Thursday, October 1, 2009

ပရိယတိဆရာတော်





သူငယ်ချင်းမိတ်ဆွေများက အကူအညီတောင်းတာနဲ့ နေမကောင်းတဲ့ကြားကပဲ ကျွန်တော်လဲ
မိတ်ဆွေရဲ့ လက်စွဲတော် ကင်မရာလေးကိုဌားပြီး ပရိဟိတ လုပ်နေတဲ့ ဗဟန်းမြို့နယ်က ယခင်
ဂျမား ရပ်ကွက်လို့ခေါ်ပြီး ယခု ဗိုလ်ချို လို့ခေါ်တဲ့ ရပ်ကွက်လေးထဲက ဆရာတော် ဘန္ဒန္တပညာ
နန္ဒ ( ဓမ္မာစရိယ ) ရဲ့ အောင်မြေသုခ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းလေးကို ရောက်ပြီး
ဆရာတော်ရဲ့ ပရိဟိတ လုပ်ငန်းတွေ ပြီးတော့ ဆရာတော် ကြုံတွေ့နေရတဲ့ အခက်အခဲ အချို့
လေးတွေကို ကျွန်တော်ရဲ့ ဘလောဂ့်ကို အလည်လာကြတဲ့ သူငယ်ချင်း မိတ်ဆွေများဖတ်ပြီး
ကုသိုလ်ပွားများ ယူနိုင်ကြဖို့ နိဗ္ဗာန်ဆော်လုပ်လိုက်ရပါတယ်ဗျို့……………………………….။

ဆရာတော်ရဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးကို ၁၉၉၃ ခုနှစ်ထဲက ထည်ထောင်
ထားခဲ့ပါတယ် ၊ စတင်ခဲ့စဉ်က ကျောင်းသား / သူ ဦးရေဟာ ၅၀ ယောက်နဲ့ စတင်ခဲ့ပြီး ဒီနေ့
အချိန်မှတော့ ကျောင်းသား / သူ ၁၆၈ ယောက်အထိရှိလာပါပြီ ၂၀၀၀ခုနှစ်မှစပြီး ပညာသင်
နှစ်တနှစ်လျှင် မူလတန်းလွန် အဆင့်မြင့်တိုးမြင့်ဖွင့်လှစ်ခွင့် ရရှိခဲ့သောလည်း ဘုန်းတော်ကြီး
ပညာသင်ကျောင်းများ၏ထုံးစံ အတိုင်း ငွေကြေးအခက်အခဲများဖြင့် ပြည့်နှက်နေဆဲ…………။

Thursday, September 3, 2009

စက်တင်ဘာလ အတွင်း မျိုးဆက်သစ်များ၏ လှုပ်ရှားမှု




style="display:block; margin:0px auto 10px; text-align:center;cursor:pointer; cursor:hand;width: 259px; height: 400px;" src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9idmculdw3dgtQzH6h8U_GA6baogO5h0ySvtfaDw3DY9_dOsjlPFiEmDsuA0ZIrR-1MojEc9sy4UFW5r2dkqAn0Qe8NEPoNVoiOyjLCP_Hd3tKuXmZpTbg1ndGvm83m89MXgejPTBQ5k/s400/s2.jpg" border="0" alt=""id="BLOGGER_PHOTO_ID_5377135431885585762" />


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဓါတ်ပုံဖြန့် ဝေခြင်း လှုပ်ရှားမှု့  ကို
ယနေ့  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဖြစ်သော အင်္ဂါနေ့ တွင် ရန်ကုန် မြို့တွင်း မြို့ ပြင် များတွင်
ဖြန့် ဝေလိုက်သည် ။ရန်ကုန်မြို့  တွင်းနေရာများမှာ သိမ်ကြီးဈေးအနီးတ၀ိုက်၊ကြည့်မြင်တိုင်ညဈေး အနီး ၊
ပုဇွန်တောင်ဈေးအနီးတွင်လည်းကောင်း ပြလုပ်ခဲ့ပြီး ရန်ကုန်မြို့ ပြင်နေရာများမှာ
လှိုင်သာယာမီးခွက်ဈေးနီးနှင့်  မင်္ဂလာဒုံဆယ်မိုင် ကုန်းအနီးတို့  တွင် ဖြန့်ဝေခဲ့သည် ။
မိမိတို့  ဓါတ်ပုံ ဖြန့် ဝေရခြင်း၏ ရည်ရွယ်ချက် များဖြစ်သည့်
“ စက်တင်ဘာသံဃအရေးတော်ပုံကြီးနှင့် အတူဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရမည်” “
ပြည်သူ့ ခေါင်းဆောင်အတွက်ပြည်သူတွေကိုယ်တိုင်ကြိုးစားကြပါစို့”
“အင်္ဂါနေ့ ည ရှစ်နာရီအချိနတွင်မိမိနေအိမ်များ၌ဓါရဏပရိတ်ရွတ်ဆိုကြပါစို့ ”
ဆိုသည့်စာတန်းများအားလည်းဓါတ်ပုံများနောက်တွင် ရေးသားဖြန့်ဝေခဲ့ခြင်းဖြစ်သည် ။

Tuesday, June 9, 2009

သက်သေ ဦးဝင်းတင်နှင့် ဦးတင်ဦး ပယ်ချခံရ




ဒေါ်အောင်ဆန်း စုကြည်ဘက်က တရားခံပြသက်သေ ၃ ဦး ပယ်ချလိုက်ခြင်းကို ပြန်လည်ပြင်ဆင် သုံးသပ်ရန် ရန်ကုန်တိုင်း တရားရုံးသို့ လျှောက်ထားချက်အား တရားရုံးက ယနေ့တွင် ၁ ဦးကိုသာ ခွင့်ပြုမိန့်ချမှတ်လိုက်သည့် အတွက် ဗဟိုတရားရုံးသို့ ဆက်လက် လျှောက်လဲမည်ဖြစ်ကြောင်း NLD ရှေ့နေများက ပြောသည်။
ဦးဝင်းတင်နှင့် ဦးတင်ဦး
ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် တင်ပြထားသော သက်သေ ၃ ဦးတွင် သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦး တို့ကို ပယ်ချလိုက်ပြီး NLD ရှမ်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်မို့မို့ တဦးကိုသာ ခွင့်ပြုကြောင်း ရန်ကုန်တိုင်းတရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဗဟိုတရားရုံးအထိ ဆက်လက် လျှောက် ထားတင်ပြသွားမည် ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“အချိန်ပြဿနာကတော့ရှိတယ်၊ ဒါက ဒီမှာ ကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းတွေအရ၊ ဒါပေမယ့် မတတ်နိုင်ဘူး၊ ကျနော်တို့က ဥပဒေအရ ဖြောင့်ဖြောင့်မတ်မတ်ဖြစ်ဖို့သာ ဦးစားပေးစဉ်းစားတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦး ဖြစ်သူ ဦးဉာဏ်ဝင်းက ပြောဆိုသည်။

ပြီးခဲ့သည့် စနေ့က ထုတ်ဝေသည့် အစိုးရသတင်းစာများတွင် ဦးဝင်းတင်နှင့် ဦးတင်ဦးကို ဒေါ်အောင်ဆန်းစုကြည် ၏ အကျင့်စာရိတ္တအတွက် သက်သေစာရင်း တင်သွင်းခြင်းသည် မလိုအပ်ကြောင်း ဖော်ပြထားသည်။

ယခု တိုင်းတရားရုံးက ဆုံးဖြတ်ချလိုက်သည့် ဒေါ်ခင်မို့မို့ကို လာမည့် ဇွန်လ ၁၂ ရက်နေ့ ရုံးချိန်းတွင်မှ မည်သည့် ရက်တွင် သက်သေထွက်ဆိုရမည်ကို အင်းစိန်ထောင်တွင်းရှိ မူလ ခရိုင်ရုံးက ပြောမည် ဖြစ်သည်ကြောင်း ရှေ့နေ ကြီး ဦးကြည်ဝင်းကလည်း ပြောပြသည်။

“အင်းစိန်တရားရုံးက အဲဒီကျမှ ဒေါ်ခင်မို့မို့ကို ပြောလိမ့်မယ်၊ အပြီးသတ်လျှောက်လဲချက်ပေးဖို့နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို စီရင်ချက်ချမယ့်အချိန်တော့ နည်းနည်းဝေးသွားတာပေါ့”ဟု ဦးကြည်ဝင်းက ဆိုသည်။

၎င်း၏နေအိမ်သို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော တိတ်တဆိတ်ဝင်ရောက်လာမှုနှင့် ပတ် သက်ပြီး တရားရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုရန် မေလ ၂၆ ရက်က တင်ထား သော သတင်းစာဆရာကြီး ဦးဝင်းတင်၊ NLD ဒု ဥက္ကဌ ဦးတင်ဦးနှင့် NLD ရှမ်းပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်မို့မို့ တို့ ၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးက မေလ ၂၇ ရက်နေ့တွင် ပယ်ချလိုက်ပြီး NLD လပွတ္တာအမတ် ဦးကြည်ဝင်း ၁ ဦး ကိုသာ သက်သေ ထွက်ဆိုရန် ခွင့်ပြုခဲ့သည်။

သက်သေ ၃ ဦးကို တရားရုံးက ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁) အရ ပယ်ချခြင်းဖြစ်သည်။

ကျင့်ထုံး ပုဒ်မ၂၅၇ အပိုဒ်ခွဲ (၁)မှာ သက်သေ တဦးသည် တရားမျှတမှု လမ်းကြောင်းကို လွဲဖယ်စေရန် ဖန်တီး နိုင်ကြောင်း ယုံကြည်မှုအရ ချမှတ်သော ပုဒ်မ ဖြစ်သည်ဟုသိရှိရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေအဖြစ် ထွက်ဆိုခွင့်ပြုခဲ့သော အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်(NLD) လပွတ္တာ အမတ် ဦးကြည်ဝင်း တဦးသာ မေလ ၂၈ ရက်က သက်သေထွက်ဆိုခဲ့ရသည်။

စစ်အစိုးရ ဘက်ကမူ တရားလိုပြ သက်သေ ၂၃ ဦး စာရင်းတင်ပြခဲ့ပြီး ၉ ဦး ကို ဖယ်ရှားကာ ၁၄ ဦး သက်သေ ထွက်ဆို စေခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ကြားနာစစ်ဆေးခဲ့ရာတွင် ၎င်းအနေနှင့် နေအိမ် အကျယ်ချုပ် ကန့်သတ် တားမိန့်များနှင့်ပတ်သက်သည့် မည်သည့် ဥပဒေကိုမျှ မချိုးဖောက်သည့် အတွက် အပြစ်မရှိ ကြောင်း တရားရုံးသို့ လျှောက်လဲ ထွက်ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ကျော်ပြီ ဖြစ်သည်။

ဧရာဝတီ ၀က်ဆိုက် သတင်း

Monday, June 8, 2009

တုန်လှုပ်စရာကောင်းတဲ့ သတင်းတပုဒ် (ပေးစာ)

ဒေါက်တာလွဏ်းဆွေခင်ဗျား …

ကျနော် ဘလော့ကို အမြဲဖတ်ရှုအားပေးနေသူတဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂) ရက်လောက်က ကျနော်နဲ့ ပုဂ္ဂိုလ် ရေးအရ ရင်းနှီးတဲ့ အရာရှိစစ်ဗိုလ်တယောက်ဆီက အလွန်ကို စိုးရိမ်ထိတ်လန့်ဖို့ကောင်းတဲ့ သတင်းတခု ကြား ရပါတယ်။ သူက လျှပ်စစ်ဝန်ကြီးဋ္ဌာန (MoEP-2) ၀န်ကြီးရဲ့ ကိုယ်ရေးအရာရှိဖြစ်ပါတယ်။

သူ့ဆီက ကြားရတဲ့သတင်းက ဒီလိုပါ။ ကျနော်တို့အချင်းချင်း ဆိတ်ငြိမ်တဲ့ ဘီယာဆိုင်တခုမှာ ဆုံဖြစ်ကြတာမျိုး ရှိတယ်။ (အမှန်ကတော့ တံစို့လက်ဆောင်ပေးဖို့ ကိစ္စတွေအတွက် တရားဝင် တွေ့ဆုံကြတဲ့ သဘောပါပဲ)။ ထုံး စံအတိုင်း ကျနော်တို့အုပ်စု တွေ့ဆုံတဲ့အခါမှာ သူ့ကို စ နောက်ရင်း ရန်ကုန်မှာ လျှပ်စစ်မီး ကြောက်ခမန်းလိလိ ပြတ်တောက်နေတဲ့အကြောင်း ဝေဖန်ပြောဆိုဖြစ်ကြတယ်။ ကျနော်တို့အားလုံး MoEP-2 ကို အပြစ်ဖို့ ပြောဆို ကြတယ်။ စ နောက် ပြောဆိုလို့ (၂) နာရီလောက်ကြာတော့ သူသောက်တာ များသွားပြီး လုံးဝမဟန်နိုင်တော့ ဘူး။ အဲဒီမှာတင် (ထန်းရည်မူးလို့ ကျွဲခိုးပေါ်ဆိုသလို) လျှပ်စစ်နဲ့ ပတ်သက်တဲ့ အလွန်အရေးကြီးတဲ့ သတင်းကို ကျနော်တို့ကို ပြောပြတော့တာပဲ။

သူပြောပြတာကတော့ စစ်အုပ်စုက ရန်ကုန်မှာ သဘာဝဓာတ်ငွေ့နဲ့ လည်ပတ်တဲ့ လျှပ်ဓာတ်အားပေးစက်ရုံတ ခုကို ၂၀၀၉ မတ်လကတည်းက တည်ဆောက်ပြီးစီးသွားပြီတဲ့ (နေရာတော့မကျိန်းသေဘူး။ ဒါပေမယ့် ကျနော့် အထင် အလုံက စက်ရုံကို သူ ရည်ညွှန်းပုံရတယ်) ကမ်းလွန် သဘာဝဓာတ်ငွေ့တွင်းတွေကနေ ဓာတ်ငွေ့ပိုက် လိုင်းတွေနဲ့ဆက်ပြီး တည်ဆောက်ထားတာတဲ့။ စပြီး လည်ပတ်ဖို့ MoEP ရဲ့ ခွင့်ပြုမိန့်ပဲ လိုတော့တယ်တဲ့။

သူပြောပုံအရ အဲဒီစက်ရုံကနေ လျှပ်စစ်ဓာတ်အားဖြန့်ဝေနိုင်တဲ့နှုန်းက ရန်ကုန်မြို့အတွက် လိုအပ်တဲ့ လျှပ်စစ် သုံးစွဲမှု စုစုပေါင်းပမာဏထက်တောင် ပိုသေးတယ်ဆိုပဲ။ ဒါပေမယ့် စစ်အုပ်စုက အခုအထိ လည်ပတ်မိန့် မပေး သေးဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ သူတို့နိုင်မလား မနိုင်ဘူးလား သိချင်နေတယ်တဲ့ (ဆိုလိုတာကတော့ သူတို့ ရွေးကောက်ပွဲ ရှုံးမှာကို အရမ်းကြောက်နေတယ်။ သူတို့ အခု အပေါ်စီးကနေ ထိန်း ချုပ်ထားနိုင်တာတောင်မှ အပြီးသတ် ဆုံးဖြတ်ချက်ချဖို့အတွက် သူတို့လူတွေ အပါအ၀င် ပြည်သူလူထုနဲ့ ပတ် သက်ပြီး အခုအထိ ယုံကြည်မှု မရှိသေးဘူးဖြစ်နေတယ်)။

တကယ်လို့ ရွေးကောက်ပွဲ အနိုင်ရမယ်ဆိုရင်တော့ ရန်ကုန်မြို့သူမြို့သားတွေကို လက်ဆောင်ပေးတဲ့အနေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို စပြီး လည်ပတ်ပေးလိမ့်မယ်တဲ့။ ဒါပေမယ့် သူတို့မှာ ကြောက်စရာကောင်း တဲ့ အစီအစဉ် ဆွဲထားတယ်။ တကယ်လို့ ရွေးကောက်ပွဲမှာ သူတို့ရှုံးခဲ့ရင် မတော်တဆဖြစ်တယ်လို့ အကြောင်း ပြပြီး ဆောက်ထားတဲ့ ဓာတ်အားပေးစက်ရုံကြီးကို ဖျက်ဆီးပစ်မယ်တဲ့။ တခုလုံးကို ပြန်တည်ဆောက်ဖို့ဆိုရင် အစိုးရသစ်အတွက် နောက်ထပ် ၅ နှစ်လောက် အချိန်ယူရမယ်တဲ့။

ဒါဟာ စစ်အုပ်စုဆီက ကျနော်တို့ အမြဲကြားရလေ့ရှိတဲ့ TERRORIST ACT ဆိုတာထက် ဆိုးတဲ့ TERRIBLE IDEA ပါပဲ။ တကယ့်ကို ယုတ်မာပက်စက်တဲ့ အကြံအစည်ပါပဲ။ မိတ်ဆွေတို့အနေနဲ့ မီးစက်တွေက ထွက်တဲ့ ဆူ ညံသံတွေ၊ မီးခိုးငွေ့တွေနဲ့ မရေမတွက်နိုင်လောက်အောင် မီးမှောင်ကျနေတဲ့ ညတွေကို မဖြတ်သန်းဖူးဘူးဆို ရင် ဒီ(လျှပ်စစ်)ဟာ ဘာကြောင့် ဒီလောက်အသည်းအသန် ဖြစ်နေရသလဲ၊ ရန်ကုန်နေ ပြည်သူတွေအတွက် ဘာကြောင့် အရေးတကြီးကိစ္စ ဖြစ်နေရတာသလဲ ဆိုတာကို နားလည်ချင်မှ နားလည်နိုင်မယ်။

အိမ်အသုံးစရိတ်ရဲ့ အနည်းဆုံး ၄ ပုံ ၁ ပုံလောက်ဟာ မီးစက်နှိုးဖို့ ၀ယ်ထည့်ရတဲ့ ဒီဇယ်ဖိုးထဲ ပါကုန်ရော။ မီး ပြတ်လို့ မီးမရှိလို့ ရေမရှိလို့ ကြုံရတဲ့ ဒုက္ခသုက္ခတွေ၊ အခက်အခဲ ပြဿနာတွေကတော့ မဖော်ပြနိုင်လောက် အောင် ဒုနဲ့ဒေးပါပဲ။

ရန်ကုန်နဲ့ အဆက်အသွယ်ကောင်းကောင်းရှိသူများ ဒီသတင်းနဲ့ ပတ်သက်ပြီး မှန်ကန်ကြောင်းအတည်ပြုဖို့ ကျေးဇူးပြုပြီး ဆိုင်ရာပိုင်ရာကတဆင့် စုံးစမ်းကြည့်ကြစေလိုပါတယ်။ ကျနော်ဘယ်သူဘယ်ဝါဆိုတာ မဖော်ပြ နိုင်တာကိုတော့ နာလည်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

http://drlunswe.blogspot.com/ မှကူးယူဖော်ပြပါသည် ။

Sunday, June 7, 2009

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ အကျဉ်းသားအစစ်



ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုစစ်ဆေးနေသည့် တရားခွင်က ရန်ကုန်မြို့တွင် ဒုတိယအပတ်အဖြစ် ဆက်လက်စစ် ဆေးနေဆဲကာလ၌ ဤသတင်းက နိုင်ငံတကာ၏ ထိပ်တန်းအာရုံစိုက်မှုကို ခံနေရဆဲ ဖြစ်သည်။

လူထုမြင်ကွင်းအောက်မှ နှစ်အတန်ကြာ ပျောက်နေခဲ့ရပြီး ယခု ပြန်လည်မြင်တွေ့ကြရသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင်က နိုင်ငံတကာထောက်ခံမှုကို ဆက်လက်၍ သိမ်းကျုံးဆွဲငင်နိုင်ဆဲ ဖြစ်သည်။ စစ်အာဏာပိုင်များက တဖက်သတ်ကျူးလွန်နေသည့် မတရားမှုကို ရင်ဆိုင်နေရသည့်တိုင် သူက တည်တည်ငြိမ်ငြိမ်ဖြင့် အာခံမှုကို ပြသနေ ဆဲဖြစ်သည်။

တကယ့် အမှန်တရားမှာ လူအများက ဒေါ်အောင်ဆန်းစုကြည်ကို နက်နက်ရှိုင်းရှိုင်း လေးစားကြဆဲ၊ ချစ်ခင်မြတ်နိုးကြဆဲ ဖြစ်သည်။ သူ့ကို လူအများက လေးစားကြည်ညိုကြသည့်အကြောင်းကို မေလ ၂၆ ရက်နေ့ တရားခွင်တွင် တွေ့မြင်ခဲ့ကြရသည်။ ဒေါ်အောင်ဆန်းစုကြည် တရားခွင်အတွင်းသို့ ၀င်လာကြသည့်အခါ နိုင်ငံခြားသံအမတ်များ၊ သတင်းထောက်များနှင့် တချို့သောလုံခြုံရေးအရာရှိများကပင်မတ်တတ်ရပ်အရိုအသေပေးခဲ့ကြပြီး အာဏာပိုင်များကို အံ့အားသင့် ကသိကအောင့် ဖြစ်စေခဲ့သည်။

ဖိအားမျိုးစုံကြုံနေရသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်နေရာမှာရှိနေဆဲ ဆိုသည်မှာ မည်သူမျှငြင်းနိုင်သည့်ကိစ္စ မဟုတ်ပါ။ ယခုလို မတရားသည့်အင်းစိန်ထောင်တရားခွင်ကြောင့် နိုင်ငံတကာ လူထု က အမျက်ဒေါသထွက်ရသလို၊ စစ်အစိုးရအပေါ် ပြစ်တင်ရှုတ်ချမှုလည်း အတောမသတ်ပေါ်ထွက်လာခဲ့သည်။

အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ အစိုးရအဖွဲ့က မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူထားမှုကို သက်တမ်းဆက်တိုးခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံအတွက်သတ္တိနှင့်စွန့်လွှတ်အနစ်နာခံစိတ်ကို ချီးကျူး ဂုဏ်ပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က မျှော်မှန်းသည့် သာယာဝပြောသည့် ဒီမိုကရေစီနိုင်ငံတော် ဖြစ်မြောက်လာစေရေး မျှော်မြင်ချက်ကိုလည်း သူက ထောက်ခံပြောဆိုခဲ့သည်။

"အခုအချိန်မှာ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ စွဲဆိုနေတဲ့ ပြစ်မှုတွေအားလုံးကို ပြန်ရုပ်သိမ်းဖို့ လိုအပ် ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်ပါတယ်" ဟု သမ္မတ အိုဘားမားက ထုတ်ပြန် တောင်းဆိုခဲ့သည်။

အဆင့်မြင့်နိုင်ငံတကာ ခေါင်းဆောင်များက မေတ္တာရပ်ခံခဲ့ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စိတ်ထဲတွင် အကြောက်တရားက လွှမ်းမိုးနေဆဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက် လက် ချုပ်နှောင်ထားမှ ဖြစ်မည်ဟု ဆုံးဖြတ်ထားဆဲပင် ဖြစ်သည်။ စစ်အစိုးရခေါင်းဆောင်ကြီးက အကြောက်တရားနှင့် စိတ္တဇကဲသော အခြေ အနေအောက်တွင် နေထိုင်နေသူလည်း ဖြစ်သည်။
ဗိုလ်ချုပ်သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ နိုင်ငံရေးအယူအဆတခုအတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြရာတွင် တန်းတူ လက်ရည်တူများ မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနှင့် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်ပြီး၊ ဗိုလ်ချုပ်သန်းရွှေက နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် သူ၏အကျဉ်းစခန်းနှင့် မြန်မာနိုင်ငံကို ဆင်းရဲမွဲတေစေရန် ဆက်လက်ပိတ်ဆို့ အုပ်ချုပ်နိုင်ရေးအတွက် အားပြိုင်နေကြခြင်း ဖြစ်သည်။ သူက ဒေါ်အောင်ဆန်း စုကြည် အပေါ်ထားသည့် အမုန်းတရားမှာလည်း နှိုင်းဆမရနိုင်အောင် ကြီးမားလှသည်ဟု ဆိုကြသည်။

သို့အတွက်ကြောင့်လည်း အတိုက်အခံ အသိုင်းအ၀န်း၊ မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာနေသူများနှင့် ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေ ကိုယ်တိုင်က ယခုလို နိုင်ငံတကာဖိအားပေးခြင်းဖြင့် ဗိုလ်ချုပ်သန်းရွှေက တလက်မပင် မရွေ့နိုင်၊ ဆက်၍ ခေါင်းမာနေဦးမည် ဖြစ်သည်ဟု သူတို့စိုးရိမ်ချက်ကို ဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မာ့ခ် ကန်းနင်း (Mark Canning) က ဗြိတိန်နိုင်ငံထုတ် နေ့စဉ်သတင်းစာ သည်ဂါးဒီယန်း (The Guardian) ကို ပြောခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့သည့်အပေါ် ဖြစ်လာသည့် နိုင်ငံ တကာ၏ ဆန့်ကျင်မှုများကြောင့် စစ်အစိုးရက အနည်းငယ်ပြန်ဆုတ်ခဲ့ပုံရကြောင်း၊ သို့သော်လည်း သူက ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ပေးလိမ့်မည်ဟုတော့ မမျှော်လင့်ကြောင်း ဆိုသည်။ အကယ်၍ ဆက်ပြီးဖိအားပေးနိုင်ပါက တရားရုံး အနေနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်သက်သက်ညှာညှာ ပြစ်ဒဏ်ချဖွယ်ရှိကြောင်း ပြောခဲ့သည်။

"အခုကိစ္စမှာ နောက်ဆုံးအပြစ်ရှိတယ်ဆိုပြီး ပြစ်ဒဏ်ချမှာနဲ့ အဆုံးသတ်လိမ့်မယ်ဆိုတာကို ကျနော်သံသယ မရှိပါဘူး၊ ဒါ ပေမယ့် သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲမှာ ၅ နှစ်ထားတာထက်စာရင်၊ နောက်ထပ် အိမ်အကျယ်ချုပ် တနှစ်ထပ်ချတာမျိုး သူတို့ ရည်မှန်းချက်ကိုတော့ လျှော့ပေါ့နိုင်ပါတယ်" ဟု မာ့ခ် ကန်းနင်းက ဆိုသည်။

"ဒီနည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နောက်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင်လုပ်မှာပါ၊ အခုကိစ္စမှာ ချုပ်ပြောရရင်တော့ ဒါပါပဲ"ဟုလည်း သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်အကြောင်းကြောင့် နိုင်ငံတကာဖိအားများ တိုးတက်လာပုံနှင့် သတင်းများက အလေး ပေးဖော်ပြနေကြပုံမှာ အထူးအံ့သြဖွယ် ဖြစ်သည်။ သို့သော်လည်း ဤမျှလောက်နှင့် ခေါင်းမာလွန်းသည့် ဗိုလ်ချုပ်သန်းရွှေ ၏ အာဃာတ အမုန်းတရားကို ချေဖျက်ရန်ဆိုသည်မှာ မဖြစ်နိုင်သေးပါ။

ဗိုလ်ချုပ်သန်းရွှေနှင့် ကျန်စစ်ဗိုလ်ချုပ်များက ပြီးခဲ့သည့် အတိတ်ကာလကလည်း အလားတူ မတရားခုံရုံးများဖြင့် အတိုက် အခံများ၊ သဘောထားကွဲလွဲသူများကို နှိပ်ကွပ်ထောင်ချခဲ့ကြပြီး နိုင်ငံတကာနှင့် ပြည်တွင်းက ဖိအားပေး တောင်းဆိုလာ သမျှကိုလည်း ခေါင်းမာမာဖြင့် တင်းခံခဲ့ကြသည်။ တလိမ်ပေါ် နှစ်လိမ်ဆင့်ကာ တုံ့ပြန်ခဲ့ကြသည်။

ဗိုလ်မှူးချုပ်မြင့်သိန်းက စစ်အစိုးရအနေနှင့် ပြီးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထိန်းသိမ်းထားမှုကို ပြန်လွှတ်ပေးရန် ရည်ရွယ်ချက်ရှိခဲ့ကြောင်း လိမ်ညာပြောဆိုခဲ့သေးသည်။ သို့သော်လည်း အမေရိကန်ရေကူးသမား ဂျွန် ၀ီလျံ ယက်ထော ယခုလို ကျူးကျော်ဝင်ရောက်ခဲ့မှုကြောင့် "မလွှဲမရှောင်သာ၊ ၀မ်းနည်းစွာဖြင့် တရားဥပဒေကြောင်းအရ ဒေါ်အောင်ဆန်း စုကြည်ကို အရေးယူခဲ့ရသည်"ဟုလည်း ဆိုခဲ့ပြန်သည်။ မည်သူက ဤဆင်ခြေကို ယုံကြည်ကြပါမည်နည်း။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်က လိမ်ညာ လည်ဆည်၍ ပြောဆိုတတ်သူလည်း မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်က သူ့တွင်အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး သူက မစ္စတာ ယက်ထော ကို ခေတ္တနားခိုခွင့်ပေးခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်သို့ လူတချို့ကိုလေ့လာခွင့်ပေးစဉ်က နားထောင်လေ့လာခွင့်ရခဲ့သော ၀ါရင့်မြန်မာ သတင်းထောက်တဦးကမူ ယခုလို တရား ရင်ဆိုင်နေရချိန်၌ပင် ဒေါ်အောင်ဆန်းစုကြည်က တည်ကြည်ကြက်သရေရှိစွာ တုံ့ပြန်ခဲ့ကြောင်း သူ၏အမြင်ကို ပြန်ပြောပြသည်။ "သူ့အတွက် ဂုဏ်ယူရသလို၊ သူ့အပြုအမူအပေါ်မှာလည်း လေးစားရ တယ်"ဟု ၎င်းက ပြောပါသည်။ မြန်မာပြည်သူ တိုင်းက အလားတူပြောဆိုကြလိမ့်မည် ဖြစ်သည်။ ဗိုလ်ချုပ်သန်းရွှေနှင့် သူဦးဆောင်နေသည့် စစ်အစိုးရကို ရွံမုန်းနေကြရာ လူအများက ဤသို့သာ ပြောဆိုတုံ့ပြန်ကြလိမ့်မည်ဖြစ်သည်။

သို့သော်လည်း ၀မ်းနည်းဖွယ်ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးနေသည့် တရားခွင်၏ ဆုံးဖြတ်ချက်ကို ရေးသား ထားပြီးသား ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အင်းစိန်ထောင်အတွင်း၌ အချိန်တချို့ကို ဖြတ်သန်းရလိမ့်ဦးမည် ဖြစ်သည်။ ကျန်သည့် မေးခွန်းမှာ မည်မျှကြာကြာ ကျခံရမည်နည်းဟူသော မေးခွန်းသာ ရှိတော့သည်။

အကယ်၍ မာ့ခ် ကန်းနင်း၏ အဆိုသာ မှန်ခဲ့ပါက အများဆုံးထောင်ဒဏ် ၅ နှစ် ချမည့်အနေအထားမှ ဖိအားများကြောင့် ပို၍ သက်ညှာသောထောင်ဒဏ်ကို စဉ်းစားလာဖွယ် ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်အကျဉ်းချထားချိန် မည်မျှ ကြာမြင့်သည်ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း တခြားသော နိုင်ငံရေးအကျဉ်းသားများနည်းတူ ကြုံလာရမည့် အရေးကို သတ္တိသွေးအပြည့်ဖြင့် ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။

သမ္မတ အိုဘားမားကဲ့သို့သော ကမ္ဘာ့ခေါင်းဆောင်များ၏ ထုတ်ပြန်ကြေညာချက်များကိုပင် ဗိုလ်ချုပ်သန်းရွှေက မဖတ်ဘဲ၊ အလေးမထားဘဲလည်း နေကောင်းနေနိုင်သည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ကမ္ဘာကဤမျှ စာနာ ထောက်ခံကြသည့် အပေါ်တွင်တော့ ကျွဲမြီးတိုနေနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လူအများကမေ့ထားသည့် အဖြစ် မျိုး သူက ဖြစ်စေလိုသည်။ သို့သော်လည်း ရည်မှန်းချက်နှင့် လွဲချော်၍ ရလဒ်ထွက်လာခဲ့သည်။

ဤအချက်ကြောင့်ပင် ဗိုလ်ချုပ်သန်းရွှေက ရှုံးရပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်က မတရားသည့်ခုံရုံးရှေ့တွင် ရပ်၍ ရင်ဆိုင်နေရသည် ဖြစ်စေ၊ အစစ်အမှန်အကျဉ်းသားမှာ ဗိုလ်ချုပ်သန်းရွှေသာ ဖြစ်သည်။ သူ၏ မစ္ဆေရိယ မလိုမုန်းထား စိတ်များ၊ မပြည့်မြောက်ရသည့် ရည်မှန်းချက်များအတွက် ဖြစ်နေရသည့် စိတ္တဇအကျဉ်းသား အစစ်မှာ ဗိုလ်ချုပ်သန်းရွှေ ကိုယ်တိုင်ပင် ဖြစ်နေပါတော့သည်။

အောင်ဇော်ရေးသားသည့် Than Shwe Is the Real Prisoner, not Suu Kyi ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Irrawaddy.သတင်းမှာ့ ကူးယူဖော်ပြပါသည် ။ ။

Monday, June 1, 2009

အခြေအနေကတောင်းဆိုနေတဲ့ မြေအောက်လှုပ်ရှားမှု

ခလုတ်ထိမှ အမိတတယ်ဆိုတာ လူတိုင်းပါ။ သူမှ ဒီလိုဖြစ်တယ်။ ကိုယ်မှ ဒီလိုဖြစ်တယ်ဆိုတာမျိုး မဟုတ်ပါဘူး။ လူ့ဘဝမှာ ဖြစ်နိုင် ခြေအားလုံးအတွက် ပြင်ဆင်ပြီးသားဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် စဉ်းစားရသရွေ့ကိုတော့ စဉ်းစားပြင်ဆင်ထားရပါမယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မတရားရုံးတင်အကျဉ်းချဖို့ နအဖက ကြိုးစားလာတော့ တချို့က အင်းစိန်ထောင်ကို ချီတက်ကြပြီး တချို့ကတော့ အလစ်အငိုက်ပိုစတာကပ်တာတွေ၊ စာရွက်ကြဲတာ တွေလုပ်ကြတာ တွေ့ရပါတယ်။ တိုက်ပွဲသဏ္ဌာန် အမျိုးအမည်များ တာမို့ ဝမ်းသာရပါတယ်။ ဒါပေမယ့် တဆက်တည်း တွေ့လာရတာ က ဒါလောက်နဲ့ မလုံလောက်၊ လုံးဝမလုံလောက်ဆိုတာပဲ ဖြစ်ပါ တယ်။ ဒါဖြင့်ရင် တိုက်ပွဲအမျိုးမျိုး ပေါ်ပေါက်အောင် သဏ္ဌာန်ကို ဘယ်လိုဖော်ထုတ်မလဲ။ ကိုယ့်အတွက် အထိအခိုက် အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ရေရှည်သယ်ဆောင် သွားဖို့ ဘာနဲ့လုပ်မလဲ။ လက်တွေ့လုပ်မယ့်လူဟာ လက်တွေ့စဉ်းစားရပါမယ်။
ဒီလိုနဲ့ အခုတော့ မြေအောက်လုပ်ငန်း အဆောက်အအုံတွေ၊ ကွန်ရက်တွေ လိုအပ်ကြောင်း သဘောပေါက် နားလည် လာတဲ့သူတွေ များသတက်များလာပါတယ်။ ဒါပေမယ့် တည်ဆောက်ကြ၊ လုပ်ကိုင်ကြတာတွေ တော်တော်များများဟာ စစ်ရောက်မှမြားချွန် ဆိုတာမျိုး ဖြစ်နေပါတယ်။ တချို့ကတော့လည်း မြေအေက်ဆိုတာ ဘယ်လိုလုပ်ရသလဲလို့ အခုမှစူးစမ်း၊ မေးမြန်း၊ လေ့လာတာတွေ လုပ်ကြပါတယ်။ ဘာပဲပြောပြော မလုပ်တာနဲ့စာရင် နောက်ကျတာက တော်သေးတယ်လို့ပဲ ဆိုကြပါစို့။
ဘာဖြစ်လို့ မြေအောက်လုပ်ကြတာလဲ ဆိုတာကို သဘောမပေါက်ကြလို့ နောက်ကျကြတာလို့ ဆိုချင်ပါတယ်။ မြေအောက်လုပ်တယ်ဆိုတာ လွယ်လွယ်ပြောရရင် မြေပေါ်မှာလုပ်မရလို့ဘဲ ဖြစ်ပါတယ်။ မတရားဖိနှိပ်မှု ပြင်းထန်လှတဲ့ အုပ်စိုးသူတွေရဲ့လက်အောက်မှာ နေရတဲ့ အဖိနှိပ်ခံတို့က မိမိတို့ရဲ့ ထွက်ရပ်လမ်းကို ရှာကြရာမှာ မြေအောက်လုပ်ငန်း ဟာ မဖြစ်မနေ လုပ်ရတဲ့ လုပ်ငန်းတခု ဖြစ်လာပါတယ်။ ပြည်သူတရပ်လုံး ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အဝခံစား ခွင့်ရရင် ဘယ်သူမှ မြေအောက်လုပ်မနေပါဘူး။ လုပ်မယ်ဆိုရင်လည်း ပတ်ဝန်းကျင်က ခွင့်မပြုပါဘူး။ ပေါ်ပေါ်ထင်ထင်၊ လွတ်လွတ်လပ်လပ်လုပ်လို့ရတဲ့ ကိစ္စတရပ်ကို ဘယ်သူကမှ အသက်အန္တရာယ် စွန့်စားပြီး လျှို့ဝှက်သဲဖို လုပ်မနေပါဘူး။
ဒီတော့သမိုင်းမှာ မြေအောက်လုပ်ငန်းကို ဖက်ဆစ်နာဇီတွေလက်အောက်၊ ကိုလိုနီအုပ်စိုးသူတွေ လက်အောက်မှာ လုပ်ကြတာ ရှိသလို နအဖလို ဖိနှိပ်တဲ့ အာဏာရှင်တွေ အောက်မှာလည်း လုပ်ကြပါတယ်။ ဒီနေရာမှာ မြေအောက် လုပ်ငန်းဆိုတာ မတရားဖိနှိပ်တဲ့ အစိုးရတရပ်ကို ဆန့်ကျင့်ဖို့အတွက် အဲဒီ အစိုးရမသိအောင် ဖွဲ့စည်းလှုပ်ရှားတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါဟာ မူးယစ်ဆေးဝါးလုပ်ငန်းလို၊ မာဖီးယားဂိုဏ်းလို၊ မှောင်ခိုစီးပွားရေးလုပ်ငန်းတွေလို ဟာတွေကို ဆိုလိုတာ မဟုတ်ဘူးဆိုတာကို ဦးစွာ ရှင်းအောင်ပြောထားဖို့ လိုပါတယ်။ အခုပြောနေတဲ့ မြေအောက် လုပ်ငန်းဆိုတာဟာ နိုင်ငံရေးပြဿနာက အစပြုပြီး နိုင်ငံရေး ဦးတည်ချက်တခုအတွက် လှုပ်ရှားတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ အစိုးရ ခွင့်မပြုတဲ့လုပ်ငန်းတိုင်းကို မဆိုလိုပါဘူး။
မြေအောက်လုပ်ငန်းဆိုတာ သူ့ချည်းလှုပ်ရှားရတာ၊ လက်နက်ကိုင်တိုက်ပွဲနဲ့ တွဲဖက်လှုပ်ရှားရတာ၊ လူထုအုံကြွမှုနဲ့ တွဲဖက်ရတာ စသဖြင့် အနေအထားကိုလိုက်လို့ သူ့ရဲ့အခန်းကဏ္ဍတွေက ကွဲပြားပါတယ်။ ဒါကိုတနည်းပြန်ပြောရရင် မြေအောက်လုပ်ငန်းဟာ တိုက်ပွဲသဏ္ဌာန်ပေါင်းစုံကို အထောက်အကူပေးနိုင်တယ်ဆိုတာဖြစ်ပါတယ်။ ဒါပေမယ့် မြေအောက်လုပ်ငန်းအားလုံးဟာ လူထုကိုအခြေခံပြီး လူထုရဲ့ထောက်ခံအားပေးမှုကို အားပြုလုပ်ကိုင်ရတာ ဖြစ်ပါတယ်။ နောက်ပြီး မြေအောက်လုပ်ငန်းဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ တခါတလေမှာ အရန်အခန်း၊ တခါတလေမှာ အဓိကအခန်းရယ်လို့လည်း အခြေအနေအရ ကွဲပြားပါသေးတယ်။
အထက်မှာပြောခဲ့သလိုပဲ မြေအောက်လုပ်ငန်းလုပ်တယ်ဆိုတာ အဖိနှိပ်ခံပြည်သူတွေက မိမိတို့ရဲ့ ရည်မှန်းချက်ကို လွတ်လပ်စွာအကောင်အထည်ဖော်ခွင့် မရတဲ့အတွက် သယ်ဆောင်တဲ့နည်းနာတခုဖြစ်ပါတယ်။ ဒါနဲ့ပြောင်းပြန် အုပ်စိုးသူ၊ အာဏာရနေသူတွေက မြေအောက်လိုလုပ်တယ်ဆိုရင်တော့ ဒါဟာခိုးကြောင်ခိုးဝှက်၊ ကလိမ်ကကျစ် လုပ်တာသာဖြစ်တယ်ဆိုတာ ပြောထားဖို့ လိုပါတယ်။ သူများနိုင်ငံအပေါ်သူလျှိုလုပ်တာ၊ ထောက်လှမ်းရေး လုပ်တာကိုလည်း မြေအောက်လုပ်ငန်းလို့ မဆိုနိုင်ပါဘူး။
တကယ်တော့ ဗမာပြည် ပြည်သူတွေဟာ မြေအောက်လုပ်ငန်း အတွေ့အကြုံ အင်မတန်ကြွယ်ဝတယ်လို့ ပြောရင် ရပါတယ်။ တနိုင်ငံလုံး သူ့ကျွန်ဘဝရောက်တယ်ဆိုတာနဲ့ အင်္ဂလိပ်ကိုလိုနီ တွေကို ပြန်ချဖို့ပြင်ဆင်ကြတဲ့ မင်းညီ မင်းသားများနဲ့ လူထုတွေ၊ ဆရာတော်သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေက စတွက်လိုက်ရင် ဗမာပြည်ရဲ့ မြေအောက်လုပ်ငန်းသမိုင်းဟာ နှစ်ပေါင်း (၁၂ဝ) ကျော်ပါပြီ။ ဒီလိုမြေအောက်လှုပ်ရှားမှုတွေကနေ ဗမာ့ထွက်ရပ် ဂိုဏ်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရဲဘော်သုံးကျိပ် စတာတွေပေါ် ထွက်လာပြီး လွတ်လပ်ရေးတိုက်ပွဲကို သယ်ဆောင်ခဲ့ကြပါတယ်။ ထောင်ထဲကနေ မြေအောက်လုပ်ငန်းလုပ်သူတွေကတဆင့် လွတ်လပ်ရေး တိုက်ပွဲကို ခေါင်းဆောင်ကြပါတယ်။ လွတ်လပ်ရေးနောက်ပိုင်းမှာလည်း မြေအောက်လှုပ်ရှားမှုတွေ တောက်လျှောက် တည်ရှိခဲ့ပြီး မြို့ပေါ် လူထုအုံကြွမှုကြီးတွေ အမြောက်အမြားကို ဖော်ထုတ်ခဲ့ကြပါတယ်။ တခြားနိုင်ငံတွေမှာလည်း အလားတူ သာဓကတွေ အများကြီးရှိပါတယ်။ ပြောမကုန်ပါ။
ဒါကြောင့် ဗမာပြည်ရဲ့ ၁၉၄၈ ခုနှစ် နောက်ပိုင်း အုပ်စိုးသူလူတန်းစား၊ အထူးသဖြင့် ဆိုရှယ်လစ်ပါတီနဲ့ သူတို့နဲ့ နွှယ်နေတဲ့ စစ်အုပ်စုဟာ မြေအောက်လုပ်ငန်းကို အကြီးအကျယ်ကြောက်ရွံ့ ရွံမုန်းကြပါတယ်။ ဒီလိုနဲ့ပဲ သူတို့ဟာ ပြည်သူတွေကို ဖိနှိပ်ဖို့၊ ခြောက်လှန့်ဖို့၊ အထူးသဖြင့် မြေအောက်လုပ်ငန်းတွေကို ရှာဖွေဖျက်ဆီးဖို့အတွက် ပြည်တွင်း ပြည်ပမှာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ထောက်လှမ်းရေးယန္တရားကြီးတခုကို တည်ဆောက်ထိန်းသိမ်းခဲ့ကြပါတယ်။
ဒါပေမယ့် အခုတော့ အဲဒီထောက်လှမ်းရေးဆိုတာကြီးပဲ အစိပ်စိပ်အမြွာမြွာ ပြိုကွဲဖျက်သိမ်းခံခဲ့ရပြီး မြေအောက် လုပ်ငန်းတွေကတော့ ဆက်လက်တည်ရှိနေ၊ ထပ်မံပေါက်ဖွားနေပါတယ်။ ဒါက ဖော်ပြနေတာက စစ်အုပ်စုရဲ့ ထောက်လှမ်းရေးယန္တရားဟာ တပွဲချင်းမှာ ပြည်သူ့အင်အားစုတွေအပေါ်မှာ အနိုင်ရတာတွေရှိပေမယ့် တရားတခုလုံး အနေနဲ့တော့ အဆုံးမှာ သူတို့ပဲအရှုံးနဲ့ ဇာတ်သိမ်းရတယ်ဆိုတာဖြစ်ပါတယ်။
ဒါပေမယ့် အုပ်စိုးသူအာဏာရှင်များဟာ မြေအောက်လုပ်ငန်းတွေ တည်ရှိနေသရွေ့ သူတို့အတွက် အန္တရာယ်ကြီး လှတာမို့ ဖြိုခွဲဖို့အတွက် ထောက်လှမ်းရေးလို အဖွဲ့အစည်းတွေ ဆက်ထူထောင်နေအုန်းမှာပဲ ဖြစ်ပါတယ်။ တိုးချဲ့နေ၊ အားဖြည့်နေအုန်းမှာလည်း ဖြစ်ပါတယ်။
နအဖအစိုးရဟာ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် ရုံးတင်လိုက်ခြင်းအားဖြင့် သူတို့ရှေ့ဆက်လျှောက် မယ့်လမ်း၊ ရှေ့ဆက်ကျင့်သုံးမယ့် လမ်းစဉ်တို့ကို ဖော်ပြလိုက်တာဖြစ်တယ်ဆိုရင် မမှားပါဘူး။ အဓိပ္ပာယ်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေရဲ့ နောက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဓိကဦးတည်ရန်သူအဖြစ် သဘောထား၊ ၁၉၉ဝ ပြည့်နှစ်က လက်ကျန်အင်အားစုတွေကို မသေမရှင်ထား၊ တက်ကြွသူတွေကို ထောင်ထဲ၊ ဒါမှမဟုတ် ပြည်ပ၊ ဒါမှမဟုတ် တောထဲကိုမောင်းပို့ဆိုတဲ့ ပေါ်လစီကို ဆက်လက်ကျင့်သုံးသွားမယ် ဆိုတာပါပဲ။
ဗမာပြည်ရဲ့ ရှေ့အလားအလာဟာ အလင်းရောင်မမြင်ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ကူးယဉ်လို့မရတာတော့ အမှန်ပါပဲ။ လူသားစားကျားကို တဖြည်းဖြည်းချင်းနဲ့ ဟင်းသီးဟင်းရွက်ပဲစားလာအောင် လေ့ကျင့်ပေးသွားမယ်ဆို တာမျိုး မတွေးသင့်ပါဘူး။ ရေရှည်တိုက်ပွဲအတွက် စနစ်တကျပြင်ဆင်ရပါမယ်။ အဲဒီလို ပြင်ဆင်ရာမှာ အချို့သော တက်ကြွသူတွေက မြေအောက်လုပ်ငန်းအတွက် သီးသန့်ပြင်ဆင်တာကိုလည်း အာရုံထားလုပ်ရပါမယ်။
အပျော်တမ်းဆံမှု၊ တပွဲတိုးဆံမှုတွေကို ဆန့်ကျင်ပြီး ရေရှည်အတွက် အမြင့်ဆုံးစွန့်လွှတ်မှုကိုပါ ပိုင်းဖြတ်ပြီး စနစ်တကျ လုပ်ရပါမယ်။ ယူဂျီလုပ်တယ်ဆိုတာ အချိန်အားရှိလို့ အပျော်ကစားတာ မဟုတ်ပါဘူး။ သဘောတရား တခုကို လက်တည့်စမ်းတာမဟုတ်ပါဘူး။ ဖြစ်ကတတ်ဆန်း၊ တော်ရိလျော်ရိလုပ်လို့ မဖြစ်ပါဘူး။ စစ်တိုက်သလိုပဲ အသက်ပေါင်း၊ ဘဝပေါင်းများစွာကို အရင်းအနှီးပြုပြီး လုပ်ကိုင်ရတာဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ဟာ အလွန်အရေးကြီးပါတယ်။
နေရာတကာ၊ အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံထဲမှာ မြေအောက်ကွန်ရက်တွေဖြန့်ကြက် တည်ဆောက်ရပါမယ်။ ဒီလိုနဲ့ နအဖစစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို နည်းမျိုးပေါင်းစုံနဲ့ တွဲဖက်ပေါင်းစပ်ကာ အောင်ပွဲဆီ အတူတက်လှမ်းနိုင်ပါမယ်။

ရဲဘော်ဖိုးသံချောင်း၏ ဆောင်းပါးအားပြန်လည်ဖော်ပြခြင်း ။

Saturday, May 23, 2009

ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲတင်သင့်ကြောင်း ဆုံးဖြတ်လိုက်ပြီ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ် ချမှတ်ထားတဲ့ တားမြစ်ကန့်သတ်မိန့်ကို ချိုးဖောက် တယ်လို့ စွပ်စွဲပြီး တရားရုံးတင်စစ်ဆေးတာတွေ လုပ်ဆောင်နေတဲ့ ၅ ရက်မြောက်နေ့မှာပဲ သူ့အပေါ် တရားစွဲဆိုဖို့ တရားခွင်က ဆုံးဖြတ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အခုတပတ်လုံးလုံး မရပ်မနား စစ်ဆေးနေတဲ့ တရားခွင်က နောက်ထပ် တရားလိုသက်သေတချို့ကို စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ပြီး အခုလို ဆုံးဖြတ်လိုက်တာပါ။ ဒီလို တရားစွဲတင်လိုက်ပြီဆိုတော့၊ တရားခွင်မှာ စစ်ဆေးခဲ့တာတွေ၊ ရှေ့လျှောက် ဒေါ်အောင်ဆန်းစုကြည် အတွက် ခုခံချေပဖို့ အလားအလာတွေ ကရော ဘယ်လို ရှိနိုင်မလဲ၊ တရားခွင်က နောက်ဆုံး အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်အင်းစိန်ထောင်တွင်း အထူးတရားခွင်တခုမှာ ရုံးတင်စစ်ဆေးတာ ၅ ရက်မြောက်တဲ့ နေ့မှာတော့ တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက်တယ် ဆိုပြီး သူ့အပေါ် စွပ်စွဲထားတဲ့အတိုင်း ပုဒ်မ (၂၂) နဲ့ တရားစွဲတင် လိုက်တာပါ။ ၅ ရက်လုံးလုံး တရားလို သက်သေတွေက ဒီစွပ်စွဲချက်နဲ့ တရားစွဲတင်သင့်၊ မတင်သင့် ဆုံးဖြတ်နိုင်ဖို့ သက်သေ ထွက်ဆိုခဲ့ပြီးတဲ့နောက် မွန်းလွဲပိုင်း တရားခွင် ပြန်ကြားနာတဲ့ အချိန်မှာပဲ တရားရုံးက တရားစွဲတင်သင့်တယ် ဆိုပြီး ဆုံးဖြတ် လိုက်တာပါ။
တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျန်သူတွေ အားလုံးကတော့ အပြစ်မရှိကြောင်းပြောပြီး ဆက်ပြီးတော့ ခုခံချေပသွားဖို့ ရှိတယ်လို့ ဥပဒေ အကျိုးဆောင် ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။
“စွဲချက်ကတော့ အခုတရားစွဲထားတဲ့ ပုဒ်မတွေအတိုင်းပေါ့။ ပုဒ်မ (၂၂) တရားစွဲချက် တင်တယ်။ ဒေါ်စုက အပြစ်မရှိဘူးလို့ လျှောက်လဲလိုက်တယ်။ နောက်ပြီးတော့ ခင်ခင်ဝင်း ကလည်း အပြစ်မရှိဘူး၊ နောက်ပြီးတော့ ၀င်းမမ လည်း အပြစ်မရှိဘူး၊ မစ္စတာ ယက်တော ကလည်း အပြစ်မရှိဘူး။ အဲဒီလိုပေါ့၊ နောက်ပြီးတော့ သက်သေတွေ ပြန်ခေါ်။ သက်သေ ၈ ယောက် ပြန်ခေါ်မယ်တဲ့။ ဦးဉာဏ်ဝင်း ပြောတာနော်။ အဲဒါပါပဲ။ စွဲချက်တင်တဲ့အပေါ် စွဲချက်ကို ထပ်ပြီးတော့မှ အပြစ်ရှိလားမရှိလား မေးတော့ အပြစ်မရှိဘူး။ ဘာဖြစ်လို့မရှိလဲ၊ စွဲချက်တင်တဲ့အတိုင်း ကျူးလွန်ခြင်းမရှိလို့ အပြစ်မရှိဘူး။ ဒါပါပဲ။”
ရုံးချိန်းရက်ကိုတော့ လာမယ့် တနင်္လာနေ့ကို ပြန်ချိန်းလိုက်ပါတယ်။
အခုလို တရားစွဲတင်ဖို့ ဆုံးဖြတ်လိုက်တယ် ဆိုပေမယ့်လည်း ကြားနာစစ်ဆေးစဉ်ကာလ တလျှောက် တရားလို သက်သေ တွေ ဘက်က အစစ်ခံထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိနိုင်တာတွေက အများအပြား ရှိနေတယ်လို့ ယူဆနေသူတွေလည်း ရှိနေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမှုမှာ အကျိုးဆောင်ပေးဖို့ ကျိုးပမ်းခဲ့ပေမဲ့ မရခဲ့ဘဲ ရှေ့နေလိုင်စင်ပါ အသိမ်းခံထားရတဲ့ ဥပဒေပညာရှင် ဦးအောင်သိန်း ကတော့ အာဏာပိုင်တွေရဲ့ စွပ်စွဲချက်တွေ တရားခွင် အတွင်း စစ်ဆေးမှုတွေမှာ မေးစရာတွေ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။
“တရားခွင်မှာ ၀တ်ရုံ ၀တ်ပြီးတော့ demonstration လုပ်ပြတယ်ပေါ့နော်။ အဲဒီ ၀တ်ရုံဟာ ဘယ်အတွက် ဘယ်လို ရည်ရွယ်ချက် နဲ့ သူ ယူလာတာလဲ ဆိုတဲ့ကိစ္စတွေရယ်။ နောက်တချက်က အဲဒီ ၀တ်ရုံနှစ်ခုကို demonstration လုပ်ပြတာ ဟာ ဘာအတွက် လုပ်ပြတာလဲ ဆိုတဲ့အချက်အလက်တွေပေါ့ဗျာ။ ဒီဟာတွေလည်း ပေါ်ပေါက်ဖို့ လိုတယ်ဗျ။ နောက်တခါက ပထမအကြိမ် ၃၀ ရက် ၁၁ လ ၂၀၀၈ ခုနှစ်တုန်းက သူလာတဲ့ဟာ ဘယ်ကနေ လာသလဲ။ ဘယ်လမ်းကြောင်းကနေ လာသလဲ။ အဲဒီကိစ္စတွေလည်း ကျနော်တို့ လိုတယ်နော်။ အိမ်နောက်ဖေး ဘက်ကို ရောက်သွားပြီးတော့ ခြံဝ နောက်ဖေး ဘက်ကို အဲဒီကနေ Book of Morman စာအုပ်တအုပ်ကို ချထားပြီးတော့ သွားတဲ့ဆိုတဲ့ဟာပဲ ပေါ်ပေါက်တယ်။ ပထမ တကြိမ် သူလာသွားတာနဲ့ ပတ်သက်ပြီးတော့ ဒီဟာက သက်ဆိုင်ရာ အာဏာပိုင်ကို အကြောင်းကြားမှု လုပ်လားမလုပ်လား ဆိုတာ ခိုင်ခိုင်မာမာ ကျနော်တို့ ဒါလည်း မသိရဘူး။ ဒီ ဆာရီ ၀တ်ရုံလို ၀တ်ပြီးထွက်သွားရင် မမြင်လိုက်ဘဲနဲ့ ၀တ်ရုံဟာ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့က ခိုးထုတ်သွားမယ့် ပုံစံမျိုးလား။ သို့မဟုတ်ရင် ဒေါ်ခင်ဝင်း တို့ သားအမိ နှစ်ယောက် အတွက်လား။ သို့မဟုတ်ရင် သူနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ၀တ်ဖို့လား။ ဒီလို လားပေါင်းများစွာ စဉ်းစားစရာ အချက်တွေ အများကြီးပေါ့ဗျာ။”
အာဏာပိုင်တွေဖက်က သက်သေခံချက်တွေ၊ အထူးသဖြင့်ကတော့ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို သံတမန်တွေ စာနယ်ဇင်း သမားတွေကို တရားခွင်ဝင်ရောက်ခွင့် ပေးတဲ့နေ့မှာ အစစ်ခံရမှာ ထူးထူးခြားခြား မူဆလင်အမျိုးသမီးတွေ ၀တ်ဆင်လေ့ ရှိတဲ့ ၀တ်ရုံကိုဝတ်ပြီး သရုပ်ပြတာမျိုးတွေ လုပ်ခဲ့တဲ့ ရည်ရွယ်ချက်တွေအပေါ် ရှင်းရှင်းလင်းလင်း သိလိုနေကြတာပါ။ ဥပဒေ အကျိုးဆောင်ရှေ့နေကြီး ဦးကြည်ဝင်းကတော့ ဒီလို ပုံစံအမျိုးမျိုးနဲ့ ထွက်ဆိုနေပေမယ့် ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ အထောက်အကူ ဖြစ်စေတယ်လို့ မယူဆကြောင်း ပြောပါတယ်။
“ပြောနေတာက အဲဒီ ၀တ်စုံက ဒေါ်စုအိမ်မှာ သူက ထားသွားတယ်လို့ ပြောတယ်။ နဂိုကလည်း မသိဘူး။ အဲဒါကတော့ ယက်တော က သူ ထားခဲ့တဲ့ဝတ်စုံလို့ ဆိုတယ်။ ထားထား မထားထားပါ။ ဒါကလည်း အရေးမပါပါဘူး။ ကုလားဝတ်စုံဖြစ်ဖြစ် တရုတ်ဝတ်စုံ ဖြစ်ဖြစ် ဘာကြီးဖြစ်နေနေ အဲဒါ အပိုတွေပါ။ ဒါတွေက အမှုနဲ့ ဘာမှမဖြစ်ပါဘူး။ သူတို့ကတော့ ပြောတယ်။ ဒေါ်စုအိမ်မှာ ရောက်တယ်ပေါ့။ တည်းတယ်ပေါ့။ စားတယ်သောက်တယ်။ ဒါကို ပြောနေတာ။ စားတယ်သောက်တယ် ဆိုတာက စည်းကမ်းထဲမှာမှ မပါဘဲ။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေ ဦးကြည်ဝင်း ပါ။
တရားရုံးတင် ကြားနာမှုတွေ စခဲ့တဲ့ တနင်္လာနေ့ကစလို့ ဖြန့်ချထားတဲ့ လုံခြုံရေးတွေကတော့ တင်းတင်းကျပ်ကျပ် ရှိနေတုန်း ပါ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ခြံဝင်းထဲကို တိတ်တဆိတ် ၀င်ရောက်ခဲ့တယ်ဆိုတဲ့ အမေရိကန် နိုင်ငံသား တယောက် ပါဝင်ပတ်သက်နေတဲ့ အမှုဖြစ်တဲ့အတွက် သူ့သံရုံးက ၀င်ခွင့်ရတာကလွဲလို့ ဗုဒ္ဓဟူးနေ့တုန်းကလို သံတမန်တွေ၊ စာနယ်ဇင်းသမားတွေကတော့ ၀င်ခွင့် မရတော့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံကြောင်း ပြသဖို့ဆိုပြီး ရုံးတင်စစ်ဆေးတာတွေ လုပ်နေတဲ့ အင်းစိန် အကျဉ်းထောင် အနီးအနားကို သွားပြီး အားပေးနေသူတွေလည်း ရှိနေဆဲဖြစ်ပေမဲ့ ဒီနေ့ကတော့ ရန်ကုန်မှာ မိုးကလည်း အတော့်ကို ရွာနေတဲ့အတွက် လူက ခါတိုင်းထက် လျော့သွားတယ်လို့လည်း အဲဒီမှာ ရောက်သွားတဲ့လူတွေက ပြောပါတယ်။

Wednesday, May 20, 2009

သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်းပြော


ဒေါ်အောင်ဆန်းစုကြည်က သံတမန်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည် ဟု ယနေ့နေ့လယ် တရားခွင်သို့ တက်ရောက်ခွင့်ရသည့် သတင်းထောက်များက ဆိုသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံး အပြင်ဘက်၌ ကိုးရီးယား တက်ကြွလှုပ်ရှားသူ တစ်ဦးက အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သဏ္ဍာန် သရုပ်ပြနေခိုက် သတင်းထောက်များက ဓာတ်ပုံမှတ်တမ်းယူနေစဉ် (ဓာတ်ပုံ - Getty Images)
“ဒီကိုလာတဲ့အတွက်ကော အားပေးတဲ့အတွက်ပါ ကျေးဇူးအများကြီးတင်ပါတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က သံတမန်များကို ပြောကြားခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စွဲချက်တင်ခံရသည့် လေးဦးကိုရုံးတင်စစ်ဆေးသည့် တတိယ မြောက်နေ့ ဖြစ်သည့် ယနေ့နေ့လယ်ပိုင်း စစ်ဆေးမှုတွင် သံတမန် ၃၀ နှင့် သတင်းထောက် ၁၀ ဦးတို့ကို တက်ရောက်ခွင့် ပြုခဲ့သည်ဟု သိရသည်။

မေ ၁၈ ရက်၊ ၁၉ ရက် နှစ်ရက်နှင့် ယနေ့နံနက်ပိုင်းတပိုင်းကို အများပြည်သူကြားနာခွင့် မရှိသော တံခါးပိတ်စစ်ဆေးသည့် တရားခွင်တွင် ရုံးတင်စစ်ဆေး ခဲ့ပြီး ၂၀ ရက်နေ့ နေ့လယ်ပိုင်း စစ်ဆေးမှုတွင်မှ ယခုကဲ့သို့ သံတမန်နှင့် သတင်းထောက်များကို တက်ရောက်ခွင့် ပြုလိုက်သည့်အတွက် အများက အံ့အားသင့်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်က သံတမန်များကို တယောက်ချင်းစီ တွေ့ခွင့်မရသော်လည်း ယခုထက် ပိုမို ကောင်းမွန်သောနေ့တွင် တွေ့ဆုံခွင့်ရရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်ဟု တရားခွင်သို့ တက်ရောက်ခွင့် ရရှိသည့် AFP သတင်းစာမျက်နှာတွင် ဆက်လက်ရေးသားထားသည်။

“တယောက်ချင်းစီ တွေ့ခွင့်ရဖို့ ကျမတောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မရတာကို စိတ်မကောင်းပါဘူး” ဟု ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်က သံတမန်များကို ပြောဆိုခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို စင်ကာပူ သံအမတ်၊ ထိုင်း သံတမန်၊ ရုရှားသံတမန်တို့နှင့် တွေ့ခွင့်ပေးသည်ဟု တက်ရောက်ခွင့်ရသူ နိုင်ငံခြားသတင်းဌာနတခုမှ သတင်းထောက် တဦးက ပြောပြ သည်။

မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန်နိုင်ငံသံအမတ်ကြီး မာ့ခ်ကန်းနင်းက “သူ့ကိုကြည့်ရတာ အားအင်တွေပြည့်ဝပြီး တည်တည်ကြည်ကြည်နဲ့ စိတ်ဓာတ်ခိုင်မာတဲ့ပုံပေါ်နေတယ်။ သူ့ ရှေ့နေတွေအတွက်တော့ အားရှိစရာပဲ” ဟု BBC သတင်းဌာနကို ပြောကြားခဲ့သည်။

တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပန်းရောင်အင်္ကျီ၊ အနီရောင်တွင် အဝါဖောက်ထားသော ယော လချည်တို့ဖြင့် ကျန်းမာရေး ကောင်းမွန်သည့် ပုံစံမြင်တွေ့ရကြောင်း တက်ရောက်ခွင့်ရရှိသည့် ပြည်တွင်း ဂျာနယ် သတင်းထောက်တဦးက ပြောပြသည်။

“ဒေါ်အောင်ဆန်းစုကြည်ပုံစံက ပုံမှန် တည်တည်ငြိမ်ငြိမ်ပဲ။ အသားအရေကလည်း ကြည်ကြည် လင်လင်နဲ့ ပြုံးရွှင်နေတာတွေ့ရတယ်။ ရှေ့ဆုံးတန်းက သံတမန်တွေကို နှုတ်ဆက်တဲ့အနေနဲ့ တယောက်ချင်းစီကို ပြုံးပြတယ်” ဟု သူကပြောသည်။

ယမန်နေ့က ကြားနာစစ်ဆေးခဲ့သည့် အများပြည်သူကြားနာခွင့်မရှိသော တံခါးပိတ် တရားခွင်တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်ဟန်ရှိသော်လည်း အနည်းငယ်စိတ်တိုနေဟန် ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှေ့နေ ဦးကြည်ဝင်းက သုံးသပ်သည်။

တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တခြားသူများကို နောက်မှီပါသော ထိုင်ခုံများတွင် တလံ အကွာစီခန့် ချဲကာ တရားသူကြီးနှင့် မျက်နှာချင်းဆိုင် ထိုင်ခိုင်းထားကြောင်း ဦးကြည်ဝင်းက ဆက်ပြောပြသည်။

ယနေ့ တရားလိုပြသက်သေတဦးဖြစ်သော ရဲအရာရှိတဦးကို စစ်ဆေးရာ ၎င်းက ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်း ဝင်ရောက်ခဲ့သည်ဆိုသော မစ္စတာယက်ထောက နေအိမ်ဝင်းအတွင်း အစ္စလာမ် ဘာသာဝင် အမျိုးသမီး ဝတ်စုံ ၂ စုံနှင့် စာအုပ် ၂ အုပ်ချန်ထားခဲ့သည်ဟု အစစ်ခံခဲ့ကြောင်း သိရသည်။ ထိုဝတ်စုံ ၂ စုံကို တရားခွင်တွင် အမျိုးသမီး ၂ ဦးက ဝတ်ပြထားသည်ဟု တက်ရောက်ခဲ့သူ တဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို ကြားနာစစ်ဆေးသော ယနေ့ တရားခွင်တွင် သံတမန်များ၊ နိုင်ငံခြား သတင်းဌာနများနှင့် ပြည်တွင်းမီဒီယာသတင်းထောက်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအပါအဝင် လူ ၇၀ ခန့် တက်ရောက်ခဲ့ကြောင်း ကြားသိရသည်။

တရားခွင်သို့ နိုင်ငံခြားသတင်းဌာနများကို မဲနှိုက်ကာ မဲပေါက်သည့် ဌာန ၅ ခုကိုတက်ရောက်ခွင့်ပြုခဲ့ပြီး မြန်မာပုဂ္ဂလိကသတင်း မီဒီယာ ၅ ခုကိုမူ စာပေစိစစ်ရေးက ရွေးချယ်စေလွှတ်ခဲ့ကြောင်း ကြားသိရသည်။ တက်ရောက်ခွင့်ရသော ပုဂ္ဂလိကမီဒီယာထဲမှ အများစုမှာ ပြန်ကြားရေးဝန်ကြီးနှင့် နီးစပ်သော မီဒီယာများ ဖြစ်သည်။

ထို့ပြင် အစိုးရမီဒီယာများအဖြစ် မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာသတင်းစဉ်တို့မှ သတင်းထောက်များ တက်ရောက်ခဲ့ပြီး ၎င်း မီဒီယာ ၂ ခုက တရားခွင်အတွင်း ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူးခဲ့သော်လည်း ကျန်မီဒီယာနှင့် သတင်းဌာနများမှာ ကင်မရာများ ယူဆောင်ခွင့်မရခဲ့ကြောင်း ကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်းသို့ မစ္စတာ ဂျွန်ဝီလျံယက်ထော ဝင်ရောက်ခဲ့သည်ဟု စစ်အစိုးရက စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပြောင်းရွှေ့၍ ရုံးတင်စစ်ဆေးခဲ့သည့်အတွက် အာဆီယံအပါအဝင် နိုင်ငံ တကာအသိုင်းအဝန်းနှင့် နိုဗဲလ်ဆုရှင်များက ဝိုင်းဝန်းပြစ်တင်ခဲ့ကြသည်။

မေလ ၁၉ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို “တရားခံ” ဟု ခေါ်ဝေါ် သုံးစွဲ ထားသည်ကိုလည်း တွေ့ရသည်။

အင်္ဂလန်နိုင်ငံသံအမတ်ကြီး မစ္စတာ မာ့ခ်ကန်းနင်းက “ဒီဇာတ်လမ်း ဘယ်လိုအဆုံးသတ်မယ်ဆိုတဲ့ ဇာတ်ညွှန်းက ရေးထားပြီးသားပါ။ ထွက်လာတဲ့အဖြေကတော့ ကောင်းမှာ မဟုတ်ဘူး” ဟု BBC သတင်း ဌာနကို ပြောကြားခဲ့သည်။

ဧရာဝတီ သတင်းဌာနမှာ ဖော်ပြချက်

Sunday, May 17, 2009

နအဖ အခက် အမ်အယ်ဒီ အချက်

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲ ဂျွန်ဝီလျံယက်တောဆိုတဲ့ အမေရိကန်ကြီးတဦး နှစ်ရက်ကြာ ၀င်ရောက်တည်းခိုသွားတယ်ဆိုတဲ့ သတင်းကြားရတော့
ဗိုလ်အောင်ဒင်ဇာတ်ကားထဲက စုံထောက်ကြီး ဦးဘချစ် သတင်းစာဖတ်ရင်း အကြီးအကျယ် ဒေါဖောင်းသွားတဲ့ သတင်းခေါင်းစီးကို သွားသတိရမိတယ်။
“ပုလိပ်တွေ ဘာလုပ်နေကြ သလဲ၊ လူဆိုးတွေမှာ ကိုယ်ပျောက်ဆေးရှိသလား” ဆိုတဲ့ သတင်းခေါင်းစီးပါ။ အခုလည်း နအဖ ဗိုလ်ချုပ်မှူးးကြီး သန်းရွှေနဲ့
အပေါင်းအပါတွေကို “နအဖတတွေ ဘာလုပ်နေကြသလဲ၊ ယက်တောမှာ ကိုယ်ပျောက်ဆေးရှိသလား” ဆိုပြီး
ခေါင်းစီးတပ် ရေးရမလိုဖြစ်နေပြီ။ ရယ်ရပုံများ ပြောပါတယ်။

ရယ်မောခြင်းရဲ့ နောက်ကွယ်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ပူပန်စိတ် အကြီးအကျယ် ဖြစ်မိပါတယ်။
တကယ်ဆို ကိုယ်အကျယ်ချုပ်ချထားတဲ့ လူထုခေါင်းဆောင်အတွက် အလုံးစုံတာဝန်ယူရမှာက နအဖပဲလေ။
အပြစ်မရှိတဲ့သူကို ကိုယ့်ဒုက္ခကိုယ်ရှာပြီး သူတို့ နေအိမ်အကျယ်ချုပ် ချထားချင်တာကိုး။
ဒေါ်အောင်ဆန်းစုကြည်က ကျမအိမ်ကို လာစောင့်ရှောက်ပေးပါလို့ နအဖကို လုံခြုံရေးအနေနဲ့ ငှားထားတာမှ မဟုတ်တာ။
အဲဒီတော့ ယက်တောဆိုတဲ့ အမေရိကန်ကြီး အင်းလျားကန်ထဲကပဲ ကုန်းတက်လာ ကုန်းတက်လာ၊ ခြံစည်းရိုးကိုပဲ သူခိုးကြီး ငတက်ဖြားလို ခုန်ဝင် ခုန်ဝင်၊
မိုးပေါ်ကပဲ ကြောင်ကျ ကျလာ ကျလာ၊ လုံခြုံရေးတွေရှိတဲ့ ၀င်းတံခါးကပဲ ကိုယ်ပျောက်ဝိဇ္စာလို ကိုယ်ယောင်ဖျောက်ပြီး ၀င်သွား ၀င်သွား
လုံးဝတာဝန်ရှိတာကတော့ နအဖစစ်အုပ်စုမှာပါပဲ။ လုံခြုံရေးအပြည့်ပေးရမှာ သူတို့တာဝန်ပါ။ သူတို့ မတရားသဖြင့် အကျယ်ချုပ်ထားတာမို့လို့ပါ။

တကယ်လို့များ မပြောကောင်း မဆိုကောင်း ယက်တောက စိတ္တဇလူသတ်သမား ဖြစ်နေတယ် ဆိုကြပါစို့။ သူ နအဖလုံခြုံရေးတွေ မသိလိုက်ဘဲ ခိုးဝင်သွားလို့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ပါတဲ့အထိ ဖြစ်သွားပါပြီတဲ့။ နအဖ ဘယ်လိုမျိုးဆင်ခြေတွေ ပေးမလဲ၊ ဘာလုပ်ပေးမှာလဲ စဉ်းစားကြည့်မိတော့
ကြက်သီးမွေးညင်း တောင် တော်တော်ထသွားမိတယ်။ အဲဒီလိုမျိုးများဖြစ်ခဲ့ရင် နအဖက ကျွန်တော်မျိုးတို့ မသိလိုက်လို့ ဖြစ်သွားတာပါ ခင်ဗျားလို့
ဆင်ခြေဆင်လက်ပေးရုံနဲ့ ပြီးနိုင်မလား။ ပြည်သူလူထုကြီးနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကရော အဲဒီအဖြေကို လက်ခံမလား။
ဒေါသတွေ ဘယ်လောက်တောင်များ ပေါက်ကွဲလိုက်ကြလေမလဲ။ အဲဒီပေါက်ကွဲမယ့် ဒေါသမုန်တိုင်းနဲ့ တင် နအဖ လွင့်စဉ်သွားလောက်မယ်ထင်ပါရဲ့။

၁၉၈၃ ခုနှစ် သြဂုတ်လ (၂၁) ရက်နေ့က ပြည်တော်ပြန်လာခဲ့တဲ့ ဖိလစ်ပိုင် အတိုက်အခံခေါင်းဆောင် ဘင်နစ်နိုအကွီနိုရဲ့
ဖြစ်အင်ကို အခုထိ အမှတ်ရနေမိပါသေးတယ်။ မနီလာလေဆိပ်အရောက်မှာ ဖိလစ်ပိုင်အာဏာရှင် မားကို့စ်က ဘင်နစ်နိုအကွီနိုကို တဖက်လှည့်နဲ့ လုပ်ကြံခိုင်းလိုက်တယ်။
ဒါပေမယ့် အဖြစ်မှန်ကို ဖိလစ်ပိုင်လူထုကြီးက သိသွားပြီး အကြီးအကျယ် အုံကြွပေါက်ကွဲပါလေတော့တယ်။ ဖိလစ်ပိုင်လူထုရဲ့ ဒေါသမုန်တိုင်းကြောင့်ပဲ
မကြာမတင်မှာ ဗိုလ်ချုပ်ကြီးရာမို့စ် ခေါင်းဆောင်တဲ့ ဖိလစ်ပိုင်စစ်တပ်က အတိုက်အခံခေါင်းဆောင်သစ် မုဆိုးမ ကိုရာဇန်အကွီနိုနဲ့ ပေါင်းသွားခဲ့တယ်။
အဲဒီနောက် အာဏာရှင်မားကို့စ် ဖနောင့်နဲ့တင်ပါး တသားတည်း ပြေးခဲ့ရပါလေရောလား။ ဒီကနေ့အထိ မျက်စိထဲက မထွက်သေးတဲ့ ဖြစ်ရပ်ပါ။

အဲဒီလို နမူနာမျိုးတွေ ရှိနေလေတော့ နအဖအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ထဲမှာနေရင်း တစုံတခုဖြစ်သွားမှာ မျိုးတော့ လုံးဝအဖြစ်မခံရဲမှာ
အသေအချာပါပဲ (ဒီပဲယင်းမှာ သွားရင်းလာရင်း ၀ိုင်းအရိုက်ခံရတာမျိုးက တမျိုးပေါ့လေ။ အဲဒီတုန်းကလည်း မပြောကောင်း မဆိုကောင်း ဒေါ်အောင်ဆန်းစုကြည်
အသက်ပါသွားခဲ့လို့ကတော့ မြန်မာပြည်သူ လူထုရဲ့ ဒေါသနဲ့ ဗိုလ်သန်းရွှေတို့ လူသိုက် အခုလောက်ဆို စစ်ဘောင်းဘီတခြား ကိုယ်တခြား ဖြစ်နေလောက်ပြီ ထင်ပါရဲ့)။
ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် တခုခုဖြစ်သွားခဲ့ရင် ပေါက်ကွဲထွက်လာမယ့် (ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးအားထားပြု လေးစားကြည်ညိုတဲ့)
မြန်မာပြည်လူထုကြီးရဲ့ သေမထူးနေမထူး ဒေါသကို ဗိုလ်သန်းရွှေတို့ နအဖတသိုက် စိုးရွံ့လို့ပါပဲ။

အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် တစုံတခုဖြစ်မှာကို စိုးရွံ့မယ့် နအဖအနေနဲ့ သူတို့မသိဘဲ
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲကို လူတယောက်လုံးမပြောနဲ့ ခွေးတကောင် မျက်စိလည်လမ်းမှားပြီး ၀င်မယ်ဆိုရင်တောင် ခွင့်ပြုမှာ မဟုတ်ပါဘူး
(ခွေးရူးကိုက်ရင်လည်း အဆင့်မသင့်ရင် အသက်အန္တရာယ် ရှိတတ်တာကိုးခင်ဗျ)။
ဒီလိုအခြေအနေမျိုးမှာ ယက်တော ၀င်လာတယ်ဆိုတော့ အကြီးအကျယ် စဉ်းစားစရာပေါ့။ ဒါက ပထမတချက်။

နောက်တချက်က ဒီ ယက်တောဆိုတဲ့ အမေရိကန်ကြီးက နအဖက ဖမ်းမိတယ်ဆိုတဲ့ အခုအခေါက်မှ ပထမဆုံးအကြိမ် ခိုးဝင်တာမဟုတ်ပါဘူး။
၂၀၀၈ တုန်းကတည်းက ပထမအကြိမ် ခိုးဝင်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက သက်ဆိုင်ရာ အာဏာပိုင်တွေဆီ အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်။
ဒါကို အခုတခေါက် မြန်မာပြည်ထဲ ထပ်ဝင်ဖို့ ပြည်ဝင်ခွင့်ဗီဇာ ထပ်ထုတ်ပေးတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ခိုးဝင်ဖူးတဲ့သူမှန်း သိထားရဲ့သားနဲ့
ဘာ့အတွက်ကြောင့် ဗီဇာထပ်ထုတ်ပေးသလဲဆိုတာ စဉ်းစားစရာ ဖြစ်မနေပေပြန်ဘူးလား။ ဒါက ဒုတိယတချက်။

အဲဒီတော့ ပထမအချက်က ကိုယ်ဖမ်းထားတဲ့ လူထုခေါင်းဆောင်ရဲ့ လုံခြုံရေးကို တာဝန်မယူနိုင်မှု၊ ဒုတိယအချက်က သိသိကြီးနဲ့ ထောင်ချောက်ဆင် ဟပေးထားမှု၊
အဲဒီနှစ်မှုထဲက တမှုနဲ့တင် နအဖမှာ အပြစ်လုံးဝရှိနေပြီဆိုတာ အသေအချာပြောနိုင်ပြီ ဖြစ်ပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန်ကို ဖမ်းသွားပြီး
အခုအထိ ဘယ်မှာထိန်းသိမ်းထားမှန်း မသိရတာကလည်း (ဆောင်းပါးရေးပြီးချိန်မှာတော့ ဒေါက်တာတင်မျိုးဝင်း ပြန်လွတ်လာပြီလို့ သိရပါတယ်) နအဖရဲ့ မရိုးမသားလုပ်ကြံမှုကို
ပိုပြီးသံသယကြီးထွားစေပါတယ်။ ဘာတခုမှ ပွင့်လင်းမြင်သာမှု၊ ရိုးသားမှု မရှိလို့ပါ။

အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ယက်တောကို ဘာဖြစ်လို့ တည်းခွင့်ပြုရတာလဲ ဆိုတဲ့အထိတောင် တောင်တောင်အီအီ စဉ်းစားစရာ မလိုတော့ဘဲ
ဗိုလ်သန်းရွှေတို့ စစ်အုပ်စုရွှေ့တဲ့ ကလေးကွက်က ဘွားဘွားကြီး ပေါ်နေတာကို တွေ့ရမှာပါ။ စဉ်းစားလည်းပဲ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက
ကိုယ့်ကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့ နိုင်ငံတကာသိ လူထုခေါင်းဆောင်တယောက်၊
အိမ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းနဲ့ သမီးဖြစ်သူ မ၀င်းမမတို့ အတူရှိနေတယ်၊
နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူတဖက်သားကို ဒုက္ခရောက် နစ်နာစေလိုတဲ့ ဆန္ဒမျိုး ရှိသူမဟုတ်၊
အဲဒါကြောင့် ယက်တောကို နှင်မထုတ်တာ အဆန်းလားလို့ မေးခွန်းပြန်ထုတ်လိုက်ရုံပေါ့။ ယက်တော ၀င်လာပြီဆိုကတည်းက
နအဖအပြစ် လုံးလုံးကြီး ဖြစ်နေတဲ့ဟာကိုးလေ။ တကယ်ဆို ရှင်းပြနေစရာတောင် မလိုပါဘူး။

အဲဒီလိုကလေးကွက်ကို နအဖ ဘာကြောင့်ရွှေ့ခဲ့သလဲ။ ရှင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရက်စေ့တော့ မှာရယ်၊
သူတို့ရဲ့ ကလိန်စေ့ငြမ်းဆင် လမ်းပြမြေပုံအတွက် အနှောက်အယှက်လို့ ယူဆတဲ့ ဒေါ်အောင်ဆန်းစုကြည်က
ို ၂၀၁၀ ကျင်းပပြီးတဲ့အထိ ဆက်ဖမ်းထားချင်လို့ရယ် ကြံရမရဖြစ်ပြီး သူတို့လုပ်မိတာဖြစ်ပါတယ
် (မပိရိတာတခုတော့ နအဖကို သနားဖို့ကောင်းပါတယ်)။ အဲဒီလို သူတို့အပြစ် လုံးလုံးလျားလျားကို ဒေါ်အောင်ဆန်းစုကြည်အပြစ်လို့ ပုံချပြီး
အင်းစိန်ထောင်ကို ခေါ်သွားတယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတဲ့ လူထုအနေနဲ့ ဒေါသအရှိန် အဟုန် မြင့်တက်လာတာ
မဆန်းပေဘူးပေါ့။ နဂိုကတည်းကမှ ကိုယ့်လူထုခေါင်းဆောင်ကို မတရားဖမ်းဆီးချုပ်နှောင် ထားလို့ ဒေါသထွက်နေရတဲ့အထ
ဲ အခုလို ယုတ်မာကောက်ကျစ်လေတော့ ဒေါသအရှိန်ပိုမြင့်ပြီပေါ့။

ဒါပေမယ့် ဒါဟာ လူထုရဲ့ ဦးဆောင်ပါတီ အန်အယ်လ်ဒီအတွက်တော့ အဆိုးထဲက အကောင်းလို့ ပြောရမယ့် အခြေအနေပါ။
ဗိုလ်သန်းရွှေ ရွှေ့လိုက်တဲ့ ကလေးကွက်ကြောင့် လူထုရဲ့ ဒေါသအရှိန်အဟုန် မြင့်လာတာဟာ နအဖစစ်အုပ်စုအတွက်
စိုးရိမ်စရာဖြစ်ပေမယ့် တလျှောက်လုံး မတရားသဖြင့် အနှိပ်ကွပ်ခံခဲ့ရတဲ့ အန်အယ်လ်ဒီပါတီ အတွက်တော့ လူထုအားနဲ့
တိုက်ခွင့်ရမယ့် တကယ့်မဟာအချက်ပါ။ လူထုရဲ့ ဒေါသရေချိန်မြင့်တက်လာချိန်မှာ လူထုတိုက်ပွဲဖော်ပြီး နအဖကို စိန်ခေါ်ဖို့ တကယ့်အခွင့်အခါကောင်းပဲ ဖြစ်ပါတယ်။

အန်အယ်လ်ဒီအနေနဲ့ လူထုတိုက်ပွဲကနေ အဆုံးသတ်တိုက်ပွဲအထိ ဦးဆောင်ဖို့ မထင်မှတ်ဘဲ အခွင့်အရေးရတာလို့ ပြောရမှာဖြစ်ပါတယ်။
အဲဒါကြောင့်မို့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ်က နှုတ်မထွက်ချင်တဲ့ ဦးအောင်ရွှေတို့၊ ဦးလွင်တို့ အနေနဲ့ ရွှေဝါရောင်တုန်းကလို အိမ်တွင်းပုန်းလုပ်မနေကြဘဲ
လူထုရှေ့က မားမားမတ်မတ်ထွက်ပြီး (သမိုင်းတရားခံ မဖြစ်ရလေအောင်) ရဲရဲတောက် ဦးဆောင်ပေးကြဖို့ အချိန်ကျရောက်နေပြီဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရ ပါတယ်။

Ref : : ခေတ်ပြိုင်အွန်လိုင်းဂျာနယ်မှာ ဒေါက်တာလွန်းဆွေ၏ ဆောင်းပါးဖြစ်ပါသည် ။

Saturday, May 16, 2009

ဒေါ်အောင်ဆန်းစုကြည်အတွက် ပြောချင်တဲ့စကားများ

ဟေ့ … ပွဲကတော့ ကြည့်မကောင်းတော့ပါဘူးကွယ်၊ ဘောလုံးပွဲ ဂိုးစည်းအတွင်းမှာ နောက်တန်း ခံစစ်မှူး (ဘက်) တွေက တဖက်အသင်း ရှေ့တန်း တိုက်စစ်မှူး တဦးကို ခြေထိုးခံလိုက်၊ ဖနောင့် ချိတ်နင်းလိုက်၊ ညို့သကြီး ကန်လိုက်၊ အရှိုက် ထောက်လိုက်၊ မျက်နှာ ဖြတ်ရိုက်လိုက်၊ မှောက်လျက်လဲတော့ ချော်လဲရောထိုင် ခေါင်းနဲ့ ဆောင့်လိုက် လုပ်နေကြတဲ့အထဲမှာ၊ လူကျွံဘော တယောက်က ဖြတ်၊ ဖြတ်တဲ့သူက ဖောင်း မဖြစ်၊ လဲနေတဲ့ တိုက်စစ်မှူး သူ မထလာလို့ ဟိုကောင် ဖောင်း ဖြစ်တာ ဆိုတဲ့ပြီး၊ ဒိုင်လူကြီးက ပယ်နယ်တီ မပေးတဲ့ အပြင် အနီရောင် ကတ်တပြပြ ပ ထုတ်တော့မယ့်ပုံ ဖြစ်နေတယ်။

ဒုက္ခ သောကတွေ ဖိနှိပ်ချုပ်ချယ် အကျယ် တစ်ရာ့နှစ်ဆယ် ဥပဒေ ရှည်ချင်တိုင်း ရှည်ခဲ့ပြီ၊ ပြည်သူတွေ ဘက်ကတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အသက်ပေးပြီး လွတ်လပ်ရေး ရအောင် အကျိုး ဆောင်သွားတဲ့ အမျိုးသားရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ တဦးတည်းသော သမီးကလေးမို့ ညီမလေး အောင်ဆန်းစုကြည်ကို သနား ကြင်နာကြတာလဲ ရှိတယ်၊ ဖတဆိုးလေးပေါ့နော်၊ မျက်နှာပေါက်ကလဲ အဖေတူ၊ တိုင်းပြည် ချစ်ပုံကလဲ အဖေတူ၊ ခေါင်းမာတာချင်းလဲ တူကြလေတော့ သူ့အဖေလိုပါပဲကလားလို့ ယုံကြည် စိတ်ချ အားကိုးလိုက်ကြတာ။

သူကိုယ်တိုင် ရွေးကောက်ပွဲ ဝင်ခွင့် မရတာတောင် သူ ပါဝင် ဆောင်ရွက်နေတဲ့ အဖွဲ့ကြီးကို မဲဆန္ဒနဲ့ ရွေးပြခဲ့တာ ပေါ်ပေါ်ထင်ထင်ပါပဲ။

ကံဆိုးလိုက်တဲ့ မိန်းခလေးနော်၊ ဖအေ့လက်ပေါ်လဲ မကြီးခဲ့ရ၊ အမေနဲ့လဲ အမြဲမနေရ၊ အကိုကလဲ ဂွကျတတ၊ ဒုက္ခ … ဒုက္ခ … ၊ လင်ဆုံး၊ သားတွေနဲ့ဝေး မြေးကလေးမှ ချီလို့ မရ၊ ဘာမှကို လုပ်လို့ မရတဲ့ဘဝ၊ အချိန်တွေ နှမျောလိုက်မှာ သိတယ်ကွယ်။

ဒီမိုကရေစီရေးအရ နိုင်ငံ ဝန်တာ ကျလာတော့လဲ သွေးမပျော့ရှာပါဘူး၊ ချောင်းမရှောင် မြစ်မရှောင် သေနတ်နဲ့ဖြောင်မယ် ဆိုလဲ မရှောင်၊ သူ့အဖေ ယူပေးတဲ့ လွတ်လပ်ရေး ကုလားထိုင်ပေါ် ထိုင်စားနေရပါလား ဆိုတဲ့ အသိမှ မရှိကြတော့တဲ့ ငရဲသွားမယ့် လူမိုက်တွေ ရိုက်ကြ တိုက်ကြတာလဲ ခံရ၊ ရေရှည်ရက်ဆွဲ တယောက်ထဲလဲထား၊ ရူးမသွားတာ ကံကောင်း။

အကြောင်းမကောင်းတဲ့ ညီမစုလေးနဲ့ ဘဝတူ မောင်နှမများ အတွက် တို့တွေ အားလုံး ဝိုင်းပြီး ဆုတောင်းကြရအောင်။


နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ
အမြန်ဆုံး လွတ်မြောက်ကြပါစေ
အမြန်ဆုံး အေးချမ်းသာယာ ပြည်မြန်မာ ဖြစ်လာပါစေ
မြန်မာပြည်သား အားလုံး စုရုံး ပျော်မွေ့ ပြန်တွေ့နိုင်ကြပါစေ

မာမာအေး
မေ ၁၅၊ ၂၀၀၉

Friday, May 15, 2009

Myanmar democracy activist held in prison

YANGON, Myanmar – Myanmar's jailed democracy leader Aung San Suu Kyi insists she is not guilty of violating her house arrest, her lawyer said Friday, as a clearer picture emerged of the American who swam to her home and kicked off the junta's latest crackdown.

Ahead of Suu Kyi's trial Monday, the Nobel Peace Prize laureate spent the night at the country's notorious Insein Prison where she is being held in a "guest house" within the compound during her trial proceedings, said her lawyer Kyi Win.

Worldwide condemnation has poured in since Suu Kyi was charged Thursday with breaking the terms of her yearslong detention, just two weeks before she was due to be released. Her trial was scheduled to be held at a special court at the prison, which has held numerous political prisoners over the years.

World leaders, human rights groups and fellow Nobel laureates denounced the move as an attempt by the military junta to silence its chief opponent ahead of next year's election — which will be the first since Suu Kyi's party won elections in 1990 that the junta refused to recognize.

Secretary of State Hillary Rodham Clinton and U.N. Secretary-General Ban Ki-moon condemned the charges and called for Suu Kyi's immediate release.

"If the 2010 elections are to have any semblance of credibility, she and all political prisoners must be freed to participate," British Prime Minister Gordon Brown said.

The Singapore government said it "is dismayed" by the charges against Suu Kyi, one of the few criticisms to come from Myanmar's neighbors in Southeast Asia, who abide by a much-criticized policy of not interfering in each others affairs.

The charges follow a mysterious visit to her home by John William Yettaw, 53, an American who swam across a lake and sneaked into her home seeking food and a place to rest.

It was the second time Yettaw had made the trip after swimming across the lake last summer, but on that visit the house staff kept him from speaking to Suu Kyi, his wife, Betty Yettaw told The Associated Press in an interview outside her home near Camdenton in southern Missouri.

"I think that's what motivated him to go back. He thought he could be in and out," she said, describing her husband as eccentric but peaceloving and "not political at all."

Before making the latest trip, Yettaw left his 10-year-old and three teenagers with friends, then visited his former wife in California last month and told her he had to go to Asia to work on a psychology paper about forgiveness, according to his ex-wife Yvonne Yettaw.

John Yettaw belongs to the Church of Jesus Christ of Latter-day Saints, commonly known as the Mormons, said Yvonne Yettaw, adding that it was unlikely he was in Southeast Asia to proselytize for the church or convert the Nobel laureate.

Yvonne Yettaw, speaking from Palm Springs, California, told the AP that her ex-husband lived on veteran's disability benefits, supplemented by occasional construction work. She said he had been studying psychology and writing a paper about forgiveness after trauma, and went to Southeast Asia for research but he was "real secretive" about his journey.

Suu Kyi has already spent 13 of the last 19 years in detention without trial for her nonviolent promotion of democracy. She was scheduled to be freed May 27 after six consecutive years of house arrest but now faces up to five years in prison if convicted of violating the terms of her detention, said one of her lawyers, Hla Myo Myint.

"Daw Suu understands the law and told me, 'I did not break the law," said her chief lawyer Kyi Win, who met with Suu Kyi on Thursday. "Daw" is a term of respect for older women.

"She did not contact the swimmer, he came in as an intruder and she's not guilty," said Kyi Win, who attended the Thursday arraignment and met with Suu Kyi.

According to the restriction order under which Suu Kyi is held, she is prohibited from having contact with embassies, political parties and "associated persons" and she is barred from communicating with the outside world by telephone or mail, he said.

Myanmar citizens are required to report overnight visitors to local authorities but Suu Kyi's "did not report him because she did not want to see anyone arrested because of her."

Yettaw was arrested May 6 for allegedly swimming across a lake to secretly enter Suu Kyi's home and staying there for two days. He was brought to the same courtroom Thursday as Suu Kyi and charged with illegally entering a restricted zone, which carries a maximum penalty of five years in prison, and breaking immigration laws, which is punishable by up to one year in jail.

The junta scheduled elections as part of its so-called "roadmap to democracy," but the effort is widely perceived as a guise for continued military control.

Parliamentary rule was overthrown by a coup in 1962, and the army has been in control since then. It held an election in 1990 but refused to honor the results after Suu Kyi's National League for Democracy party won in a landslide.

Ref :  : Yahoonews

ဒေါ်အောင်ဆန်းစုကြည် ထောင်ချောက်ဆင်ခံရသလော



ထိန်းသိမ်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ အမေရိကန် တဦး ဝင်ရောက်မှု နှင့် စစ်အစိုးရ၏ နောက်ဆက်တွဲ အရေးယူ ဆောင်ရွက်ချက်များမှာ အများက စိတ်ဝင်တစား ဝေဖန် ပြောဆိုနေကြသည့် အကြောင်းအရာ ဖြစ်နေသည်။

ပြီးခဲ့သည့်အပတ်က အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်တောသည် လုံခြုံရေး တင်းကျပ်သော ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ ဝင်ရောက်ပြီး အပြန်တွင် ဖမ်းဆီးခံလိုက်ရသည်။ အိမ်ရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အာဏာပိုင်တို့ လျစ်လျူမရှုခဲ့ပေ။ ယနေ့ နံနက်ပိုင်းတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပို့ဆောင်ပြီး ကန့်သတ်ချက် ဖောက်ဖျက်မှုဖြင့် တရားစွဲလိုက်သည်။

စစ်အစိုးရက ဤဖြစ်ရပ်ကို ၎င်းတို့၏ အကျိုးအတွက် အသုံးချခြင်း ဖြစ်သည်ဟု ထင်ရှားသည့် မြန်မာဘလော့ဂါ အောင်သာငယ်က သုံးသပ်သည်။

“နအဖရဲ့ လုပ်ဇာတ်လေ။ ဒေါ်စုကို ထောင်ထဲ ထည့်မယ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သူ့သြဇာ မပါအောင် ကြိုတင် ဖြိုဖျက်တာပဲ။ ဒါမှ သူတို့ ပြောနေတဲ့ ဥပဒေတွေနဲ့ ကိုက်မှာကိုး။ ဒေါ်စုဟာ ပြင်ပက အဆက် အသွယ်တွေ ရှိတယ်၊ နိုင်ငံခြား သြဇာခံတွေ ရှိတယ်ပေါ့ဗျာ” ဟု ကယ်လီဖိုးနီးယားပြည်နယ်ရောက် ဘလော့ဂါ အောင်သာငယ်က ပြောသည်။

ရန်ကုန် အခြေစိုက် စာနယ်ဇင်းသမား တဦးက အမေရိကန် နိုင်ငံသားသည် စစ်အစိုးရနှင့် ပတ်သက်ခြင်းမရှိဟု ယူဆသည်။

“ယက်တော ဆိုတဲ့သူကတော့ သူ့စိတ်ကူးနဲ့သူ လုပ်ချင်တဲ့ဟာကို လုပ်သွားတာ ဖြစ်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချဖို့ ကြံစည်နေတဲ့ နအဖက အဲဒီ အဖြစ် အပျက်အပေါ်မှာ အကျယ်ချုပ် သက်တမ်း တိုးဖို့၊ ဖမ်းဆီးတာ သက်တမ်းရှည်ဖို့ အတင်း အဓမ္မ ခွင်ဆင်တာ လို့ မြင်တာပါပဲ” ဟု အဆိုပါ စာနယ်ဇင်းသမားက ပြောသည်။ “ဆင်တဲ့ခွင်က မသင့်တော်လည်း အတင်းလုပ်တဲ့ သဘောပါပဲ” ဟု ဆိုသည်။

မြန်မာနိုင်ငံအကြောင်း ရေးသားလေ့ရှိသည့် ထင်ရှားသော ဘလော့ဂါတဦးဖြစ်သူ မင်းဒင် ကလည်း ယခု လူပြောများနေသော ဖြစ်ရပ်မှာ သွေးရိုးသားရိုးမဟုတ်နိုင်ဟု ပြောသည်။

“သံသယ အမြင်နဲ့ စွပ်စွဲတာမျိုးကို ကျနော် မပြောချင်ပေမယ့် အာဏာအတွက် လူစုပြီး ချောင်းရိုက်တတ်တဲ့ စစ်သားအမည်ခံ ကိုယ်ကျိုးရှာ၊ အာဏာရှင်တွေဟာ မဟုတ်၊ မတရားတာကို လုပ်ဖို့ ဘယ်တုန်းကမှ လက်မနှေးခဲ့တာကြောင့် ယက်တောကိစ္စမှာလည်း သွေးရိုးသားရိုးလို့ ကျနော် မယူဆနိုင်ပါဘူး” ဟု သုံးသပ်ပြသည်။

ဤအမှုမှာ ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ သက်သက်၊ ဒဏ်ငွေ ၅ဝဝဝ ချမှတ်နိုင်သည့် အမှု ဖြစ်သည်ဟု ရန်ကုန်မှ ရှေ့နေကြီး ဦးအောင်သိန်းက ရှင်းပြသည်။

နိုင်ငံတကာတွင်လည်း လွတ်ရက်စေ့တော့မည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး တုံ့ပြန် ပြောဆိုမှုများ ရှိနေသည်။

သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး စတီဖင်စမစ်က ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးမှုမှာ “အလွန်တရာ စိုးရိမ်ဖွယ်” ဖြစ်သည်ဟု ဆိုသည်။

ယခုဖြစ်ရပ်တွင် အဓိကပုဂ္ဂိုလ် တဦး ဖြစ်သူ ဂျွန် ဝီလျံ ယက်တောသည် ယခုအချိန်အထိ အဖွဲ့အစည်း တခုခုနှင့် ပတ်သက်သည် ဟူသော သတင်း ထွက်ပေါ်လာခြင်း မရှိပေ။ သာမန် အရပ်သား တဦးသာ ဖြစ်သည် ဟု ဆိုသည်။

သူ၏ သားဖြစ်သူ ပေါလ်နက်ရိုက AP သတင်းဌာနသို့ ပြောပြရာတွင် ဂျွန် ဝီလျံ ယက်တောသည် နိုင်ငံရေး လှုပ်ရှားမှုများတွင် စိတ်ဝင်စားမှု မရှိဟု ဆိုသည်။

“ဂျွန်က အန္တရာယ် မပေးတတ်သလို နိုင်ငံရေးလည်း စိတ်မဝင်စားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဒုက္ခပေးဖို့ စိတ်ကူးမရှိပါဘူး” ဟု ပေါ်လ်နက်ရိုက ပြောသည်။

“ဂျွန်က ဆီးချိုရောဂါရှိသည်၊ ကျန်းမာရေး ကောင်းတာလည်း မဟုတ်ဘူး”ဟု ဆိုသည်။ ကျန်းမာရေး ကောင်းမွန်ခြင်း မရှိသဖြင့် မှန်ကန်စွာ ဆုံးဖြတ်နိုင်မည် မဟုတ်ဟု ၎င်းက ပြောသည်။

ယခုအချိန်အထိ ဂျွန် ဝီလျံ ယက်တော၏ ကျူးကျော်ဝင်ရောက်မှုနှင့် ပတ်သက်ပြီး ဂျွန် ဝီလျံ ယက်တောနှင့် တွေ့ခွင့် ရခဲ့သော ရန်ကုန်မြို့ အမေရိကန် ကောင်စစ်ဝန်ထံမှ လည်းကောင်း၊ စစ်အစိုးရ ထံမှ လည်းကောင်း ပြည့်စုံသည့် ပြောကြားချက် ထွက်ပေါ်လာခြင်း မရှိသေးပေ။

ပြည်ပရောက် နိုင်ငံရေးသမားဖြစ်သူ ကိုငွေလင်းက ဤဖြစ်ရပ်တွင် မြှုပ်ကွက်များ ရှိနိုင်သည်ဟု ခန့်မှန်းနေသည်။

“သံသယ ဖြစ်စရာတွေ တွေ့ရတယ်။ တကယ်တော့ ဒီနေရာက လုံခြုံရေး စည်းကြပ်ထားမှုအရ ဆိုရင် ဝင်လို့ကို မရတဲ့ နေရာဖြစ်တယ်။ ဒီလို လုံခြုံရေး အခြေအနေ ရှိတဲ့ ဒီနေရာကို လာခွင့် ရသွားတယ်။ မမြင်ချင် ယောင်ဆောင်တာ ဒါမှမဟုတ် ဝင်ရောက်ခွင့် ပေးလိုက်တာမျိုး မဟုတ်ဘဲနဲ့တော့ ဝင်လို့ ရစရာ အကြောင်း မရှိဘူး။ သူ့ရဲ့ကျူးကျော်မှုမှာ အစိုးရ သော်လည်းကောင်း၊ လုံခြုံရေး ဝန်ထမ်းတွေ သော်လည်းကောင်း ပါဝင်နေတယ် လို့ ကျနော် သုံးသပ်မိတယ်” ဟု ကိုငွေလင်းက ဧရာဝတီကို ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်စေ့ခါနီးတွင် အစိုးရက သူ့ကို ပြန်လည် ထိန်းသိမ်းနိုင်ရန် ကြိုတင် ကြံစည် ဆောင်ရွက်ခြင်း ဖြစ်မည်ဟု သံသယရှိမိကြောင်း ကိုငွေလင်းက ရှင်းပြသည်။

ဧရာဝတီမှာ ကူးယူဖော်ပြပါသည်

Thursday, May 14, 2009

နအဖ ဗိုလ်မှူးချုပ် တစ်ဦး တိုက်ပွဲကျ

နအဖစစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ၂ ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ယခုလ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ နအဖတပ်မှ ဗိုလ်မှူးချုပ် အဆင့်ရှိသူ တစ်ဦးကျ ဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် ကျဆုံးသည့် အသက် ၄၉ နှစ်ရှိ ဗိုလ်မှူးချုပ် ကောင်းမြတ်သည် ရခိုင်ပြည်နယ် တောင်ကုတ် အခြေစိုက် အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဖြစ်သည်ဟု မြန်မာ စစ်တပ် အသိုင်းအ၀န်းနှင့် KNLA တို့မှ အတည်ပြု ပြောဆိုသည်။

 

ယခုကဲ့သို့ မြန်မာစစ်တပ်ဘက်မှ အဆင့်မြင့် အရာရှိတဦး ကျဆုံးမှုသည် ၁၉၄၈ ခုနှစ်မှ စတင်၍ ပထမဆုံးအကြိမ် ဖြစ်ကြောင်းလည်း စစ်ရေး လေ့လာသူများ၏ ပြောဆိုချက်အရ သိရသည်။

ကျဆုံးသူ ဗိုလ်မှူးချုပ် ကောင်းမြတ်သည် ကရင်ပြည်နယ် ဒေသအတွင်းရှိ နအဖ တပ်စခန်းများရှိသော ဘူဆာခီးနှင့် နောဆိုး လက်နက်ကြီး စခန်းများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး အပြန် လမ်းခုလပ် တနေရာ၌ ဖြစ်ပွားသည့် ရင်ဆိုင်တိုက်ပွဲတွင် ကျဆုံးရခြင်း ဖြစ်သည်ဟု KNU တွဲဖက်အတွင်းရေးမှူး (၁) ဖဒို စောလှငွေက ဧရာဝတီသို့ ပြောသည်။

"ကျနော်တို့ဆီက တပ်ဖွဲ့တွေက ကားလမ်းကို ဖြတ်ဖို့လုပ်နေတဲ့ အချိန်မှာ သူတို့ (နအဖ) ကားတန်း ဆင်းလာတဲ့ အချိန်နဲ့ ထိပ်တိုက်တိုးပြီး ၁၀ မိနစ်ခန့်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်"ဟု ၎င်းက ပြောသည်။

ယင်း ဗိုလ်မှူးချုပ် ကောင်းမြတ်၏ ရုပ်အလောင်းကို ညတွင်းချင်းပင် နေပြည်တော်သို့ သယ်ဆောင်သွား သည်ဟုလည်း ဖဒို စောလှငွေက ဆိုသည်။

ဗိုလ်မှူးချုပ် ကောင်းမြတ်သည် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အတွင်းမှာရှိ ဒေသခံ ရွာသားများကို လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းများတွင် အဓမ္မလုပ်အားပေး ခိုင်းစေခြင်း၊ ကြမ်းတမ်းစွာ ပြုမူဆက်ဆံခြင်းများ ပြုလုပ်သူ ဖြစ်ကြောင်း အတိုက်အခံ သတင်းရပ်ကွက်များက ပြောသည်။

၎င်းသည် အမှတ်စဉ် ၂၃ စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်မှ စတင်၍ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဖြစ်လာခဲ့သည်။

ယခုတိုက်ပွဲတွင် နအဖဘက်မှ အင်အား ၁၀၀ ခန့်ရှိကြောင်း ကရင်သတင်း ရပ်ကွက်က ဆိုသည်။ နှစ်ဘက် အထိအခိုက် အကျအဆုံးကိုမူ မသိရှိရပေ။

KNLA ၏ အဆိုရ ၂၀၀၉ ခုနှစ် ပထမ လေးလအတွင်း မြန်မာစစ်တပ်မှ အရာရှိ ၁၂ ဦးအပါဝင် တပ်သားအဆင့် ၂၂၅ ဦးကို ချေးမှုန်းနိုင်ခဲ့ပြီး ၄၄၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ KNLA ဘက်မှ ၇ ဦးကျဆုံး၍ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေခီး ဒေသရှိ KNLA တပ်ရင်း ၂၀၁ စခန်းကို မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တို့ ပူးပေါင်း၍ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

၁၉၄၈ ခုနှစ်မှ စတင်၍ မြန်မာစစ်အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်ဖွဲ့ တို့သည် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် KNLA ဌာနချုပ်ကို ထိုင်း-မြန်မာနယ်စပ်သို့ ရွှေ့ပြောင်း အခြေစိုက်ခဲ့သည်။


ဧရာဝတီမှာကူးယူဖော်ပြပါသည် ။

Tuesday, May 5, 2009

တပ်ဖွဲ့ဝင်အင်အားလျှော့ချမည့် ကိစ္စ ဒီကေဘီအေ အတွင်း သဘောထားကွဲ

တိုးတက်သောကရင်ဗုဒ္စဘာသာအဖွဲ့ (ဒီကေဘီအေ) ကို နယ်ခြားစောင့်တပ်အဖြစ် မြန်မာစစ်အစိုးရက ပြင်ဆင်ဖွဲ့စည်းပေးမည်ကို သဘောတူလက်ခံသော်လည်းတပ်ဖွဲ့ဝင်အင်အားလျှော့ချမည့် ကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်ဟု အဖွဲ့၏အဆင့်မြင့်အရာရှိတဦးက ပြောသည်။၎င်းက "၂၀၁၀ ရွေးကောက်ပွဲပြီးရင် ဒီကေဘီအေကို နိုင်ငံတော်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမှာကို သဘောတူပေမယ့် တပ်ဖွဲ့ဝင်အင်အား လျှော့ချမယ့် ကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဒေသအသီးသီးက ခေါင်းဆောင်တွေနဲ့ ဗဟိုအဆင့်ခေါင်းဆောင်တွေ သဘောထားကွဲနေကြလို့ ဒီလဆန်းကနေ စပြီးတော့ ဌာနချုပ်မှာ အစည်းဝေးထိုင်နေရတယ်" ဟု ပြောသည်။
ဒေသတခုတွင် ရှိသည့် တပ်ရင်းတရင်းကို တပ်ဖွဲ့ဝင် (၃၀၀) သာ ကန့်သတ်ထားကာ တပ်ရင်းမှူးနဲ့ ဒု-ရင်းမှူးမှာ ဒီကေဘီအေက အရာရှိဖြစ်သော်လည်း
ကျန်သည့် အထက်အဆင့်နှင့် အောက်ခြေအဆင့်များကိုတပ်မတော်က အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်သွားမည် ဖြစ်သည့်အတွက်
 အစည်းအဝေးထိုင်ရခြင်းဖြစ်ကြောင်း ဒီကေဘီအေမှ အဆိုပါ အဆင့်မြင့်အရာရှိက ပြောသည်။
ဒီကေဘီအေအနေဖြင့် နိုင်ငံတော်နှင့်ငြိမ်းချမ်းရေးရယူထားသည့် အဖွဲ့အချို့ကဲ့သို့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန် လုံးဝအစီအစဉ်မရှိကြောင်း၊
 နအဖစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် ပြောကြားခဲ့သည့်အတိုင်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည်ကို သဘောတူညီခဲ့သော်လည်း ယခုကဲ့သို့ တပ်အင်အားအဆပေါင်းများစွာ လျှော့ချမည့်ကိစ္စကို ဒီကေဘီအေ ခေါင်းဆောင်အချို့က သဘောမတူကြဟု သိရသည်။
ဒီကေဘီအေဖွဲ့စည်းပုံအရ မြိုင်ကြီးငူဗဟိုဌာနချုပ်အပါအ၀င် လက်အောက်ခံ (၃၃၃၊ ၅၅၅၊ ၉၉၉) စသည့်တပ်မဟာ (၃) ခုရှိပြီး
လက်နက်ကိုင်အင်အား (၃,၀၀၀) ခန့်ရှိသည်ဟု ဒီကေဘီအေ မှတ်တမ်းအရ သိရှိရကာ နအဖသတ်မှတ်ထားသည့်အတိုင်း
တပ်အင်အားလျှော့ချမည်ဆိုပါက တပ်ဖွဲ့ဝင်အင်အား (၉၀၀) ခန့်သာ ကျန်ရှိမည်ဖြစ်သည်ဟု သိရှိရသည်။
ဒီကေဘီအေအဖွဲ့သည် ၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ခဲ့ပြီး
မြန်မာစစ်အစိုးရ၏ ကျောထောက်နောက်ခံဖြင့် ဖွဲ့စည်းခဲ့သည်။
ထိုစဉ်က ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် ဒု-အရာခံ ဗိုလ် စောကျော်သန်းသည် လက်ရှိ ဒီကေဘီအေအဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သည်။

Saturday, March 21, 2009

မုန့်စားရာမှ ခလေး ၂၉ ဦး အစာအဆိပ်သင့်

           ရခိုင်ပြည်နယ် ၊ မင်းပြားမြိုနယ် မွန်ရဲကျေးရွာတွင် ကလေး ၂၉ ဦး အစာအဆိပ်သင့်၍ ပေါက်တောမြို့နယ်ဆေးရုံတွင်
ဆေးကုသမှုခံယူနေရကြောင်းမွန်ရဲကျေးရွာဒေသခံများ၏ ပြောပြချက်အရ သိရသည် ။

           ဆေးကုသမှုခံယူနေရသော ကလေးများမှ အသက် ၃ နှစ် မှ ၁၀ နှစ်ထိပါဝင်ကြောင်း ယခုကဲ့သို့ အစာအဆိပ်သင့်ခြင်း
မှ ဂျုံအစိမ်းဖြင့်ပြုလုပ်ထားသော ဆေးရောင်စုံခြယ်ထားသည့် မုန့်များကို စားသုံးမိခြင်းကြောင့်ဖြစ်ကြောင်း မြို့နယ် ဆရာဝန်က
ပြောကြားခဲ့သည် ။

           အစာအဆိပ်သင့်မှုသည် မတ်လ ၁၄ ရက်တွင် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးရသတင်းများအရ ကလေးများမှာ အသက်အန္တရာယ်
စိုးရိမ်ဖွယ်မရှိကြောင်း အော့အန် ၊ ၀မ်းပျက်ခြင်း နှင့် သတိလစ်မေ့ မြောခြင်းသာ ရှိကြောင်းသတင်း၇ရှိပါသည် ။

           အခုလိုမျိုး မုန့်လာရောင်းတဲ့သူက နယ်တွေကလာတာ အလာနဲပါတယ် ။ ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းရှေ့မှာ
လာေ၇ာင်းတဲ့ ဂျုံစိမ်းကိုနယ်ပြီး ခေါင်းဘီးနဲ့လုပ်တဲ့မုန့်ပါ ဟုဒေသခံတဦးကပြောကြားခဲ့သည် ။       

          ဂျုံစိမ်းဖြင့် လုပ်သော မုန့်ရောင်းချသူအား မင်းပြားမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ယင်းမုန့်အားစားသုံး၍ အစား
အဆိပ်သင့်မှု လဏ္ခာမပြသော ကလေးများအား မြို့နယ်ဆရာဝန်မှ လာရောက်စမ်းသပ်စစ်ဆေးမှုများပြုလုပ်ကြောင်း ဒေသခံ
တဦးမှာ ပြောကြားခဲ့ပါသည် ။

Friday, March 20, 2009

မစုစုနွေး၏ကျန်းမာရေး အခြေအနေ

စစ်အာဏာ ပိုင်များက ထောင်ဒဏ် နှစ်ရှည်ချမှတ် ထားပြီး ဝေးလံသည့် ကလေးမြို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့ ခံထားရသော လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး၏ ကျန်းမာရေး ဆိုးဝါး၍ ကလေးမြို့ဆေးရုံတွင် ဆေးဝါး ကုသမှု ခံယူရကြောင်း သိရသည်။

 

                                သူ့ကျန်းမာရေးက ထောင်ထဲမှာ တော်တော်ဆိုးနေတာ၊ ဘာဖြစ်လို့လည်း ဆိုတော့ သူ့မှာ နှလုံးရောဂါ ဖြစ်နေ တာ၊ ထောင်ထဲမှာ အနေများတာလည်းပါတယ်"ဟု ကလေးမြို့ အကျဉ်းထောင် အသိုင်းအ၀န်းနှင့် နီးစပ်သူ တဦး ကပြောပြသည်။

မစုစုနွေးမှာ မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရသူဖြစ်ပြီး ရှောင်တိမ်းနေရစဉ် ကာလ အတွင်း ခွဲစိတ်ကုသမှု တကြိမ်ပြုလုပ်ခဲ့ရဖူးကြောင်း အစ်မ ဖြစ်သူ မဌေးဌေးကြည်က ပြောသည်။  

"အခုလိုဖြစ်တယ်ဆိုရင်တော့ သူ့ကျန်းမာရေးကို ကျမတို့ စိုးရိမ်တယ်၊ ဒီလမကုန်ခင်သူ့ဆီကို ကျမတို့ သွားတွေ့ မယ်"ဟု မဌေးဌေးကြည်ကဧရာဝတီိသို့ ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက နောက်ဆုံး ထောင်ဝင်စာ သွားတွေ့ခဲ့ပြီးနောက် ယခုလ ၁၅ ရက်နေ့က ထပ်မံ သွားရောက်ရန် စီစဉ်ထားသော်လည်း ငွေကြေး စရိတ်စက အခက်အခဲရှိ၍ မသွားရောက်နိုင်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

မစုစုနွေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) အဖွဲ့ဝင် တဦးဖြစ်ပြီး ၂၀၀၇ ခု စက်တင်ဘာသံဃာ့ အရေးအခင်းနှင့်ပတ်သက်၍ စစ်အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၁၂ နှစ် ခွဲ ချခံထားရသူဖြစ်သည်။ ၎င်းကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ လအတွင်းက ကလေးထောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

Thursday, March 19, 2009

ဗိုလ်သန်းရွှေတို့အတွက် ပေးစာ

အကြောင်းတရားနဲ့ အကျိုးတရား ဆက်စပ်မှုကို သိပ်ရှင်းပြဖို့မလိုပဲ သည်နေ့လူငယ်တွေ သိနေကြပြီဖြစ်
မည်ထင်ပါတယ် ။ အကျိုးတရား အားလုံးဟာ အကြောင်းတရားနဲ့ ကင်းတာမရှိပါဘူး ၊ အကြွေးဆိုတာလည်း အကျိုးတရား အများထဲကတခုဖြစ်ပါတယ် ၊ ယူ ထိုက်ခြင်း ( သို့ ) ဖန်တီးလိုက်ခြင်းက အကြောင်းတရားဖြစ်ပြီး
ပေးဆပ်ဖို့ အကျိုးတရားဖြစ်ပါတယ် ။ တချို့တချို့တွေကတော့ ခပ်တိုတိုပဲ လောကကြီးကို အပေးနဲ့ အယူ နှစ်ခု
တည်းနဲ့တည်ဆောက်ထားတာပါလို့ အဓိပ္ပာယ်ဖွင့်ခဲ့ကြပါတယ် ၊ ယူလိုက်တဲ့ အတွက်တင်လိုက်တာက အကြွေး
ပါ ၊ အကြွေးဆိုတာနဲ့ ပေးဆပ်ရမယ့် သဘောဆောင်ပါတော့တယ် ။

အကြွေးရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးကို တခါတလေစဉ်းစားကြည့်မိဖူးပါတယ် ၊ ပေးဆပ်ရတဲ့ သဘောကိုလဲ
တွေ့ခဲ့ရပါတယ် ။ အချိန်ကာလ ကွာခြားတာပဲရှိပါတယ် ၊ တချိန်ချိန်ပေးဆပ်ဖြစ်အောင် ပေးဆပ်ရတက်ပါတယ် ။
ထူးဆန်းတာက လောကကြီးက ပေးဆပ်ခွင့်ကြုံအောင်လို့ ဖန်တီးပေးထားတက်လို့ပါပဲ ။

အကြွေးတိုင်းမှာ အတိုးပါလေ့ရှိပါတယ် ၊ ကာလကြမှပေးဆပ်ရရင် အတိုးအတွက်က နင့်အောင် ဖြစ်သွားတက်ပါ
တယ် ။ ငွေကြေးသဘောနဲ့ ချေးငှားလို့ တင်ရှိတဲ့ အကြွေးမှာ စောစောဆပ်ဖြစ်ရင် အတိုးနည်းသလို ကာလကြာမှ
ပေးဆပ်ရင် အတိုးများတက်ပါတယ် ၊ ကံ - ကံ၏အကျိုးမှာလည်း သည်သဘောကို သတိထားမိမှပါ ၊ ကံ အကျိုး
ပေးမြန်ရင် အတိုးနည်းသလို ၊ နောက်ကျမှပေးတဲ့ က့မှာ အတိုးများတက်တာ သတိထားကြည့်ရင်တွေ့နိုင်မှပါ ။
ခြုံငုံပြီး အကျိုးပေးလို့ သုံးနှုန်းပေမယ့် အဲဒီ အကျိုးပေးမှာ ကောင်းတာရော ၊ မကောင်းတာပါ ပါဝင်တက်ပါတယ် ။

အကြွေးကို ယူသူဖက်ကပေးဆပ်ရတက်သလို ၊ ပြောင်းပြန်စဉ်းစားရင် ပေးသူဖက်ကလည်း ပြန်ရတက်ပါတယ် ။
ယူသူဖက်က အတိုးပေးရသလို ပေးသူဖက်ကလည်း အတိုးရပါတယ် ၊ ကောင်းမှုရော ၊ မကောင်းမှုပါ အကျုံးဝင်
တာပါ ။ ငွေကြေးချေးငှားသူတွေမှာ အတိုးရော အရင်းပါ ပေးဆပ်ကြရတာဟာ သဘာဝတခုပါပဲ ၊ တချို့စိတ်သ
ဘောထားမမှန်ပဲ ဥပဒေကို လက်တလုံးခြားလုပ်ပြီး မပေးဆပ်ပဲနေရင်တောင် တနည်းနည်းနဲ့ ယူထားတာထက်
ပိုတဲ့ တန်ဖိုးကို ပြန်လည်းပြီးတော့ ပေးဆပ်ကြရပါတယ် ။

ဗုဒ္ဓဘာသာမှာ တူသောအကျိုး ဆိုတာ ထင်ရှားစွာရှိပြီး ဗုဒ္ဓဘာသာဝင်တိုင်း မမှိတ်မသုန်ယုံကြည်ရတဲ့ ယဲုကြည်
ချက်တခုပါပဲ ။ ရှေးက မျက်လုံးတလုံးဆုံးရှုံးရင် မျက်လုံးတလုံး ၊ သွားတချောင်းဆုံးရှုံးရင် သွားတချောင်း ဆိုတာ
လက်စားချေခြင်း ၊ အဓိပ္ပာယ်ဆောင်ပေမယ့် လောကနိယမအရ ကြည့်ရင် အကြောင်းတစုံတရာနဲ့ တူသော
အကျိုးပြန်ခံစားတက်တယ်ဆိုတာ နားလည်သဘောပေါက်သင့်ပါတယ် ။

ဗုဒ္ဓရဲ့ လက်ဝဲယံဖြစ်တဲ့ ရဟန္တာကြီး ရှင်မောဂ္ဂလန်တောင်မှ ခိုးသားငါးရာ လက်ကမရှောင်နိုင်ပဲ အသက်ကြွေးဆပ်
ခဲ့ရသေးရင် ဘာမဟုတ်တဲ့ ဗိုလ်သန်းရွှေတို့လို လူတွေဆို ဆံချည်တမျှင်မျှ အကြွေးက လွတ်နိုင်မှာ မဟုတ်တာ
အသေအချာပါပဲ ၊ ၀ဋ်ဆိုတာ တစ်ပတ်လည်ပြီး အကျိုးပေးတက်တဲ့ အရာပါ ၀ဋ်မှာအမြဲဆိုတာကြောင့် ရှောင်လို့
လည်းမရသလို ၊ တူသောအကျိုးဆိုတာကြောင့် ကိုယ်လုပ်ခဲ့သမျှ ထပ်တူပြန်ပြီး ခံစားရမှာပါပဲ ၊ တူဖြစ်တုန်းက
အချက်များများထုခဲ့ ရင်တော့ ကိုယ့်အလှည့်နွဲ့လို့မရတော့ပါဘူး ၊ အဲဒီတော့ အကြွေးဆိုတာ ကြောက်စရာပါပဲ ။

ဘာမှာမဟုတ်တဲ့ ငွေကြေး ဆိုတဲ့ အကြွေးရှိရင်တောင်မှာ ပူပင်သင့်တာတွေ ပူပင်နေရသေးရင် ဘ၀မှာ သိသိနဲ့
လုပ်ခဲ့တဲ့ အကြွေးတွေ ၊ မသိပဲလုပ်ခဲ့တဲ့ အကြွေးတွေကို ဘယ်အချိန်မှာ ဘယ်သူကဘယ်လိုပုံစံနဲ့ လာတောင်း
မလဲဆိုတာ ပူရတာက ပိုပြီးရင်မော ပိုပြီးပူလောင် ရပါတယ် ။ ဗိုလ်သန်းရွှေတို့လိုစားမျိုးတွေ အတွက်ကတော့
အတိုးပေါင်းများစွာနဲ့ ပေးဆပ်ရမဲ့ အကြွေးပေါင်းများစွာ ရှိနေတယ်ဆိုတာ ဧကန်မုချပါပဲ ။

အဲဒီတော့ ကိုယ်ကယူထားတဲ့ အကြွေးကို ကိုယ်က ပေးတဲ့ အကြွေးနဲ့ ချိန်ခွင်လျှာညှိယူ ရအောင် အကြွေးယူတာ
မနက်ဖို့ ( တနည်း အတိုးမများဖို့ ) လိုတယ်လို့ပဲ ထင်မိပါတယ် ။

အနာဂတ်နိုင်ငံတော်နှင့် လူမှုပဋိညာဉ်အသစ်

           အင်တာနက်ခေတ်တွင် အုပ်ချုပ်သူနှင့် လူထုအကြား ဆက်ဆံရေးကို ပုံဖော်ကြည့်ကြည့်ပါ ၊ တခုနှင့်တခု

ဆက်စပ်နေသော အခြင်းအရာနှစ်ခုရှိကြသည်ဟုဆိုလာသည်။

 

ပထမအခြင်းအရာမှာ ထုတ်လုပ်သူနှင့် စားသုံးသူအကြားဆက်ဆံရေးမျိုး ၊ ဒုတိယအမျိုးအစားမှာ အစုရှယ်ယာ ၀င်များ၏ဆက်ဆံရေးမျိုးတို့ဖြစ်ကြသည် ။

 

ထုတ်လုပ်သူနှင့် စားသုံးသူဆက်ဆံရေးတွင် ထုတ်လုပ်သူ၏တာဝန်မှာ စားသုံးသူ၏လိုအင်ဆန္ဒကို အစွမ်းကုန်ဖြည့်ဆည်းပေးဖို့ဖြစ်သည် ၊ စားသုံးသူ၏တာဝန်မှာ ထုတ်လုပ်သူကို ထိုက်တန်သည့် ၀န်ဆောင်ခပေးဖို့

ဖြစ်ပါသည် ။ ဤဆက်ဆံရေး၏ အဓိကရည်ရွယ်ချက်မှာ ထုတ်လုပ်သူအကျိုးစီးပွားမဟုတ် စားသုံးသူ၏အကျိုး

စီးပွားဖြစ်သည် ။

 

အစုရှယ်ယာဝင်များ၏ ဆက်ဆံရေးတွင် တူညီသော ဘုံအကျိုးစီးပွားအတွက် ပူးပေါင်းလုပ်ဆောင်ကြသည့်

ဆက်ဆံရေးမျိုးဖြစ်သည် ။

ဤဆက်ဆံရေးနှစ်ရပ်မှာ တသီးတသန့်စီတည်ရှိနေကြသည်မဟုတ် အပြန်အလှန်အကျိုးပြု ဆက်စပ်နေရမည်ဟု

ဆိုပါသည် ၊ ဤသည်ပင် အင်တာနက်ခေတ်၏ လူမှုပဋိညာဉ်သစ်ဖြစ်သည် ။ ဤအခြေခံပေါ်မှနေ၍ ဒစ်ဂျစ်တယ်

ခေတ်အုပ်ချုပ်ရေးဏ္ဍာကို မှန်းဆကြည့်ကြပါစို့ ။

 

စက်မှုတော်လှန်ရေး နောက်ပိုင်း ၊ ခေတ်သစ်တိုင်းပြည်တိုင်း၏ လူမှုသရုပ်ကို ဖော်ပြရာတွင် အခြေခံအားဖြင့်

နိုင်ငံတော် ၊ ဈေးကွက်နှင့် အရပ်ဘက် လူ့အဖွဲ့စည်းဆိုသော ဒေါက်ကြီးသုံးခုရှိသည် ။ စက်မူခေတ်လူ့အဖွဲ့စည်း

တွင် အဆိုပါဒေါက်ကြီးသုံးခုမှာ တပြေးညီအင်အားရှိကြသည်မဟုတ် နိုင်ငံတော်ဆိုသော ပထမဒေါက်ကြီးက

ကျန်နှစ်ခုကို လွှမ်းမိုးချုပ်ကိုင်ထားသည် ၊ သို့ဖြင့် တိုင်းပြည်နှင့်နိုင်ငံတော်ဆိုသည်မှာ ခေါင်းနှင့်ပန်းလိုဖြစ်လာခဲ့

သည် ။

 

အင်တာနက်နည်းပညာက အဆိုပါဒေါက်ကြီးများကို ကွန်ယက်ဖြန့် ဆက်စပ်ပစ်လိုက်သည်ဟု သုံးသပ်ကြသည် ၊

ဤတွင်တခုခုက ချုပ်ကိုင်ထားသည့် ပင်မဒေါက်တိုင် အနေအထားမျိုး မရှိတော့ ၊ အပြန်အလှန်အမှီသဟဲပြုကြပြီး

အချင်းချင်းဆက်စပ်အလုပ်လုပ်ရသော ယန္တရားသစ် ဖြစ်လာသည် ။ ဈေးကွက်မှာ ကမ္ဘာလုံးအနှံပြန့်သွားရာ နိုင်ငံ

တနိုင်ငံချင်း၏ ထိန်းနိုင်သိမ်းနိုင်သော အတိုင်းအတာထက် ကျော်သွားသည် ။ အရပ်ဘက် လူ့အဖွဲ့စည်းဝင် နိုင်ငံ

သားမှားမှာလည်း ယခင်ကလို အစေစားခံ စားသုံးသူ များမဟုတ်တော့ ၊ ကိုယ်တိုင်ဖန်တီးနိုင်သောလုပ်ဖော်

ကိုင်ဖက်များ ဖြစ်လာသည် ။ နိုင်ငံတော်၏ အလုပ်ခွင်မှာလည်း ပထ၀ီဝင်ဒေသတခု ယဉ်ကျေးမှုတခုတည်းတွင်

ကန့်သတ်ထား၍မရတော့ ကမ္ဘာ ၊ ဒေသနှင့် တိုင်းပြည်ဆိုသော မျက်နှာစာသုံးရပ်မှ အပြိုင်ချဉ်းကပ်ဖို့လိုလာသည်

ယဉ်ကျေးမှုပေါင်းစုံ အခင်းအကျင်းတွင် ထိန်းညှိဆောင်ရွက်တက်ဖို့လိုသည် ။

 

ဤအနေထားသစ်တွင် ကျကျနန ၀င်ကစားဖို့ဆိုလျှင ဖွဲ့စည်းပုံမှာ ယခင်ကလို တင်းကျပ်သည့် ထက်အောက် ပုံသဏ္ဍာန်မျိုးနှင့် မဖြစ်တော့ ဇာတ်ဆောင်သစ်များ ပါဝင်ခြေစွမ်းပြနိုင်ရန် ကွင်းကျယ်ကျယ်

ဖွင့်ဖို့လိုလာပြီ ။ ပါဝါကို အသုံးပြုမှုတွင်လည်း အပြောင်းအလဲများလိုလာပြီဖြစ်သည် ။ အုပ်ချုပ်ရေး သဘောထက်

ထိန်းညှိရေးသဘောက အဓိကဖြစ်လာသည် ၊ စီမံအုပ်ချုပ်ရေးသဘောထက် အပေးအယူ ညှိုနှိုင်းရသည့် သဘော

ဆောင်လာပေပြီ ။ အင်တာနက်ခေတ်၏ အစစ်အမှန်အချိန်ကို ကြည့်ပြီး စပိခေတ် ဟုလည်းခေါ်ကြသည် ၊ အချိန်

သည် ငွေ ဖြစ်သလို စပိသည် အခွင့်အလမ်း ဖြစ်လာသည် ၊ ဤခေတ်တွင် အကောင်ကြီး အထနှေးများ အလုပ်

ဖြစ်မည်မဟုတ်တော့ ၊ အသွက်အမြန် ဖြစ်ဖို့လိုလာသည် ။

            ယခင်ကတော့ နိုင်ငံရေးဆိုသည်မှာ အတွင်းစည်းလှုပ်ရှားမှုများနှင့် ဆက်စပ်နေတက်သည် ၊ အဖွဲ့စည်း

တုတ်နှောင်မှုများ ကာရံထားရမြဲဖြစ်ရာ ပြင်ပမှ မြင်ဖို့မလွယ် လျှို့ဝှက်သည်းဖို ဇာတ်လမ်းလိုဖြစ်နေတက်သည် ၊

ဖန်လိုမှန်လို ထိုးဖောက်မြင်နိုင်မှု ( Transparency ) ဖြစ်လာသင့်သည် ။

 

Transparency ၏လိုအပ်ချက်များကို ဆက်လက်စဉ်းစားကြရာ ပညာသည်ပါဝါ ဆိုသည်ကို ရှေ့တင်လာကြပါ

သည် ။ လက်နက်အင်အား စီးပွားရေးအင်အားကဲ့သို့သော ပါဝါအမာများနှင့် အလုပ်မဖြစ်တော့ ၊ ပါဝါအပျော့များ

ခေတ်သို့ ရောက်လာကြပြီဟုဆိုလာကြပါသည် ၊ ပါဝါအပျော့များကို ဆန်းစစ်ကြည့်ပြန်ရာ အသိပညာ အဆင့်ကို

ကျော်လွန်ပြီး ဥာဏ်ပညာ အဆင့်ထိရောက်လာကြသည် ။

 

ဤသည်တို့မှာ အနာဂတ်နိုင်ငံတော်၏ လိုအပ်နေသော လူမှုပဋိညာဉ်သစ်၏ အခြေခံတရားများ သာဖြစ်ပါသည် ။

 

Ref : 1 : The rise of virtaal state by Richard Roseerance

Ref : 2 : ဆရာကျော်ဝင်း၏  ပင့်ကူအိမ် လူ့အဖွဲ့အစည်း

Saturday, March 14, 2009

Transformational Leadership



ကျွန်တော်ဖတ်ဖူးခဲ့တဲ့ ခေါင်းဆောင်မှု အမျိုးမျိုးတွေရဲ့ အကြောင်းလေးတွေကို ပြန်လည်ပြီး ဝေမျှလိုက်တာပါ..
တချို့တွေက ကျွန်တော်ရဲ့ ညံဖျဉ်းမှုတွေကြောင့် အကြောင်းအရာ တချို့ မပြည့်စုံခဲ့ရင် သည်းခံပြီးတော့ ဖတ်ရှုပေးကြပါဗျို့..။

Transformational Leader တွေရဲ့အဓိကဏ္ဍာက အနာဂတ်၏အမြင်ကိုဖန်တီး ၊ ဖော်ထုတ်ပြီး သူတပါးကို ယုံကြည်စေနိုင်တာပါ ၊ Transformational Leader ကို အသွင်သစ်ခေါင်းဆောင်မှုလို့လည်း ခေါ်ဆိုကြပါတယ် ။

အသွင်သစ်ခေါင်းဆောင်မှုလို့ခေါ်ဆိုရခြင်းက အခြားခေါင်းဆောင်မှုတွေနဲ့မတူ ခေါင်းဆောင်ရဲ့အမူအကျင့် လက္ခဏာ ၊ ဦးဆောင်သူများနဲ့ဆက်နွယ်မှု စသည့် ပုဂ္ဂလိက အရည်အချင်းတွေထက် ခေါင်းဆောင်ဖြစ်သူ
ဘာတွေလုပ်ခဲ့သလဲ ဘာတွေဆောင်ရွက်နိုင်ခဲ့သလဲဆိုတဲ့ လုပ်ရည်ကိုင်ရည်အပေါ် အကဲဖြတ်ဆုံးဖြတ်ပေးခြင်း
ပဲဖြစ်လို့ပါ ။
သူတို့ဟာ အနာဂတ်အမြင်ကိုဖန်တီးယူတယ် ၊ လူထုကိုလည်းလှုံ့ဆော်နိုင်စွမ်းရှိကြတယ် ၊ သူတို့ရဲ့
အနာဂတ်အမြင်နဲ့ နောက်လိုက်လူထု ၊ လူမှုအဖွဲ့စည်းတွေကို ပြုပြင်ပြောင်းလဲစေသူများလည်းဖြစ်ကြပါတယ် ။
တခြားခေါင်းဆောင်တွေနဲ့မတူတက နောက်လိုက်တွေကို ပုံစံပြောင်းပစ်လိုက်တာပါ ၊ ပြောင်းလဲမှုတွေကို အမြဲ
တမ်းစိန်ခေါ်နေတဲ့ ယခုခေတ်ကြီးမှာ နောက်လိုက်တွေကို စေခိုင်းရုံနဲ့မလုံလောက်တော့ပါဘူး ယှဉ်ပြိုင်နိုင်
စွမ်းအားကောင်းအောင် တခါတရံမှာ ပုံစံပြောင်းပစ်ရပါတယ် အရှေ့တောင်အာရှမှာ ထင်ရှားတဲ့ အသွင်ပြောင်း
ခေါင်းဆောင်ကတော့ စင်ကာပူနိုင်ငံရဲ့ လီကွမ်ယုပါ ၊ အမေရိကန်ရဲ့ နိုင်ငံရေးနှင့် စီးပွားရေးဟာလည်း
Transformative ဖြစ်တာ သတိထားမိကြမှာပါ ။
Transformational Leadership မှာပုံမှန်အခြေအနေ ၊ ပိုနေမြဲ ကျားနေမြဲကို ဆန့်ကျင်ဖောက်ထွက်ပြီး သမားရိုးကျ လမ်းစဉ်ကို ပြုပြင်ပြောင်းလဲမှု လုပ်တဲ့ ခေါင်းဆောင်မှုလို့လည်း ပြောလို့ရပါသေးတယ် ။

အသွင်သစ်ခေါင်းဆောင်မှု (Transformational Leadership ) မှာပါဝင်တဲ့ အချက်သုံးချက်ကို လေ့လာကြည့်
ရင်တွေ့မှာပါ ။

( ၁ ) အများရဲ့တန်ဖိုး ၊ ရည်ရွယ်ချက်ကို တန်ဖိုးထားပါတယ် ၊ ပြဿနာနဲ့ ရှိမြဲပုံစံကို ပြုပြင်ပြောင်းလဲပါတယ် ၊
အားသန်တဲ့ အနာဂတ်အမြင်ကိုပိုင်ဆိုင်ပြီး အဖွဲ့စည်းအနေထား အနာဂတ်အတွက် ဘယ်လိုဖြစ်သင့်တယ်
ဆိုတာ သိထားပါတယ် ၊ အမြင်သစ်နဲ့အတူ အဖွဲ့စည်းနဲ့ ခေါင်းဆောင်မှုကြား ဆက်နွယ်မှုဟာ တန်ဖိုးတခု
ဖြစ်ပါတယ် ။
( ၂ ) ပြုပြင်ပြောင်းလဲမှုဟာ ခေါင်းဆောင်မှုအမြင်နဲ့ နောက်လိုက်တွေရဲ့ တန်ဖိုးကြားမှာ လိုက်လျောညီထွေ
ဖြစ်စေပါတယ် ။
( ၃ ) စိတ်ဓာတ်ပြင်းထန်မှုကို ပြုစုပျိုးထောင်ပေးတယ် ၊ ခေါင်းဆောင်မှု အနာဂတ်အမြင်က အများရဲ့ နောက်ဆုံး
တန်ဖိုးကိုဖြစ်စေပါတယ် ၊ အဲဒီနောက်ဆုံးတန်ဖိုးက စံပြဖြစ်စေပြီး လူမှုအဖွဲ့စည်းရဲ့ ရှင်သန်မှု ၊ တရားမျှတမှု
လွတ်လပ်မှု ၊ ညီမျှမှုတွေကို ဖြစ်ပေါ်စေပါတယ် ။

Friday, March 13, 2009

မဟာဗျုဟာမြောက် ခေါင်းဆောင်မှု



Strategic Leadership

ခေါင်းဆောင်တွေမှာ ကွဲပြားခြားနာတဲ့ ခေါင်းဆောင်မှုပုံစံတွေကို ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ နှစ်ကာလ အပိုင်းခြား အလိုက် တွေ့ဆုံကြုံတွေ့ခဲ့ပါပြီ ။

အခု ဒီတခါက Strategic Leadership ဆိုတဲ့ မဟာဗျုဟာမြောက် ခေါင်းဆောင်မှု အကြောင်းကို
ကျွန်တော် ဖတ်ဖူးသမျှကို ပြန်လည်ဝေမျှလိုက်တာပါ ။

သက်ရှိလူသားတွေဟာ မွေးပြီးသေကြသလို ဘယ်လုပ်ငန်းမဆို အတက်အကျဆိုတဲ့ Life – cycle
ရှိကြပါတယ် ၊ Maturity stage ဆိုတဲ့ အမြင့်ဆုံးကိုရောက်ပြီးရင် ပြန်ကျတက်တာ ထုံးစံပါ ၊ အပြောင်း
အလဲရဲ့ သဘောပါပဲ ။ အဲဒီ Change ဆိုတဲ့ အပြောင်းအလဲကို သိထားတဲ့ ခေါင်းဆောင်တွေက
Declining stage ဆိုတဲ့ အကျဖက်ကို မရောက်ခင် အဲဒီအပြောင်းအလဲကို ပြုပြင်ယူ ၊ အစားထိုးမှုတွေ
နဲ့ဆက်လက် ရပ်တည်ကြပါတယ် ။

သည်ကနေ့ အရှေ့တောင်အာရှရဲ့ အတိုးတက်အအောင်မြင်ဆုံးဆိုတဲ့ စင်ကာပူကို လေ့လာကြည့်ရင်
ပထမမျိုးဆက်ဖြစ်တဲ့ လီကွမ်ယူနဲ့ သူ့အပေါင်းဖော် ၀န်ကြီးတွေက စင်ကာပူကို ပထမဖြစ်အောင် လုပ်
ပြခဲ့ပြီးပါပြီ ( ကျွန်တော်တို့ နိုင်ငံရဲ့ ခေါင်းဆောင်တွေနဲ့တော့ ကွာတာပေါ့ဗျာ ) ။
စင်ကာပူဟာ သဘာဝသယံဇာတ မရှိတဲ့ နိုင်ငံသေးသေးလေးပါ ကမ္ဘာ့စီးပွားရေး လှိုင်းလုံးကြီးတွေ
အောက်မှာ သာမန် ဦးဆောင်မှုနဲ့ ရပ်တည်ရှင်သန်လို့မရပါဘူး စင်ကာပူဟာဒီကနေ့ စွမ်းအင်သစ်နဲ့
ချီတက်နေပါပြီ ၊ ဒါဟာ ပထမမျိုးဆက်ဖြစ်တဲ့ လီကွမ်ယူနဲ့ သူ့အပေါင်းဖော်ဝန်ကြီးများရဲ့ မဟာဗျုယာ
မြောက်ခေါင်းဆောင်မှု ( Strategic leadership ) ရဲ့ ရလဒ်ပဲဖြစ်ပါတယ် ( ဒီစာရေးနေတဲ့ အချိန်မှာတော့ စင်ကာပူဟာ ကမ္ဘာ့စီးပွားရေးကပ်ကြီးထဲမှာ အတော့ကို အထိနာနေပါပြီ )

Strategic leadership မဟာဗျုဟာခေါင်းဆောင်မှုကို Transtormational leadership အသွင်ပြောင်း
ခေါင်းဆောင်မှုလို့လည်း ခေါ်ဝေါ်မူတွေရှိပါတယ် တကယ်တော့ တူသယောင်နီးပါးရှိပေမယ့် မဟာဗျုဟာမြောက်ခေါင်းဆောင်မှုတွေမှာ ကွာခြားတာတွေက မဟာဗျုဟာ ( Strategy ) ကိုပိုပြီး
အလေးပေး သွားတာပဲဖြစ်ပါတယ် ၊ ဒါကြောင့် သူတို့ရဲ့ သွင်ပြင်လက္ခဏဟာ ပိုပြီး ရှုပ်ထွေးနက်နဲတယ်
သူတို့က Pattern အလိုက်စဉ်းစားတယ် ထိရောက်တဲ့ စီမံခန့်ခွဲမှုကိုဆောင်ရွှက်နိုင်တယ် ၊ ဘာတွေးတွေး ၊ ဘာလုပ်လုပ် မဟာဗျုဟာ သဘောတွေ သက်ဝင်နေပါတယ် ။

ဒါဟာ မဟာဗျုဟာမြောက်ခေါင်းဆောင်မှုရဲ့ အသွင်အပြင်တွေပါပဲ ။

Ref ( 1 ) The Competitive Advantage of Nations by Michael E . Porter
Ref ( 2 ) Leader, Leadership and Global Visions by Sayar Nay Zin Latt

Thursday, March 12, 2009

ပွင့်လင်းမြင်သာမူ

Transparency

ယနေ့ခေတ် အဖွဲ့စည်းကြီးများ၏ အကြပ်တည်းကို အဓိက ဖန်တီးလိုက်သည်မှာ ယနေ့ခေတ်တည်ရှိနေသော
အဖွဲ့စည်းကြီးများ၏ ပတ်ဝန်းကျင်ကိုယ်တိုင်ပင် ဖြစ်သည်ဟု ကောက်ချက်ချရပေတော့မည် ။

အဖွဲ့စည်းများ၏ ထိပ်ဆုံးတွင်အမြင့်ဆုံး အာဏာပိုင်အဖြစ် Leader များရှိကြသည် ။ သူတို့၏ ( Performance )
လုပ်ရည်ကိုင်ရည်ကို စောင့်ကြည့်ရန်အတွက် မရိမ်းတပ်ဖွဲ့ကဲ့သို့ တာဝန်ယူထားသော အုပ်စု ( Groups ) များ
ရှိကြသည် ။

ဤအစုအဖွဲ့နှစ်ခု လက်ဝါးခြင်းရိုက်လိုက်သောအခါ ပြင်ပမှ မမြင်နိုင်သည့် အသံလုံခန်းမကြီးဖြစ်လာတော့သည် ။
နောက်တဆင့် မီဒီယာ လောကဆိုသော တတိယအစုနှင့် ချိတ်ဆက်မိလိုက်သောအခါ အသံလုံခန်းမတ၀ိုက်တွင်
ဘုန်းတော်ဘွဲ့နှင့် နှစ်လိုဖွယ်ကောင်းသော တေးသံများဖြင့်သာ ထုံမွှမ်းနေတော့သည် ၊ နောက်ဆုံး အီလစ်အုပ်စု
နှင့်ချိတ်ဆက်မိသည့်အခါတွင်တော့ စေတလုံးပိုင်အနေထားဖြစ်လာတော့သည် ။ ပြင်ပလူထုများအား သူတို့မြင်စေချင်သလောက် ၊ ကြားစေချင်သလောက်သာ အခွင့်ပေးပြီး တကယ်အဖြစ်အပျက်ကို မမှန်းဆနိုင်
အောင် လူထုမှ ဖြစ်လာရတော့သည် ။

ဤကဲ့သို့ အဖွဲ့စည်းကြီးများ၏ အမူအကျင့်ဟောင်း ( Cultural ) များကို မပြိုနိုင်သရွေ့ ၊ ယဉ်ကျေးမူအသစ်တွက်
နေရာမရှိနိုင်တော့ဟု ထောက်ပြလာကြတော့သည် ။ ထိုပြဿနာ၏ အဓိကအချက်မှာ အဖွဲ့စည်းများ၏ အလုံပိတ်
အခန်းများက ပကတိအခြေအနေကို မြင်ခွင့်ရရေး ( Transparency ) ပင်ဖြစ်လာတော့သည် ။

ဤသို့ဆိုလျှင် ပွင့်လင်းမြင်သာမူ ( Transparency ) ကိုမည်သို့တည်ဆောက်ကြမည်နည်းဟုသည့် မေးခွန်းများ
ကပေါ်ပေါက်လာခဲ့ကြပြန်သည် ။
တချို့ကလည်း ထက်အောက်ဖွဲ့စည်းပုံ ( Hierarchy ) ကိုအပြီးပိုင် စွန့်ပစ်ပြီး ၊ အပြန်အလှန်စစ်ဆေး ထိမ်းညှိနိုင်
သည့် ကွန်ရက်ဖွဲ့စည်းပုံ ( Network ) ကိုအစပြုဖို့ အကြံပြုကြသည် ။
အချို့ကလည်း ဖွဲ့စည်းပုံ အပြောင်းအလဲ လုပ်ရုံမျှနှင့် ဆေးမတိုးနိုင်ဟုမြင်ကြသလို ပေါ်လစီကို အသေမထားဖို့
ဆိုသူများကလည်း ဆိုလာကြပြန်သည် ။

Ref : 1 : The ideal corporation by John A Byrme
Ref : 2 : Brain storming by Sayar Kyaw Win

Saturday, March 7, 2009

အသိပညာ မန်နေဂျာ ( သို့မဟုတ် ) Knowledge Manager

မန်နေဂျာ အသစ်နှင့် အဟောင်း

Manager ပညာတက်အများစုက မန်နေဂျာဟု အသံဖွက်ဖလှယ်ကြသော်လည်း အလုပ်သမားအသိုင်းအ၀ိုင်းက
မာန်နေကျ ဟု ခပ်ထေ့ထေ့ ခေါ်ကြသည်ကို အမှတ်ယမိပြန်သည် ။ ဤအခေါ်အဝေါ်တွင် ခံစားမှုများပါဝင်ပါသည်
သူတို့အား ကြီးကြပ်ရသော မန်နေဂျာ အများစုမှာ ဘာတခုမျှ ဟုတ်ဟုတ်ညားညား လုပ်တက် ကိုင်တက်သူများ
မဟုတ် ၊ မာန်ရုံ မဲရုံ ၊ အော်ရုံ ဟစ်ရုံသာ လုပ်တက်ကြသည် ။ တကယ်တော့ သူ့အလုပ်ကလည်း မာန်လို့ မမဲလို့
မဖြစ် အလုပ်သမားထုကို ကြီးကြပ်ဖို့ အလုပ်ရှင်က ခန့်ထားသော လုပ်ငန်းခွင်တွင် အလုပ်ရျင်၏ ကိုယ်စားလှယ်ပါ
သည်တော့လည်း သူ့ဘ၀မှာ သူ့ဆန်စားရဲမှ ဆိုသလို ဖြစ်နေတော့သည် ။ ဤသည်ပင် စက်မှုခေတ်ကြီးနှင့် အတူ
နိဂုံးချပ်တော့မည့် မန်နေဂျာ အဟောင်း၏ အခန်းကဏ္ဍာဖြစ်လာတော့သည် ။

ယခုခေတ် စက်ရုံ အလုပ်ရုံများ ၊ ကုမ္ပဏီများမှာ ပညာခေတ်နှင့် လိုက်လျောညီထွေဖြစ်မည့် ဖွဲ့စည်းပုံမျိုး
သို့ ဦးတည်လှည့်ပြောင်းနိုင်ရန် လုံးပမ်းနေကြရသည် ။ အလွဲ မရှောင်သာ ဘတ်ဂျက်လျော့ပေါ့ဖြတ်တောက်ရေး
အားလုပ်လာကြရာ အစဉ်အလာ ထက်အောက်ဖွဲ့စည်းပုံထဲက ကုန်ထုတ်သတ္တိအနည်းဆုံး အပိုင်းများကို ရှာဖွေ
ဖယ်ရှားလာကြရတော့သည် ။ ဤတွင်ထုတ်လုပ်ရေး အတွက်ဘာမှ အထောက်အကူမပြုနိုင်သည့် မန်နေဂျာ
( Do – Nothing Managar ) များမှာ နေရာပျောက်ဖို့ဖြစ်လာရပါတော့သည် ။ သူတို့၏အနာဂတ်မှာ မိမိကိုယ်ကို
လှည့်ပြောင်းနိုင်စွမ်း ရှိမရှိအပေါ် မူတည်လာသည် ၊ အနေအထားသစ်များက တောင်းဆိုနေသော လိုအပ်ချက်
အရ မန်နေဂျာ၏ အခန်းကဏ္ဍာသစ်မှာ ပညာနှင့် ဆက်စပ်ယှဉ်ပါးဖို့လိုလာပါတော့သည် ။

မန်နေဂျာ အသစ်၏ အခန်းကို Player / Coach ဟုသော ဝေါ်ဟာရ နှစ်လုံးနှင့် ယှဉ်တွဲပြီး အဓိပ္ပယ်
ဖွင့်လာကြသည် ၊ ယခင်ကလို အလုပ်ရှင်နှင့် အလုပ်သမားကြား ရပ်တည်နေရသော အလုပ်ရှင်၏ ကိုယ်စားလှယ်
သက်သက်မျှမဟုတ် အလုပ်သမားများနှင့် အတူကစားကွက်ဖော်ရသော ကစားသမားတဦးဖြစ်လာသလို တာဝန်
ရှိသူများနှင့် အတူ ပေါ်လစီချမှတ်ရေးအတွက်ပါ ပါဝင်လှုပ်ရှားရသည့် နည်းပြတဦးဖြစ်လာသည် ။ ဤအနေထားသစ်သို့ ရောက်လာရန် မြည်တွန်တောက်တီး အော်ဟစ်ငေါက်ငန်းနေရုံမျှဖြင့် အလုပ်မဖြစ်တော့ပါ
မန်နေဂျာ ကိုယ်တိုင်ပညာ ( Knowledge ) နှင့်ကျွမ်းဝင်သော အသိပညာလုပ်သား ( Knowledge Worker ) ဖြစ်ဖို့လိုလာပါတော့သည် ။ သိုဖြင့် မန်နေဂျာဆိုသော သမာရိုးကျ ဝေါဟာရရှေ့တွင် အသိပညာဆိုသော နာမ၀ိသေသန ဖြည့်ဖို့ဖြစ်လာရတော့သည် ။ အသိပညာ မန်နေဂျာ ( Knowledge Manager ) ဟုဆိုကြပါစို့ ။

စိန်ခေါ်ချက်များ

မန်နေဂျာအသစ် ( သို့ ) Knowledge manager များအနေဖြင့်ဤတာဝန်များကိုကျေပွန်စွာ ထမ်းဆောင်နိုင်ပါမှ
ဆက်လက်ရှင်သန်နိုင်ရမည်ဟု ဆန်းစစ်လာကြပြန်သည် ။

( ၁ ) လုပ်ငန်းခွင်ကို အပေါ်စီးမှ ကြီးကြပ်ရန်မဟုတ် ကိုယ်တိုင်ပါဝင်ဦးဆောင်နိုင်ရမည် ။
( ၂ ) ထက်အောက်ဖွဲ့စည်းပုံအတိုင်း လုပ်ရန်မဟုတ် ၊ ကွန်ယက်စနစ်အတွင်းလငပ်ရှား၇န်ဖြစ်သည် ။
( ၃ ) အမိန့်ပေးစနစ်ဖြင့် မောင်းနှင်ရန်မဟုတ် ၊ လုပ်ဖော်ကိုင်ဖက်စိတ်ဓာတ်ဖြင့် အကူအညီပေးရန်ဖြင့်သည် ။
( ၄ ) အလုပ်ကျွမ်းကျင်မှုကို ဖော်ပြရန်မဟုတ် ၊ အလုပ်နှင့်ပညာပေါင်းစပ်ရန်ဖြစ်သည် ။
( ၅ ) စည်းမျဉ်း စည်းကမ်းဖြင့်ထုတ်နှောင်ရန်မဟုတ် ၊ တီထွင်ဖန်တီးမှု အတွက်လမ်းဖွင့်ပေးဂမည် ။
( ၆ ) အလုပ်ထုတ် ၊ အလုပ်ဖြုတ် ကိစ္စများကို တာဝန်ယူရမည်မဟုတ် ပြန်လည်လေ့ကျင့်ရေးနှင့် စဉ်ဆက်မပြတ်
သင်ကြားရေးကိုတာဝန်ယူရမည် ။
( ၇ ) မြင်သာသော လုပ်ငန်းဆောင်ရွက်မှုကို တန်ဖိုးဖြတ်၇န်မဟုတ် ၊ မမြင်သာသော လုပ်ငန်းပိုင်းဆိုင်ရာကို
အလေးထားဖို့ဖြစ်သည် ။

ဤတာဝန်များပင် Knowledge Manager တိုင်းရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်ချက်များဖြင့်လာပါတော့သည် ။

Ref ( 1 ) Knowledge Work and future of management by Thomas H.Davenport
Ref ( 2 ) Brain Storming by Sayar Kyaw Win

Friday, March 6, 2009

ယုံကြည်မှုနဲ့သိက္ခာ

Without credibitlity you can"t lead
Australia နိုင်ငံ Challenge Bank က Brain Carroll ကယုံကြည်မူ ၊ သိက္ခာဆိုတဲ့ Credibitlity နဲ့ပတ်သက်ပြီး
ပြောသွားတဲ့စကားပါ ။

လူတွေမှာ ယုံကြည်မှုဟာ အလွန်အရေးကြီးပါတယ် ဘာပဲဂတိပေးခဲ့ ပေးခဲ့ အဲဒီဂတိတည်အောင် လုပ်ပေးနိုင်မှ
ယုံကြည်မှုကိုရမှာပါ ။ စာရွက်တွေပေါ်မှာ ဘယ်လောက် လက်မှတ်ထိုးထိုး နောက်ဆုံး ယုံကြည်မှုနဲ့ပဲ အဆုံးအဖြတ်ပေးပါတယ် ။

ယုံကြည်မူ သိက္ခာတွေရဲ့ အရေးပါမူဟာ Leadership ဆိုတဲ့ ခေါင်းဆောင်မှုမှာမှမဟုတ်ပါဘူး တစ်ဦးနဲ့တစ်ဦး
ဆက်ဆံရမှာလည်း အလွန်အရေးကြီးပါတယ် ။ ထက်အောက် အုပ်ချုပ်မှုဆင့်ကဲရှိတဲ့ ဖွဲ့စည်းမှုတွေမှာလည်း
အရေးကြီးပါတယ် ။ အဲဒီအရည်အချင်းဟာ တစ်ရက် ၊ တစ်မနက်နဲ့ လုပ်ယူလို့ရတဲ့ အရာမဟုတ်သလို ပျက်စီး
သွားမှ ပြန်တည်ဆောက်ရင်လည်း ရချင်မှရနိုင်တော့တဲ့ အရာလည်းဖြစ်ပါတယ် ။

Credibility is the foundation of Leadership လို့တောင်ပြောကြပါသေးတယ် ။ လူမျိုးတွေရဲ့ သဘာဝ အရှေ့
အနောက် ၊ ပြီးတော့အဖွဲ့အစည်းတွေရဲ့ အလုပ်သဘောအရ အမှုအကျင့်တွေအပေါ် ခံစားမှု ၊ ယုံကြည်မှုတွေမတူ
နိုင်ကြပါဘူး ဥပမာ အရှေ့နိုင်ငံသားတွေက Loyality ကိုဦးစားပေးကြပြီး အနောက်နိုင်ငံတွေကတော့ အလေး
သိပ်မထားတာကိုကြည့်ရင် တွေ့ရပါတယ် ။

တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရာခိုင်နှုန်း အနည်းအများ အနည်းငယ်စီသာ ကွာပေမယ့် Honesty ဆိုတဲ့ ရိုးသားမှုကို နိုင်ငံတိုင်းက အလေးထားတာကိုတော့တွေ့နိုင်မှာ ဖြစ်ပါတယ် ။ ရိုးသားခြင်းဟာ Credibility ရဲ့ အခြေခံအကြောင်းတရား မို့ပါ။

တစ်ရက်တစ်မနက် စဉ်းစားသူတွေအတွက် Credibility ဆိုတဲ့ အရာဟာ အရေးမကြီးတက်ပေမယ့် ဘ၀နဲ့ချီပြီး
စဉ်းစားကြသူတွေ ၊ သမိုင်းအက္ခရာတင်လိုသူတွေ ၊ ဘ၀နဲ့ရင်းပြီး တိုးတက်မှုကို ရှာကြံကြသူတွေမှာ Credibilty
ဆိုတဲ့ ယုံကြည်မှုသိက္ခာပိုင်းက အသက်တမျှအရေးကြီးပါတယ် ၊ အဲဒီအရည်အချင်းကိုလည်း ကိုယ်ကထုတ်ပြပြီး
ရယူနိုင်တာမဟုတ်ပါဘူး လုပ်ပြပြီးမှသာ ရယူနိုင်တာပါ ။ ရိုးသားမှုနဲ့ ရည်ရွယ်ချက်မှန်ကန်မှုက အခြေခံအုတ်မြစ်
ဖြစ်ပါတယ် ။

ယုံကြည်မှုနဲ့ သိက္ခာဆိုတဲ့ အရည်အချင်းအတွက် အပေါ်ထပ်အဆောက်အဦက Responsibility ဆိုတဲ့ တာဝန်ယူ
တက်မှုပါ ။ ဆိုရှယ်လစ်ခေတ်က ကျန်ခဲ့တဲ့ အငွေ့အသက်တခုဖြစ်တဲ့ ဆက်လက်တင်ပြအပ်ပ်ါသည် ဆိုတဲ့ ဘော်လီဘော်ပုတ်ဖြစ်စဉ်တွေက ဒီနေ့အထိ အဖွဲ့အစည်းတွေမှာ ကျန်နေပါသေးတယ် ။ တာဝန်ယူမှုက လုပ်ငန်း
လုပ်နေစဉ်အတွင်းမှ ရှိရတဲ့ အရည်အချင်းတစ်ခုပါ ။

လုပ်ငန်းတွေပြီးမြောက်သွားတဲ့အခါမှာ Accountabilty ဆိုတဲ့ တာဝန်ခံမှုအပိုင်းရှိလာပါသေးတယ် ။ အရင်ခေတ်တုန်းက တရားခံရှာထားတက်တဲ့ အလေ့အကျင့်ကို ခ၀ါချရတော့မဲ့အချိန်ဖြစ်ပါတယ် စုပေါင်းတာဝန်ယူသလို စုပေါင်းတာဝန်ခံတက်ာကတာဟာ ဒီနေ့ခေတ်သစ်ရဲ့ Organizational Behavior
ဖြစ်ပါတယ် ။ အဲဒီတာဝန်ယူမှု တာဝန်ခံမှုတွေရဲ့ ပမာဏာအလိုက် ခေါင်းဆောင်တွေရဲ့ အရွယ်အစား အဆင့်တွေ
ကွာသွားကြတာပါပဲ ။

အဲဒီလို အရည်အချင်းတွေ စုပေါင်းထားတဲ့ ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာဆိုတာ တခုကောင်းနဲ့တည်ဆောက်ပြီး ရနိုင်တာမျိုး မဟုတ်ပါဘူး ။ သာမန်မိသားစုငယ်လေးအတွင်းမှာတောင် ဂုဏ်သိက္ခာ ယုံကြည်မှုကို အလေးထား
ကြတဲ့အချိန်မှာ ကြီးလေးတဲ့ တာဝန်ယူထားကြတဲ့ ခေါင်းဆောင်တွေမှာ ပိုပြီး ပြောင်မြောက်တဲ့ ထင်ရှားတဲ့
Credibility တွေ ရှိနေ၇မှာ အမှန်ဖြစ်ပါတယ် ။ ။

Wednesday, March 4, 2009

၂၀၁၀ မတ်လတွင် ရွှေးကောာ်ပွဲလုပ်ရန် စစ်အာဏာရှင်တို့လျာထား

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ခုနှစ် မတ်လတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် စစ်အစိုးရက လျာထားကြောင်း နေပြည်တော် သတင်းရပ်ကွက်များ အပြောအရ သိရသည်။

နိုင်ငံရေးပါတီများ ဖွဲ့စည်းခွင့်ကို သတ်မှတ်ပေးမည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် အချိန်ဇယားကို စစ်အစိုးရက အများသိအောင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း လာမည့်နှစ် မတ်လအတွင်း ရွေးကောက်ပွဲ လုပ်သွားရန် ထိပ်တန်း စစ်ခေါင်းဆောင်များက စီစဉ်ထားသည်ဟု ဆိုသည်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း ၂၀၁၀ ခုနှစ် ပထမလေးလပတ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်ဖွယ် ရှိသည်ဟု ပြောသည်။

သူက ”ကျနော် နားလည်သလောက် ၂၀၁၀ ပထမ လေးလပတ်ထဲမှာ ရွေးကောက်ပွဲ လုပ်လိမ့်မယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လာမယ့် လေးလပတ် အစည်းအဝေးမှာ ဆွေးနွေးကြဖို့ ရှိတယ်” ဟု ပြောသည်။

မြန်မာ စစ်ခေါင်းဆောင်များသည် လေးလပတ် အစည်းအဝေးလုပ်ရန် စိုင်းပြင်းနေပြီး၊ ယခုလ ၆ ရက်နေ့မတိုင်မီ တိုင်းမှူးများ နေပြည်တော်သို့ ရောက်ကြောင်း သတင်းပို့ရန် မှာကြားထားသည်ဟု သတင်းရပ်ကွက်များက ဆိုသည်။

ဆွေးနွေးပွဲတွင်း ပုံမှန်ဆွေးနွေးနေကျ ကိစ္စရပ်များအပြင် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲဥပဒေ၊ စစ်တပ်ရာထူး အပြောင်းအလဲများနှင့် ငြိမ်းအဖွဲ့များနှင့် ဆက်ဆံရေးတို့လည်း ပါဝင်ဖွယ်ရှိသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

စစ်ဘက်ခေါင်းဆောင်များအတွင်း ရွေးကောက်ပွဲ ဥပဒေကို အလျင်အမြန် ကြေညာလိုသူနှင့် ဆိုင်းငံ့ထားလိုသူ ဆိုပြီး နှစ်ပိုင်းကွဲနေကာ လာမည့် ဆွေးနွေးပွဲတွင် နှစ်ဖက်အမြင်ကို ဖလှယ်ပြီးနောက် ဧပြီလ ပထမ သီတင်းပတ် မတိုင်မီ ကြေညာဖွယ် ရှိသည်ဟုလည်း သူက ဆိုသည်။

ဒုတိယ အကြောင်းအရာက မည်သူ့ကို ၀န်ကြီးဌာနများတွင် ခန့်အပ်ပြီး၊ မည်သူ့ကို အငြိမ်းစားပေးကာ ရွေးကောက်ပွဲတွင် ၀င်ပြိုင်ခိုင်းမည်ဟူသော အချက်များဖြစ်သည်။

တတိယ အချက်မှာမူ အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား မည်ကဲ့သို့ ကိုင်တွယ်သွားမည်ဟူသည့် အချက်ဖြစ်သည်။

”သေချာတာကတော့ စစ်အုပ်စုက အပစ်အခတ်ရပ် သဘောတူညီချက် ပျက်သွားမှာစိုးတော့ ငြိမ်းအဖွဲ့တွေကို ဖိအားမပေးရဲဘူး” ဟု ဦးအောင်ကျော်ဇော်က ပြောသည်။

သို့သော်လည်း မီဒီယာမှတဆင့် လှည့်စားကာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းအောင်လည်း လုပ်နိုင်ခြေရှိသည်ဟု သူက ဆက်ပြောသည်။

ဦးအောင်ကျော်ဇောက ”သူတို့ စီမံကိန်း ချထားပေမယ့်လည်း အချိန်ဇယားကို ပြောင်းပြီး မီဒီယာတွေကို လှည့်စားတာမျိုးလည်း လုပ်တတ်တယ်” ဟု ပြောသည်။

ကိုးကား ။ ။(မဇ္ဈိမ) သတင်း