပ်ကို သုံးသတ်ချက်ရေးခဲ့ဘူးလေသည် ။ ထို့နောက် သူသည် အင်တာနက်ထဲတွင်
စာပေသုံးသတ်ချက် အခန်းတခန်းကို ရေးခဲ့၏ ၊ ထိုအခန်း၏ အမည်မှာ The Second Circle ဖြစ်၏ ။
သူ့ကို တိုင်းမဂ္ဂဇင်းက မကြာခဏ ဌားရမ်း၍အလုပ်လုပ်ခိုင်းသည် ၊ သူသည် အရှေ့တောင်အာရှ
သတင်းထောက်အဖြစ် ( ၃ ) နှစ်လောက်လုပ်ခဲ့ပြီးတော့ လွတ်လပ်သော သတင်းစာဆရာအဖြစ် လုပ်
ကိုင်ခဲ့လေသည် ။ ထိုသို့နေထိုင်နေရင်း သူသည် ကျားဖြူ ( The White Tiger ) စာအုပ်ကို ရေးသား
ခဲ့လေသည် ၊ ယခု အိန္ဒိယနိုင်ငံ မွင်ဘိုင်းမြို့တွင် နေထိုင်လေသည် ။

ကျားဖြူဝတ္တုသည် အာရာဗင်းအဒီဂါ၏ ပထမဆုံး ၀တ္တုလည်းဖြစ်သည် ။ ထိုဝတ္တုကပင် ဘွတ်ကာဆုကို
၂၀၀၈ ခုနှစ်တွင် ရရှိခဲ့သည် ၊ မင်း(န်)ဘွတ်ကာဆု ရရှိခဲ့သော လေးယောက်မြောက် အိန္ဒိယနိုင်ငံဖွား
အိန္ဒိယလူမျိုး စာရေးဆရာဖြစ်သည် ၊ ထိုလေးယောက်မှာ ဆဲလ်မန်ရက်ရှ်ဒီ ၊ အရွန်ဒါတီရွှန်း ၊
ကီရန်ဒေဆိုင်း နှင့် အာရာဗင်ဒီဂါတို့ဖြစ်သည် ။ ၂၀၀၈ခုနှစ် မင်း(န်)ဘွတ်ကာဆုတွင် ဆန်ကာတင်
အရွှေးခံရသူ နောက်တပ်စာရေးဆရာ ၅ ဦးရှိပါသည် ၊ ထိုအထဲတွင် အမီတက်ဗ်ဂို့ရှ်သည် ( Glass
Palace ) ၀တ္တုကြီးကို ရေးသားသူ နှင့် ပထမဆုံးအကြိမ် ၀တ္တုရေးသားခဲ့သော စာရေးဆရာ စတိတ်
တော့ဇ် တို့လည်းပါဝင်ကြပါသည် ။ အာရာဗင်းအဒီဂါ၏ ဆုရ ကျားဖြူဝတ္တုမှာ ခေတ်သစ် ကမ္ဘာစီးပွား
ရေးတွင် အိန္ဒိယနိုင်ငံ နိုးထလာခြင်းနှင့် အိန္ဒိယလူနေမူစနစ်တို့ကြား ပဋိပက္ခဖြစ်ပေါ်မူကို အခြေခံ၍
ရေးဖွဲ့ခဲ့ခြင်းဖြစ်သည် ။
ထိုဝတ္တု၏ အဓိကဇာတ်ကောင်မှာ ဆင်းရဲမွဲတေလှသော အိန္ဒိယကျေးလက်ဒေသမှ ရောက်ရှိလာသည့်
ဘဲလ်ရန်ဆိုသော လူငယ်လေဒတစ်ယောက်၏ အကြောင်းဖြစ်လေသည်..။

Ref : : ဆရာမောင်ရိုး ကမ္ဘာ့ခေတ်ပြိုင် စာရေးဆရာအညွန်း ( မြန်မာသစ်မဂ္ဂဇင်း ၊ တွဲ ၄ )

Thursday, February 19, 2009

ရိုဟင်ဂျာ ပြဿနာအကြောင်း တစေ့ တစောင်း

ဘလောဂ့်စာမျက်နှာတွေမှာ ရာသီစာလိုဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာကို ကျွန်တော် နားလည်
သလောက် ပါဝင်ဆွေးနွေးချင်ပါတယ်…။

ကျွန်တော်ရဲ့ မေးလ်ထဲကိုလည်း ၂ ရက်ကို တစ်စောင်နှုံးနဲ့ ၀င်လာတဲ့ ရိုဟငိဂျာအကြောင်း
ဖော်ပြအသိပေးထားတဲ့ ဆောင်းပါးတွေ ပလူပျံနေအောင်ဝင်တာလည်း တစ်ကြောင်းပေါ့ဗျာ။

အမှန်တစ်ကယ်တော့ ဒီပြဿနာဟာ နှစ်နိုင်ငံ အစိုးရရဲ့ သဘောထားများတင်းမာလွန်းလို့
ဖြစ်နေကြရတာပါပဲ ။ ရိုဟင်ဂျာဟာ နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေထဲက
လူမျိုးစု တစ်စုပါ.။

ပြည်ထောင်စုမြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံ ၊ လာအိုနိုင်ငံ ၊ တရုတ်နိုင်ငံ ၊ အိန္ဒိယနိုင်ငံ ၊
ဘင်္ဂလားဒေရှ်နိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတခုပါ ၊ ဒါကြောင့် နယ်နမိတ်ခြင်း
ထိစပ်နေတဲ့ နယ်မြေဒေသတွေမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေရဲ့ ပြဿနာဟာ အနဲနဲ့အများဆို
သလို ရှိတက်ကြပါတယ် ။

မြန်မာနိုင်ငံရဲ့ လူမျိုးစုများဖြစ်ကြတဲ့ ရှမ်း ၊ ကယန်း ၊ မွန် ၊ ကရင် ၊ ပဒေါင် စတဲ့ လူမျိုးစု
တိုင်းရင်းသားများကို ထိုင်းနိုင်ငံဟာ လည်းကောင်းတို့ရဲ့ မျိုးနွယ်စုများအဖြင့် လက်ခံကြ
သလိုမျိုး တရုတ်နိုင်ငံကလည်းပဲ ကချင် ၊ ရှမ်း ၊ အခါ ၊ လားဟူ ၊ လီရှော်တိုင်းရင်းသားများကို မျိုးနွယ်စုများအဖြင့်လက်ခံကြတယ်။

အိန္ဒိယနိုင်ငံကလည်းပဲ ချင်း ၊ နာဂ ၊ လူမျိုးစုများကို သီးခြားပြည်နယ်သားများအဖြင့် လက်ခံ
ကြပါတယ် ၊ ဒါဟာ နယ်နမိတ်ခြင်းထိစပ်နေတဲ့ နိုင်ငံများရဲ့ အစိုးရများ၏ ပျော့ပျောင်းတဲ့
သဘောထားအမြင်တွေကြောင့်ပါ ။

ရိုဟင်ဂျာရဲ့ မူလဇစ်မြစ်ဟာ တောင်အာရှနိုင်ငံတခုက အိန္ဒိယနွယ်ဖွား အစ္စလမ်မစ်ဘာသာ
ဝင်တွေပါ ၊ ဒါပေမယ့်လည်းပဲ မြန်မာနိုင်ငံအတွင်းကို ရှေးဦးခေတ်တွေကတည်းက တိုင်းတပါး
စစ်တပ်များအဖြင့်လည်းကောင်း ၊ ကုန်သည်များအဖြင့်လည်းကောင်း ၊ သာသနာပြုများအဖြင့်
လည်းကောင်း ၀င်ရောက်နေထိုင်ခဲ့ကြတာဟာ နှစ်ပေါင်း ရာချီနေခဲ့ကြပါတယ် ။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ တချို့တွေက ယာယီဧည့်နိုင်ငံသားလက်မှတ်
နိုင်ငံသားသတ်သေခံလက်မှတ်များကို ဥပဒေနှင့်အညီ ခံယူခွင့် ရှိကြတဲ့လူများလည်းဖြစ်ခဲ့
ကြပါတယ်..။
သို့သောလည်း အိန္ဒိယနွယ်ဖွား ဘာသာခြားများက နိုင်ငံတော်ရဲ့ မူလရင်းမြစ်ပေါက်ဖွားလာတဲ့
တိုင်းရင်းသားစစ်တွေတော့ မဟုတ်ကြပါဘူး ။
ဒါကြောင့် ရိုဟင်ဂျာဆိုတိုင်း မြန်မာနိုင်ငံသားများဖြစ်တယ်လို့ မပြောနိုင်သလို ၊ မဟုတ်ဘူးလို့
လည်း ငြင်းလို့မရပါဘူး ။


ဒီ့ထက်ပိုပြီး အရေးကြီးတာက ကျွန်တော်တို့ ဒီမိုကရေစီ ဘတ်တော်သားတွေရဲ့ ဦးတည်ရမယ့်
ရည်မှန်းချက်ပန်းတိုင် ( Goal ) ကို လမ်းမချော်အောင် ရိုဟင်ဂျာပြဿနာကိုရှေ့တန်းမတင်ကြ
ဖို့လိုပါတယ်..
ဒါကတော့ ကျွန်တော်ရဲ့ ရိုဟင်ဂျာနဲ့ မြန်မာနိုင်ငံတော်ရဲ့ ပြဿနာ တစိတ်တပိုင်းအပေါ် ပုဂ္ဂလိက အမြင်ပါပဲ..

အမြင်မတူခဲ့ရင်လည်း ယဉ်ကျေးသိမ်မွေ့စွာဖြင့် ၀င်ရောက်မှတ်ချက် ပေးဆွေးနွေး
နိုင်ပါတယ် ခင်ဗျား………။

အမေ သို့ လွမ်းချင်း


ဒုက္ခအလုံပိတ် အခန်းထဲက အမေ
သုခဘုံကို လမ်းညွန်ပြတဲ့ အမေ
အမေနဲ့သား ၊ သားနဲ့အမေ
အချင်းမများ ၊ အငြင်းမပွား
တစ်မြေဆီခြား ပြီအမေ ။

တစ်ခါတစ်ရံ ပြတင်းဝက
သားလာမယ့် အပြန်လမ်း
လှမ်းလှမ်းမျှော်မှန်း
အရိပ်ရ အပင်လည်းစိုက်လို့
ခလုတ်ကန်သင်းလည်း ရှင်းလင်းထားတဲ့အမေ ။

မတွေ့ဖြစ်တဲ့ နှစ်အပိုင်းခြား
အမေ့ဆံပင်တွေ ပိုဖြူသွားလား..
အမေ့ရဲ့ သွားတွေ ကောင်းသေးလား..
သားလေ..တွေး..တွေးမိတယ် အမေ ..။

တောဆန်တဲ့ မြို့ကလေးကိုစွန့်ခွာ
နှစ်တွေကြာခဲ့ပေမယ့်
အမေရဲ့ အိမ်လေး
မပြောင်းလဲသေးတာ
သားလေ..ကြားတော့
အမေ့ကို…….
ပိုလို့ လွမ်းလာမိတယ် အမေ…။

Wednesday, February 18, 2009

နိုင်ငံတော် နဲ့ အစိုးရ၏ အဓိပ္ပာယ်

လူ့အဖွဲ့စည်းတခုရဲ့ နေ့စဉ်ဘ၀လက္ခဏာရပ်တိုင်းဟာ နိုင်ငံတော်ရဲ့ လွှမ်းခြုံမှုအောက်မှာ
ရှိနေတာအထင်အရှားပါပဲ ၊ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံတော်ဆိုတာ လူရေးလူရာ
သဗ္ဓရနံပေါင်းတွေကို လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်တွေ အလိုဆန္ဒတွေ
တစတစကြီးထွားလာတဲ့ အကျင့်စရိုက်တွေဆီကနေ ထွက်ပေါ်လာတဲ့ ခိုင်မာတဲ့ဆက်ဆံ
ရေး ပေါင်းစည်းမှုတခုဖြစ်လို့ပါ ၊ ဒါကြောင့်နိုင်ငံတော်ဟာ လူမှုဆက်ဆံရေးတွေရဲ့ အဓိက
စည်းရုံးရေးမူးနေရာကနေ ပါဝင်ဆောင်ရွက်နေတယ်လို့ဆိုရမှာပါ ။ ပထမဆုံး နိုင်ငံတော်ဟာ
အစိုးရကို ဖွဲ့စည်းတည်ထောင်တယ် ပြီးတော့ အစိုးရကနေတဆင့် နိုင်င့တော်ရဲ့ လုပ်ငန်း
ဆောင်တာတွေကို လုပ်ဆောင်ပါတယ် ။ နိုင်ငံတော်ဟာ တခြားလူမှုဆက်ဆံမှုတွေ အားလုံးရဲ့
ဖွဲ့စည်းမှုကို ကန့်သတ်တယ် ၊ တစ်ခါတစ်ရံ တက်တက်ကြွကြွ ပုံဖော်ပေးတယ် ၊ နိုင်ငံရေး
သိပ္ပံပညာရှင်တွေက နိုင်ငံတော်နဲ့ပတ်သက်ပြီး ရှင်းပြရာမှာ ရှင်းလင်းအောင် အစိုးရနဲ့ နှိုင်းယှဉ်
ပြလေ့ရှိကြပါတယ် ။

ပြီးတော့ လူဝီ( ၁၆ ) လို I am the state လို့ သမိုင်းမှာဟစ်ကြွေးခဲ့ဖူးသူလည်း ရှိလို့ အုပ်စိုးသူ
နဲ့ နိုင်ငံတော်ဟာ တစ်ခုတည်းလို့ ထင်မှတ်မှားမှုတွေလည်း ရှိကြပါတယ် ၊ နောက်သမိုင်းမှာ
ကာလရှည်ကြာ အုပ်စိုးခဲ့သူတွေက မိမိကိုယ်ကိုမိမိ State နဲ့ တစ်သားတည်းလို့ထင်မှတ်မှားမှု
တွေလည်းရှိခဲ့ကြပါတယ် ။ ဒါကြောင့် ပညာရှင်တွေက State နဲ့ Government ကိုရှင်းလင်း
ကွဲပြားအောင် နှိုင်းယှဉ်ပြောနေကြတာပါ ။ တကယ်တော့ စနစ်တကျစုစည်းပုံဖော်ထားတဲ့
လူ့အဖွဲ့အစည်းဆိုတာ နိုင်ငံတော်က တည်ရှိဖို့ ခွင့်လဲခွင့်ပြုပုံဖော်ပေးတဲ့ လူ့အဖွဲ့အစည်းမျိုးပဲ
ဖြစ်ပါတယ် ။ အဲဒီမှာ အစိုးရနဲ့ မိသားစု ၊ ဘာသာရေးအဖွဲ့အစည်း ဒါမှာမဟုတ် တခြားဆက်ဆံ
ရေးအုပ်စုဖွဲ့မူတွေကြား ပဋိပက္ခတွေရှိနိုင်ပါတယ် ၊ ပြီးတော့အဲဒီပဋိပက္ခတွေဟာ အစိုးရက
အရေးသာ သို့မဟုတ် ပြုတ်ကျသွားတာမျိုးနဲ့ အဆုံးသတ်သွားလေ့ ရှိကြပါတယ် ။ ဒါပေမယ့်
အစိုးရဆိုတာ နိုင်ငံတော်မဟုတ်ပါဘူး အစိုးရဆိုတာ နိုင်ငံတော်ရဲ့ ယာယီမျှသာဖြစ်တဲ့ အခိုင်း
အစေတွေပါ အစိုးရတစ်ရပ်ပြုတ်ကျသွားတာနဲ့ နိုင်ငံတော်တစ်ရပ်ပြိုကွဲသွားတာဟာ လုံးဝ
ကွဲပြားခြားနားပါတယ် ၊ အစိုးရတစ်ဖွဲ့ပြုတ်ကျသွားပေမယ့် တစုံတရာသော နိုင်ငံရေး အဖွဲ့
အစည်းကတော့ ဆက်လက်တည်ရှိနေပြီး နောက်အစိုးရအသစ်က အစားထိုးဝင်ရောက်လာ
မှာဖြစ်ပါတယ် ။ ဒါပေမယ့် နိုင်ငံတော်ကြီး ပြိုလဲသွားရင်တော့ နိုင်ငံတော်ကို ကိုယ်စားပြုထားတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေဟာလည်း ပြိုလဲ ပျက်စီးသွားနိုင်ပါတယ်ပေါ့ ။

ကိုယ်ပြန်ပေးရမှာ ဘာလည်း

ကျမတို့ တိုက်ပွဲ တစ်ခုက အောင်မြင်ခါနီးမှာလည်း ပိုမိုရှုပ်ထွေးတဲ့အယူအဆအားပြိုင်မှုအထင်အမြင်လွဲမှာမှုတွေ ဖြစ်တက်ပါတယ်ဒါလည်အောင်ပွဲနီးလို့ အခက်အခဲပိုတွေ့တယ် ဒီအခက်အခဲထဲကနေ ထွက်ပေါ်လာတဲ့ အားတွေကြောင့်အရည်အသွေးပိုတက်လာမှာပါ ။။ ခြွင်းချက်တော့၇ှိပါတယ် သိတ်ပြဿနာကိုကြီးထွားအောင်လိုက်ဖန်တီးနေသူတွေဟာကိုယ်တွေရဲ့မဟာမိတ်အင်အားစစ် မစစ် ဆိုတာ တော့စဉ်းစားချင့်ချိန်ရမှာပေါ့ တစ်ချို့ ခံနိုင်ရည်အားနည်းသူအတွေ့အကြုံအရ ကျော်ဖြတ်မှု နည်းသေးသူတွေမှာတော့ စိတ်ပျက်တာ အားလျော့တာမျိုးဖြစ်တက်ပါတယ်။ကိုယ်တွေရဲ့ပြဿနာကြားမှာအဓိကဇစ်မြှစ်ဟာဘာလဲဆိုတာတော့ရှာဖို့ လို တယ်ဒီဇစ်မြှစ်ဟာမသုံးမဖြစ်ဆိုရင်တော့ဆင်ခြင်ထုံတရားတွေနဲ့ ချင့်ချိန်ရမှာဖြစ်ပါတယ်။။
စေတနာတွေ နဲ့  နည်းဗျူဟာတွေယူဆတာတွေ လွဲချော်သွားတာမျိုးကိုတော့ပြင်လို့ ရနိုင်ပေမဲ့ကိုယ့်တော်လှန်ရေးတစ်ခုလုံး NGO တွေရဲ့ အ၀ါးမျိုမခံရဖို့ တော့ သတိချပ်ကြဖို့ ဒီအချိန်သိတ်အရေးကြီးပါတယ် အဆုံးစွန်ပြောရရင် ပြည်သူတွေ လွတ်မြောက်ဖို့ ကျနော်ကျမတို့ တိုက်ပွဲဝင်နေကြတာပါတော်လှန်ရေးလုပ်နေကြတာပါ လို့ ပြောနေတဲ့အားလုံးအားလုံး ကျမအပါအ၀င် ဒီသူတွေဟာ ပြည်ပမှာစားသမျှထမင်းပြည်သူနဲ့မကင်းပါဘူး ဒုက္ခသည်လျောက်ပြီးနိုင်ငံခြား မှာ လုပ်ကိုင်စားသောက် နေရသူတွေတောင် ကိုယ့်လုပ်စာဟေ့ လို့ ပြောနိုင်ပေမဲ့မြန်မာပြည်သူတွေအပေါ်စာနာမှု နဲ့  နိုင်ငံရေးလုပ်ခဲ့တယ်ဆိုတဲ့ ဂုဏ်ဒပ် တွေနဲ့ နိုင်ငံခြားမှာခိုလုံခွင့်ရကြတာပါ ။(တော်လှန်ရေးနိုင်ငံရေးအင်အားစုလို့ အမည်ခံထား သူတွေကိုဆိုလိုတာပါနိုင်ငံရပ်ခြား အလုပ်ထွက်လုပ်ရင်းမှ စိတ်ပါဝင်စားလာတဲ့ ဘလော့ကာများ စေတနာရှင်အလှူရှင်များကိုမဆိုလိုပါ)
လက်ရှိတိုင်းပြည်အခြေအနေပြန်ကြည့်မယ်ဆိုရင် ချောက် ထဲကနေ နွံထဲကျတော့မဲ့ဆဲဆဲပါဒီအချိန်မှာ ကိုယ် ယုံကြည်ချက်ဟာနအဖ ကိုတိုက်ဖို့ ဆို ဘယ်သူဘယ်နည်းနဲ့ တိုက်တိုက်နောက်ထပ် မဲခွဲခြင်းတွေတော့ပြုလုပ်ဖို့ မထိုက်ဖူး ဆိုတာကျမတင်ပြချင်ပါတယ် ။
သိတ်အရေးကြီးတဲ့အခြေအနေမှာနိုင်ငံတစ်ချို့ ဟာ မိမိတို့ ရဲ့ တော်လှန်ရေးနည်းနာတွေကိုသူတို့ အယူအဆတွေနဲ့ စွပ်ဖက်လာတာသိတ်ဆိုးပါတယ် ပြုသူတွေဟာအပြစ်မရှိပေမဲ့လက်ခံဆောင်ရွက်သူတွေဟာ သိတ် ကို ရှက်စရာကောင်းပါတယ် ။
ပွင့်ပွင့်လင်းလင်းပြောရရင် ကျမတို့ ကိုယ်၌ ဒီလိုပြည်ပ နိုင်ငံတွေရဲ့အထောက်အပံ့နဲ့ မကင်းနိုင်ခဲ့ပေမဲ့ကျမတို့ တော်လှန်ရေး ဟာ NGO ရဲ့လက်အောက်မှာတော့ဘယ်နည်းနဲ့မှမဖြစ်သင့်ပါဘူးကျမကြားရပါတယ် သိလည်းသိရပါတယ် ပြီးခဲ့တဲ့ စစ်အုပ်စုကိုကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်အဖြစ်တရားမ၀င်ကြောင်အရေးယူတင်သွင်းတဲ့ C C ကိစ္စမျိုးမှာဆိုဥရောပနိုင်ငံတစ်ချို့ ကဒီကိစ္စ ကိုမကြိုက် ဘူး ။ဥရောပနိုင်ငံတစ်ချို့ကမကြိုက်လို့ လိုက်မလုပ်ရဲခဲ့တဲ့အဖြစ်မျိုးရှိခဲ့တယ် ။။ ဒီကိစ္စမှာ သူတို့  မကြိုက်တာဘာဖြစ်လဲ သူတို့ နိုင်ငံအရေး သူတို့လူမျိုးအရေးမှမဟုတ်ပဲ ကျမတို့ နိုင်ငံနဲ့ ကျမတို့ လူမျိုးအရေးမှာသူတို့ ကူညီချင်ကူညီမကူညီချင်နေပေါ့ ဒီအကူအညီတွေမရတော့မှာဆိုးလို့  NGO သဘောအတိုင်း လိုက်လျောညီထွေလုပ်မိတဲ့ ဒေါက်တာစိန်ဝင်းခမျာ လည်းမျက်နှာမဖေါ်သာတော့ပါဘူး။။
ဟိုး ပြီးခဲ့တဲ့ စစ်အုပ်စုလုပ်တဲ့ အချက်(၄) (အခြေခံဥပဒေမဲထဲ့ရေး) မှာလည်းဒီလိုပဲဘာတွေများ တွေးပြီးဆုံးဖြတ်လိုက်ကြလဲမသိဘူး ကန့် ကွက်မဲသွားထဲ့ရေးလျို့ ဆော်လိုက်တာဖြင့်NGO တွေကနေတဆင့်ရတဲ့ပြည်တွင်းဖုန်းဆက်ခ ဖုန်းဖိုးတင်အတော်သုံးလိုက်တယ်ဆိုပဲ။ ဖြစ်သင့်သလားဆိုတာ ကျမလိုနိုင်ငံရေးမသိတဲ့ ပါမွှားတောင်ချင့်ချိန်မိလို့ သတင်းစာတစ်ချို့ မှာအမုန်းခံပြီး ဆောင်းပါးတွေရေးတင်ခဲ့ပါတယ်။ကျမအင်အားကဘာမို့ တုန်းအများညီတော့ ဤတောင်ကျွဲဖြစ်ဆိုသလိုပဲ နအဖ လုပ်တဲ့လမ်းစဉ်ခုနှစ်ရပ် ထဲကအချက်(၄)ကိုသွားဝင်ပတ်သတ်လိုက်ပြန်ရော --ဒါလည်း NGO အကြိုက်ပဲဖြစ်ခဲ့တာကိုး ။။
ကျမတို့ တိုင်းပြည်ဒုက္ခရောက်နေတယ် ပြည်သူတွေ စစ်အုပ်စုဘေးသဘာဝဘေးအငတ်ဘေးတွေနဲ့ ကြုံနေတယ် ဒါတွေကိုဖွံ့ ဖြိုးပြီးနိုင်ငံတွေက ကူညီတယ်သူတို့ အကျိုးကြည့်ကြည့်မကြည့်ကြည့်ကျမတို ကတော့ဒီလိုထောက်ပံ့လာတာတွေကိုချင့်ချိန်ပြီးယူရမယ် ကိုယ်ပြန်ပေးရမှာဘာလဲ ကိုယ်ယုံကြည်ချက်နဲ့ ကိုယ်လမ်းစဉ်နဲ့  ဒီငွေတွေနဲ့ လဲရမယ်ဆိုရဲရဲသာ ခါထုတ်လိုက်ပါ။ ရပ်တည်ရေးအတွက် မပူပါနဲ့  စေတနာမှန်ရင်လာပါလိမ့်မယ် ကမ္ဘာမှာတစ်နိုင်ငံနဲ့ တစ်နိုင်ငံအယူအဆ မူဝါဒခြင်းမတူတဲ့အတွက် တူတဲ့သူခြင်းရပ်တည်လာပါလိမ့်မယ်။ကျမဒီဆောင်းပါးကိုတင်ပြရတာတော့ ကျမတို့ တစ်တွေ၂၀၁၀ကိုအပြတ်ကန့် ကွက်ဆန့် ကျင်မယ်လက်မခံဘူး ဘက်ပေါင်းစုံကနေ နည်းပေါင်းဆုံနဲ့ ဆန့် ကျင်သွားမယ်ဆိုတဲ့အခါ အသံထွက်လာပါတယ်။ တစ်ချို့ သော နိုင်ငံများက ဒေါ်လာထုတ်လေးပြပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ရင် ဒါ ---ရမယ်ဆိုတာမျိုး ကူညီမယ်ဆိုတာမျိုး -- အဲဒီအခါ အညှာ မခိုင်သူများဟာယိုင်လာကြပြီး ကိုယ်ကိုယ်တိုင်တော့ပြန်မ၀င်ရဲ ၀င်ရဲ နဲ့ မို့ နီးစပ်ရာ ပုဂ္ဂိုလ်တွေကိုတိုက်တွန်းပြီးမြန်မာပြည်ကို နွံထဲနစ်မဲ့အဖြစ်တော့ မလုပ်မိကြပါစေနဲ့ လို့ သတိပေး တိုက်တွန်းလိုက်ပါတယ်။။
အောင်ပွဲနီးလေ အခက်အခဲကြီးလေအခက်အခဲကြီးလေ အရည်အသွေးတက်လေ
မေအိခင်(လယ်ဝေး)



မမေအိခင်ရဲ့ ဆောင်းပါးကေို နှစ်သက်မိသဖြင့် ပြန်လည်ဖော်
ပြခြင်းဖြစ်ပါသည် ။

Tuesday, February 17, 2009

နှုတ်ခွန်းဆက်

မင်္ဂလာပါခင်ဗျာ..ကျွန်တော်ကတော့ မြန်မာပြည်တွင်းက မောင်နိုင်ပါ ။
ကျွန်တော်ရဲ့ ဘလောဂ့်ကို အလည်လာကြတဲ့ ညီအကိုမောင်နှမများ
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပြီး ဆန္ဒနဲ့ ထပ်တူပြည့်စုံနိုင်ကြပါစေလို့
ကျွန်တော် မောင်နိုင်က ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျား..။