Thursday, February 19, 2009

ရိုဟင်ဂျာ ပြဿနာအကြောင်း တစေ့ တစောင်း

ဘလောဂ့်စာမျက်နှာတွေမှာ ရာသီစာလိုဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာကို ကျွန်တော် နားလည်
သလောက် ပါဝင်ဆွေးနွေးချင်ပါတယ်…။

ကျွန်တော်ရဲ့ မေးလ်ထဲကိုလည်း ၂ ရက်ကို တစ်စောင်နှုံးနဲ့ ၀င်လာတဲ့ ရိုဟငိဂျာအကြောင်း
ဖော်ပြအသိပေးထားတဲ့ ဆောင်းပါးတွေ ပလူပျံနေအောင်ဝင်တာလည်း တစ်ကြောင်းပေါ့ဗျာ။

အမှန်တစ်ကယ်တော့ ဒီပြဿနာဟာ နှစ်နိုင်ငံ အစိုးရရဲ့ သဘောထားများတင်းမာလွန်းလို့
ဖြစ်နေကြရတာပါပဲ ။ ရိုဟင်ဂျာဟာ နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေထဲက
လူမျိုးစု တစ်စုပါ.။

ပြည်ထောင်စုမြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံ ၊ လာအိုနိုင်ငံ ၊ တရုတ်နိုင်ငံ ၊ အိန္ဒိယနိုင်ငံ ၊
ဘင်္ဂလားဒေရှ်နိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတခုပါ ၊ ဒါကြောင့် နယ်နမိတ်ခြင်း
ထိစပ်နေတဲ့ နယ်မြေဒေသတွေမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေရဲ့ ပြဿနာဟာ အနဲနဲ့အများဆို
သလို ရှိတက်ကြပါတယ် ။

မြန်မာနိုင်ငံရဲ့ လူမျိုးစုများဖြစ်ကြတဲ့ ရှမ်း ၊ ကယန်း ၊ မွန် ၊ ကရင် ၊ ပဒေါင် စတဲ့ လူမျိုးစု
တိုင်းရင်းသားများကို ထိုင်းနိုင်ငံဟာ လည်းကောင်းတို့ရဲ့ မျိုးနွယ်စုများအဖြင့် လက်ခံကြ
သလိုမျိုး တရုတ်နိုင်ငံကလည်းပဲ ကချင် ၊ ရှမ်း ၊ အခါ ၊ လားဟူ ၊ လီရှော်တိုင်းရင်းသားများကို မျိုးနွယ်စုများအဖြင့်လက်ခံကြတယ်။

အိန္ဒိယနိုင်ငံကလည်းပဲ ချင်း ၊ နာဂ ၊ လူမျိုးစုများကို သီးခြားပြည်နယ်သားများအဖြင့် လက်ခံ
ကြပါတယ် ၊ ဒါဟာ နယ်နမိတ်ခြင်းထိစပ်နေတဲ့ နိုင်ငံများရဲ့ အစိုးရများ၏ ပျော့ပျောင်းတဲ့
သဘောထားအမြင်တွေကြောင့်ပါ ။

ရိုဟင်ဂျာရဲ့ မူလဇစ်မြစ်ဟာ တောင်အာရှနိုင်ငံတခုက အိန္ဒိယနွယ်ဖွား အစ္စလမ်မစ်ဘာသာ
ဝင်တွေပါ ၊ ဒါပေမယ့်လည်းပဲ မြန်မာနိုင်ငံအတွင်းကို ရှေးဦးခေတ်တွေကတည်းက တိုင်းတပါး
စစ်တပ်များအဖြင့်လည်းကောင်း ၊ ကုန်သည်များအဖြင့်လည်းကောင်း ၊ သာသနာပြုများအဖြင့်
လည်းကောင်း ၀င်ရောက်နေထိုင်ခဲ့ကြတာဟာ နှစ်ပေါင်း ရာချီနေခဲ့ကြပါတယ် ။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ တချို့တွေက ယာယီဧည့်နိုင်ငံသားလက်မှတ်
နိုင်ငံသားသတ်သေခံလက်မှတ်များကို ဥပဒေနှင့်အညီ ခံယူခွင့် ရှိကြတဲ့လူများလည်းဖြစ်ခဲ့
ကြပါတယ်..။
သို့သောလည်း အိန္ဒိယနွယ်ဖွား ဘာသာခြားများက နိုင်ငံတော်ရဲ့ မူလရင်းမြစ်ပေါက်ဖွားလာတဲ့
တိုင်းရင်းသားစစ်တွေတော့ မဟုတ်ကြပါဘူး ။
ဒါကြောင့် ရိုဟင်ဂျာဆိုတိုင်း မြန်မာနိုင်ငံသားများဖြစ်တယ်လို့ မပြောနိုင်သလို ၊ မဟုတ်ဘူးလို့
လည်း ငြင်းလို့မရပါဘူး ။


ဒီ့ထက်ပိုပြီး အရေးကြီးတာက ကျွန်တော်တို့ ဒီမိုကရေစီ ဘတ်တော်သားတွေရဲ့ ဦးတည်ရမယ့်
ရည်မှန်းချက်ပန်းတိုင် ( Goal ) ကို လမ်းမချော်အောင် ရိုဟင်ဂျာပြဿနာကိုရှေ့တန်းမတင်ကြ
ဖို့လိုပါတယ်..
ဒါကတော့ ကျွန်တော်ရဲ့ ရိုဟင်ဂျာနဲ့ မြန်မာနိုင်ငံတော်ရဲ့ ပြဿနာ တစိတ်တပိုင်းအပေါ် ပုဂ္ဂလိက အမြင်ပါပဲ..

အမြင်မတူခဲ့ရင်လည်း ယဉ်ကျေးသိမ်မွေ့စွာဖြင့် ၀င်ရောက်မှတ်ချက် ပေးဆွေးနွေး
နိုင်ပါတယ် ခင်ဗျား………။

1 comment:

  1. ရိုဟင်ဂျာဆိုတိုင်း မြန်မာနိုင်ငံသားများဖြစ်တယ်လို့ မပြောနိုင်သလို ၊ မဟုတ်ဘူးလို့
    လည်း ငြင်းလို့မရပါဘူး ။
    ....
    ထောက်ခံပါတယ်..
    အတေါးအခေါ် လေးတွေ နှစ်သက်မိပါကြောင်း..

    ReplyDelete