Wednesday, February 25, 2009

ဖန်တီးရှင်

လူဟာ
လိုတာကိုသိတော့ လိုတာကို
မလိုတာကို မသိတော့ မလိုတာကို
အမှုန်အမွားကနေ ဦးနှောက်နဲ့ မဆန့်တဲ့အထိ
ကျောက်တုံးကနေ ဒုံးခွင်းဒုံးအထိ
ခြေလောကကနေ လကမ္ဘာအထိ
အ၀တ်မဖုံးရာမှ အ၀တ်မုန်းဖက်ရှင်အထိ
သမ္မာကျမ်းကနေ ကမ္ဘာကြီးပြားတဲ့အထိ
အရိုင်းဘုံကနေ ပင်လယ်ကွေ့စစ်အထိ
ကိုယ့်လက်နဲ့ ကိုယ့်လည်ပင်း
အကြိမ်ကြိမ် ပက်ပင်းတိုးတဲ့အထိဖန်တီး
ကမ္ဘာကြီးမှာ
မြန်ချင်တာတွေမြန်ပြီး
နှေးချင်တာတွေလွတ်နှေး
အသေလို မရွှေ့တာမရွှေ့
မျောက်ခေတ် ကျောက်ခေတ်လို
အားကြီးသူကအားကြီးတုန်း
အနိုင်ကျင့်သူက အနိုင်ကျင့်တုန်း
မစင်မကြယ်ကို နတ်သုဒ္ဒါလို
ထင်နေသူက ထင်နေတတုန်း
သိပ္ပံတောင် တုံးတော့မယ်
လူက လူဖြစ်တယ်ဆိုရုံလေး
ကမ္ဘာကြီးကို မဖတ်တက်သေး
ကမ္ဘာကြီးကို အဌားကားတစီးလို
ကမ္ဘာကြီးကို အပန်းဖြေစခန်းတခုလို
ကမ္ဘာကြီးကို နောကိဖေးမြောင်းတခုလို
တကယ်တော့ လူသားဟာ
ဆေတန်ရဲ့ နောက်လိုက်မဟုတ်ဘူး ။ ။

ဇော်ယုအောင်

No comments:

Post a Comment